ပုဂံသို့ အလည်သွားမည်ဆိုလျှင် ရွှေစည်းခုံဘုရား၏ လူသိနည်းသောသမိုင်းကို သိထားသင့်သည်
ညောင်ဦး မဏိစည်သူဈေးမှ အနောက်သို့ ၄ဖာလုံခန့် ဆင်းသွားလျှင် ရွှေစည်းခုံစေတီတော်ကြီးကို ရွှေတောင်ကြီး ပုံထားသကဲ့သို့ ဖူးမြှော်နိုင်သည်။ ရွှေစည်းခုံစေတီတော်ကြီး၏ သမိုင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ပုဂံပြည် အနော်ထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမဝိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။ ပထမ ဝိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ […]