ဆယ်လီနာ၏ ဘဝအကြောင်း

January 11, 2023 Kevin Aung 0

Unicode ဆယ်လီနာ မာရီလ် ဂိုမက စပိန်အသံထွက်: (ဇူလိုင် ၂၂ ၁၉၉၂ ခုနှစ် မွေးဖွား) သည် အမေရိကန် သရုပ်ဆောင် ၊ တေးရေး တေးဆို တစ်ယောက်ဖြစ်သည်။ ငယ်စဉ် ကလေးဘဝကတွင် ကလေး  ဘာနေးလ် နှင့် သူငယ်ချင်း ရုပ်မြင်သံကြား စီးရီး တွင် […]

လူမသိသေးတဲ့ ဂျက်ကီချန်း၏ စိတ်ဝင်စားစရာ အချက်၁၀ချက်နှင့် သူ့ရဲ့အောင်မြင်ရေးဒဿန

March 26, 2022 taiyan 0

(၁)ဦးခေါင်းခွံထဲမှ Plastic Plug ဂျက်ကီချန်းသည် Armour of God ရိုက်ကူးနေစဉ် မတော်တဆမှုတစ်ခုကြောင့် ၎င်း၏ဦးခေါင်းခွံတွင် ထာဝရပလပ်စတစ်ပလပ် တပ်ထားရပါတယ်။ (၂)ခရစ်ဒစ်အများဆုံး ရုပ်ရှင်တစ်ကား ဂျက်ကီချန်းသည် ၂၀၁၂ခုနှစ်တွင် Chinese Zodiac ဇာတ်ကားအတွက် ကမ္ဘာ့ဂင်းနစ်စံချိန် နှစ်ခုရရှိခဲ့သည်။ တစ်ခုက “Most Stunts Performed […]

အိန်ဂျလီနာ ဂျိုးလီ(ဆင်းဆင်းရဲရဲ စိတ်ဝေဒနာခံစားခဲ့ရသူ၊ အောင်မြင်တဲ့ အနုပညာရှင်အကြောင်း)

March 23, 2022 taiyan 0

အိန်ဂျလီနာ ဂျိုးလီရဲ့ အမည်းရင်းက အိန်ဂျလီနာ ဂျိုးလီဗွိုက်တ် (Angelina Jolie Voight) ဖြစ်ပါတယ်။ သူမကို ၁၉၇၅ ဇွန်လ ၄ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူမ ၁နှစ်သမီးအရွယ်မှာ ဖခင်ဖြစ်သူမင်းသားကြီး ဂျွန်ဗွိုက်တ် အိမ်ထောင်ရေး ဖောက်ပြန်ပြီး ခံစားခွင့်တွေကို မပေးခဲ့ပါဘူး။ ဒါကြောင့် အိန်ဂျလီနာ ဂျိုးလီဟာ […]

စကားလုံးများရဲ့ စွမ်းအားနဲ့ ထိုစွမ်းအားကို အသုံးချပြီး ကမ္ဘာကျော်ခဲ့သော အမျိုးသမီး

March 7, 2022 taiyan 0

ထိုအမျိုးသမီးကတော့ ကမ္ဘာ့ဒုတိယရောင်းအားအကောင်းဆုံးဖြစ်တဲ့ “မင်းဘဝကိုမင်း ကုစားနိုင်တယ်”(You can heal your life) စာအုပ်ကို ရေးသားခဲ့တဲ့ ဆရာမကြီး လူဝီစ်ဟေး(louise l.Hay)ပဲ ဖြစ်ပါတယ်။ သူမဟာ ဒီစာအုပ်ထဲမှာ စိတ်ဓာတ်ဖွံ့ဖြိုးရေးနှင့် စကားလုံးများနဲ့ ရောဂါကုသနည်းတွေကို တမူးထူးခြားစွာ ရေးသားထားပါတယ်။ ဆရာမကြီးဟာ စကားလုံးတွေနဲ့ မိမိကိုယ်ကို ကုစားရာမှာ […]

စိတ်ဓာတ်ကျခြင်းကို အမြန်ကုနည်း

February 20, 2022 taiyan 0

မိမိကိုယ်ကို ယုံကြည်မှု (Self Confidence)ကို တည်ဆောက်ခြင်းဖြင့် စိတ်ဓာတ်ကျခြင်းကို ကုစားနိုင်ပါတယ်။ (၁) မိမိ၏ ဘဝတစ်လျှောက် အောင်မြင်မှုများကို ပြန်လည်အာရုံပြု ခံစားခြင်း ကလေးဘဝမှ ယခုချိန်ထိ ရခဲ့တဲ့အောင်မြင်မှုတွေကို စာရွက်ပေါ်မှာ ချရေးပြီး၊ ဒီအောင်မြင်မှုတွေကို ယခုဖြစ်နေသလိုမျိုး ခံစားကြည့်ပါ။ အားပေးချီးကျူးသံတွေ၊ လက်ခုပ်သံတွေကို ခုဖြစ်နေသလိုမျိုးကို ခံစားကြည့်ရပါမယ်။ […]

အောက်ပိုင်းသေနေတဲ့ စွမ်းအားရှင်

February 7, 2022 taiyan 0

စီးပွားပျက်နေသော အမေရိကန်ကို ပြိုင်ဘက်ကင်းနိုင်ငံအဖြစ်သို့ ပြောင်းလဲပေးခဲ့သူကတော့ အောက်ပိုင်းသေနေတဲ့ သမ္မတကြီး ဖရင်ကလန်ဒီ ရုစဘဲ့ (FDR) ပဲဖြစ်ပါတယ်။ ယနေ့အထိ အုပ်ချုပ်ခဲ့ပြီးသမျှအမေရိကန် သမ္မတ ပေါင်း ၄၄ ဦးထဲမှာ ဘယ်သူမှ သက်တမ်း(၈)နှစ် ထက်ပိုပြီး မအုပ် ချုပ်ခဲ့ကြရပါဘူး။ ရုစဘဲ့ တစ်ဦး တည်းသာ အခြေအနေရဲ့ လိုအပ် ချက်အရ တိုင်းပြည်ကို (၁၂)နှစ်ကြာ သေတဲ့အထိ အုပ်ချုပ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ သူဌေးသားတစ်ဦးဖြစ်တဲ့ ရုစဘဲ့ဟာ ငယ်စဉ်တုန်းက ပြီးပြည့်စုံတဲ့ဘဝမှာ နေခဲ့ရတာပါ။ အသက် ၂၈ နှစ်မှာတော့တစ်ချိန်မှာ နိုင်ငံ့အကြီးအကဲအထိ ဖြစ်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ယုံကြည်ချက်နဲ့ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် မကြာမီမှာပဲ ဆီးနိတ်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ အသက် (၃၁)နှစ်မှာတော့ ရေတပ်လက်ထောက် အကြီး အကဲအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ဒီအခါမှာလည်း ဥပဒေဘွဲ့ရအရပ်သားတစ်ဦးဖြစ်တဲ့ ရုစဘဲ့ဟာ ရေတပ်ပညာနဲ့ ပတ်သက်ပြီး စာအုပ် ပေါင်း သောင်းဂဏန်းထိ လေ့လာခဲ့ပြီးရေတပ်ဗိုလ်ချုပ်ကြီးတွေနဲ့ ရင်ပေါင် တန်းနိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။ သူအရမ်းအားသန်တဲ့ စစ်ဆင်ရေး ကိစ္စတွေမှာ ပါဝင်ခွင့်မရခဲ့ပေမယ့် ရေတပ်မတော်ကြီး ခေတ်မီတိုးတက်ရေးမှာတော့ သူ့ရဲ့Boss Danielထက်တောင် ပိုပြီးထက်သန်ခဲ့ပါတယ်။ ဒါကလည်း ရုစဘဲ့ဟာ ပထမကမ္ဘာစစ်ကြီးထဲမှာ မလွဲမသွေ ဝင်ပါရတော့မယ့် အမေရိကန်ရဲ့ အခြေအနေကိုကြိုတင်တွက်ချက်နိုင်ခဲ့လို့ပါပဲ။ ဒါကြော ဥပဒေအကန့် အသတ်တွေ ကြားထဲက လွှတ်တော်မှာ ဘတ်ဂျက်ရအောင်စည်းရုံး စွမ်းဆောင်ပြီးတော့ သူ့ရဲ့ စီမံခန့် ခွဲမှုနဲ့ Logistic ကျွမ်းကျင်မှုတွေ နဲ့ ရေတပ်မတော်ကို တိုးချဲ့နိုင်ခဲ့ပါတယ်။ သူ့ ရဲ့ အမြော်အမြင်ရှိရှိ ဆောင်ရွက်နိုင်ခဲ့မှုတို့ကြောင့် ၁၉၁၇ ခုနှစ်မှာ အမေရိကန်ဟာ ခိုင်မာတောင့်တင်းတဲ့ရေတပ်မတော်နဲ့ အတူ ပထမမ္ဘာစစ်ထဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။ အသက် (၃၉) နှစ်မှာ ရုစဘဲ့ရဲ့ တည်ငြိမ် ငြိမ်းချမ်းတဲ့ဘဝကို ကြမ္မာ မုန်တိုင်းကြီး ဝင်ရောက်ဖျက်ဆီးပါတော့တယ်။ သူ့ကြွက်သားတွေဟာ တဖြည်း ဖြည်း အားနည်းလာပြီး အောက်ပိုင်း လုံးဝသေတဲ့ ဒုက္ခိတဘဝ ရောက်ရပါတော့တယ်။ အများသူတကာဆိုရင် တော့ လှုပ်ရှားမှုတွေကို ဖြတ်၊ တက်ကြွ တဲ့ဘဝကို ဒီမှာတင်ရပ်ကာ သူနာပြုတွေ က တွဲ၊ အိပ်ရာထဲမှာပဲ လဲနေခဲ့မှာပါ။ ရုစဘဲ့အတွက်တော့ ကံကြမ္မာဆိုးတွေ ဟာ သူ့ရဲ့ယုံကြည်ချက်ကို အလဲမထိုး နိုင်ခဲ့ပါဘူး။ ခန္ဓာကိုယ်တစ်ဝက် ပြိုပျက်သွားပေမယ့် ငါ တစ်ရက် သမ္မတ ကြီးဖြစ်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒကတော့ဖြင့် ပျက်ပြားမသွားဘဲ ခိုင်မြဲနေ ဆဲပါ။ ဒီလိုနဲ့ ကြွက်သားတွေ သေသွားပေမယ့် ဘယ်တော့မှ မသေနိုင်တဲ့ စိတ်စွမ်းရည်တွေနဲ့ အသက်  မှာ သူ့ရဲ့ ဒုတိယဘဝကို ပြန်စခဲ့ပါတယ်။ အသက် (၃၉) နှစ်မှာ ရုစဘဲ့ရဲ့ တည်ငြိမ် ငြိမ်းချမ်းတဲ့ဘဝကို ကြမ္မာ မုန်တိုင်းကြီး ဝင်ရောက်ဖျက်ဆီးပါတော့တယ်။ သူ့ကြွက်သားတွေဟာ တဖြည်း ဖြည်း အားနည်းလာပြီး အောက်ပိုင်း လုံးဝသေတဲ့ ဒုက္ခိတဘဝ ရောက်ရပါတော့တယ်။ အများသူတကာဆိုရင် တော့ လှုပ်ရှားမှုတွေကို ဖြတ်၊ တက်ကြွ တဲ့ဘဝကို ဒီမှာတင်ရပ်ကာ သူနာပြုတွေ က တွဲ၊ အိပ်ရာထဲမှာပဲ လဲနေခဲ့မှာပါ။ ရုစဘဲ့အတွက်တော့ ကံကြမ္မာဆိုးတွေ ဟာ သူ့ရဲ့ယုံကြည်ချက်ကို အလဲမထိုး နိုင်ခဲ့ပါဘူး။ ခန္ဓာကိုယ်တစ်ဝက် ပြိုပျက်သွားပေမယ့် ငါ တစ်ရက် သမ္မတ ကြီးဖြစ်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒကတော့ဖြင့် ပျက်ပြားမသွားဘဲ ခိုင်မြဲနေ ဆဲပါ။ ဒီလိုနဲ့ ကြွက်သားတွေ သေသွားပေမယ့် ဘယ်တော့မှ မသေနိုင်တဲ့ စိတ်စွမ်းရည်တွေနဲ့ အသက်  မှာ သူ့ရဲ့ ဒုတိယဘဝကို ပြန်စခဲ့ပါတယ်။ သူ့ရဲ့ ပထမ ရက်၁ဝဝအတွင်းမှာပဲ ‘New Deal’ လို့ နာမည်ကြီးခဲ့တဲ့ စီမံချက်ကို ချမှတ်ပြီး စီးပွားပျက်ကပ်ကိုပြန်လည် ချေဖျက်ခဲ့ပါတယ်။ သူ့ရဲ့ ဆန်းသစ် ထူးခြားလှတဲ့ အလုပ်လက်မဲ့ တိုက်ဖျက်ရေး ဗျူဟာတွေဟာဆင်းရဲသားတွေ အလျင် အမြန် အကျိုးခံစားရတဲ့ Quick Win တွေ ဖြစ်ခဲ့ပါတယ်။ ဘဏ်တွေကို စနစ်တကျပြန်လည် စိစစ်ရုံမျှမက သူ့ရဲ့ သမိုင်းဝင်မိန့် ခွန်းတွေကြောင့် လူထုဟာ ဘဏ်တွေကို ပြန်လည်ယုံကြည်လာ ခဲ့ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လယ်ယာကဏ္ဍ ခေတ်မီတိုးတက် ရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး ဒီရည်မှန်းချက် ၃ ရပ်ကို ဗျူဟာချိတ်ဆက် ၃ strategy mapနဲ့ နိုင်ငံ့စီးပွားတက်အောင် လုပ်နိုင်ခဲ့တဲ့ ရုစဘဲ့ဟာ ပြိုင်ဖက် တွေကိုအပြတ်ဖြတ်ကာ သမ္မတဒုတိယသက်တမ်းကို ဆက်လှမ်းနိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာတဲ့ အခါမှာတော့ ဝှီးချဲနဲ့ ဘဝကို ဖြတ်သန်း နေရတဲ့ရုစဘဲ့ဟာ မဟာမိတ်တပ်ပေါင်းစုတစ်ခုလုံးရဲ့ ပဲ့ကိုင်ရှင်တစ်ဦး ဖြစ် လာခဲ့ရပါတယ်။ ကမ္ဘာစစ်ကြီး စချိန်မှာတော့ အမေရိကန် နိုင်ငံရေးသမား ကြီးတွေဟာ စစ်ပွဲကိုလက်ရှောင်ပြီး ကြားနေဖို့ အားသန်ခဲ့ကြတာပါ။ တစ် နေ့နေ့မှာ မလွဲမရှောင်သာစစ်ပွဲထဲဝင်ရမယ်ဆိုတာကြိုမြင်ခဲ့တဲ့ ရုစဘဲ့ကတော့ ဥပဒေအကန့်အသတ်တွေကြားထဲကပဲကြိုတင်အစီအမံချမှတ်ဆောင်ရွက်ခဲ့ရပါတယ်။ ဂျာမန်နဲ့ ဂျပန်တို့ ရဲ့ အကွက်ကို ကြိုတွက်ထားတဲ့ ရိုစဘဲ့ဟာ ဂျာမန်ကို အာခံဖို့ အင်္ဂလန်ကို ပံ့ပိုးခဲ့သလို ဂျပန်တပ်ကို ထိန်းကွပ်ဖို့ အတွက် တရုတ် တို့နဲ့ ဗျူဟာမြောက် ဆက်ဆံရေးကို ထူထောင်ထားခဲ့ပြီး အကူအညီတွေ ပေးခဲ့ပါတယ်။ အမေရိကန် ကမ္ဘာစစ်ကြီးထဲ ဝင်လာရတဲ့အခါမှာလည်း အင်္ဂလန် နန်းရင်းဝန် ချာချီနဲ့ ပူးတွဲပြီး အောင်နိုင်ရေးဗျူဟာတွေ ရေးဆွဲခဲ့ရပါတယ်။ (တစ်ခါမှာတော့ အန္တရာယ်များလို ချာချီက တားတဲ့ကြားကပဲ အင်္ဂလန်ရေလက်ကြားကို ဖြတ်ပြီး ဂျာမန်ကို အလစ်အငိုက်တိုက်ကာ ပြင်သစ်ကို ကယ်မဲ့ဗျူဟာကို ဦးဆောင်ခဲ့ပါသေးတယ်)။ ဆိုဗီယက် (ယခုရုရှား)သမ္မတ စတာလင်အပါအဝင်ကြီး ၃ ကြီးဖွဲ့စည်းခဲ့ရာမှာလည်း ခက်ထန်တဲ့ ကွန်မြူနစ်ကြီးစတာလင်နဲ့ စာအုပ်ကြီးသမား ချာချီတို့ကြားမှာ အမြဲညှိနှိုင်းပြီး ဦးဆောင်မှုပေးခဲ့ရပါတယ်။ […]