ဆယ်လီနာ၏ ဘဝအကြောင်း

Unicode

ဆယ်လီနာ မာရီလ် ဂိုမက စပိန်အသံထွက်: (ဇူလိုင် ၂၂ ၁၉၉၂ ခုနှစ် မွေးဖွား) သည် အမေရိကန် သရုပ်ဆောင် ၊ တေးရေး တေးဆို တစ်ယောက်ဖြစ်သည်။ ငယ်စဉ် ကလေးဘဝကတွင် ကလေး  ဘာနေးလ် နှင့် သူငယ်ချင်း ရုပ်မြင်သံကြား စီးရီး တွင် ပါဝင်ခဲ့သည်။ သူမသည် အဓိက သရုပ်ဆောင် အဖြစ် Disney channel series Wizards of Waverly Place (2007–12) ပါဝင်ခဲ့ပြီးနောက် နာမည် ကြီးလာခဲ့သည်။ အောင်မြင်မူများကြောင့် သူမသည် ရုပ်ရှင်များ၊ ရုပ်မြင်သံကြား နှင့် တေးဂီတဆိုင်ရာ တွေ့ဆုံပွဲများတွင် ပါဝင်ခဲ့သည်။၂၀၀၈ ခုနှစ်တွင် သူမသည် Hollywood Records နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး မကြာမီ Selena Gomez & the Scene တီးဝိုင်းကို ထူထောင်ခဲ့သည်။ ဆယ်လီနာ ဂိုမက် ကို ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဂရန်း ပရိုင်ရီမြို့၌ ရီကာဒို ဂျိုဝယ် ဂိုမက် (Ricado Joel Gomez) နှင့် အမန်ဒါ ဒေါင်း ကွန်းနက် (Amanda Dawn Cornett) တို့မှ ဖွားမြင်သည်။ အမန်ဒါသည် မန်ဒီ (Mandy) အမည်ဖြင့် သရုပ်ဆောင်သည့် ပြဇာတ်မင်းသမီးဟောင်းတစ်ဦး ဖြစ်သည်။ ဆယ်လီနာဟူသည့်အမည်ကို ၁၉၉၅ ခုနှစ်တွင် ဆုံးပါးသွားသော ဆီဂျာနိုအဆိုတော် ဆယ်လီနာ ကွင်တာနယ်လာ ပီရက်ဇ်ကို အစွဲပြု မှည့်တွင်ခြင်း ဖြစ်သည်။ ရီကာဒိုမှာ မက္ကဆီကန်လူမျိုးဖြစ်ပြီး အမန်ဒါမှာ အီတာလျံသွေး နှောသည်။

ငါးနှစ်သမီးအရွယ်တွင် မိဘများကွာရှင်းခဲ့ရာ မိခင်နှင့်နေသည်။ မွေးချင်း ညီမငယ်နှစ်ဦးရှိပြီး ဂရေစီ (Gracie) နှင့် ဗစ်တိုးရီးယား ဂိုမက် (Victoria) တို့ ဖြစ်ကြသည်။ ဆယ်လီနာအား အိမ်တွင်ပင် ပညာသင်စေရာ ၂၀၁၀ ခုနှစ်၊ မေလတွင် အထက်တန်းအောင်ဒီပလိုမာ ရသည်။ ဆယ်လီနာမွေးစဉ်က အမန်ဒါမှာ (၁၆) နှစ်သာ ရှိသေးသည်။ ငယ်ဘဝ၌ ငွေကြေးပြဿနာများ ရှိခဲ့ပြီး အဘိုးအဘွားဖြစ်သူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်သည်။ ဘိုးဘွားများက အနီးကပ်ထိန်းကျောင်းလာရာ ဖျော်ဖြေရေးနယ်ပယ်တွင် အောင်မြင်လာသည်အထိပင် ဖြစ်သည်။

အနုပညာရှင် ဘဝ

ဆယ်လီနာ၏ အနုပညာအပေါ်စိတ်ဝင်စားမှုမှာ မိခင်ဖြစ်သူ ပြဇာတ်ကရန် ပြင်ဆင်နေသည်ကို တွေ့ရာမှ စသည်။ အသံဖြင့် သရုပ်ဆောင်မှုများ စလုပ်ရာမှ ဘာနေနှင့် သူငယ်ချင်းများ (Barney and Friends) ဇာတ်လမ်းတွင် ဒမ်မီလီဗာတိုနှင့် ဆုံပြီး ဇာတ်လမ်းတွဲတွင်ပါဝင်ရန် ရွေးချယ်ခံရသည်။ ၂၀၀၂ မှ ၂၀၀၄ ခုနှစ်အတွင်း အပိုင်းတစ်ဆယ့်လေးခုတွင် ပါဝင်ပြီးနောက် တင်ဆက်ရန် အသက်ကြီးလွန်းသည်ဟု ယူဆကာ ထုတ်လုပ်သူများက ဖယ်ရှားလိုက်သည်။ ၂၀၀၄ ခုနှစ် နှောင်းပိုင်းတွင် ဇာတ်လမ်းတွဲတစ်ခုဖြစ်သော တက္ကဆက်ရိန်းဂျား ဝေါ်ကာ (Walker, Texas Ranger) ၏ မီးတန်း (Trail by Fire) အပိုင်းတွင် ပါဝင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဒစ္စနေရုပ်သံလိုင်း၏ ကျော်ကြားသော ဟန်နာ မွန်တာနာ (Hanna Montana) ဇာတ်လမ်းတွဲတွင် ပေါ့စတား မစ်ခေလာ (Mikayla) နေရာမှ သရုပ်ဆောင်ရသည်။ ထိုကာလတွင်ပင် ဒစ္စနေ၏ အခြားဇာတ်လမ်းတွဲနှစ်ခုဖြစ်သည့် ခမ်းနားသည့်ဘဝ (Suite Life) နှင့် လစ်ဇီ မက်ဂွိုင်ယာ (Lizzie McGuire) တို့အတွက် ရှေ့ထွက်ဇာတ်လမ်းတိုများ ရိုက်ကူးခဲ့သည်။ ထို့နောက်တွင် ဝီဗလီမှ မှော်ပညာရှင်များ (Wizards of Waverly Place) ဟာသဇာတ်လမ်းတွဲတွင် အဓိကဇာတ်ကောင် အဲလက် ရက်ဆို (Alex Russo) နေရာ၌ ပါဝင်ခွင့်ရတော့သည်။ အဆိုပါဇာတ်လမ်းရိုက်ကူးရန် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စအိန်ဂျလိစ်ရှိ ဟောလီဝုဒ်မြို့သို့ ပြောင်းရွေ့လာသည်။

ဒုတိယတွဲရိုက်ကူးပြီးနောက် ခေါင်းဆောင်အနေဖြင့်ပါဝင်သည့် စင်ဒရဲလားဇာတ်လမ်း (The Cinderella Story) ရုပ်ရှင် ထွက်ရှိလာပြီး အဆိုပါရုပ်ရှင်အတွက် ဇာတ်ဝင်တေးသုံးပုဒ်ကို အသံသွင်းနိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ ဇွန်လတွင် ထုတ်လွှင့်သော မင်းသမီးကာကွယ်ရေးအစီအစဉ် (Princess Protecting Program) ဇာတ်ကားတွင် ဒမ်မီ လိုဗာတို နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ရာ ပရိသတ် (၈.၃) သန်းကျော် ကြည့်ရှုကြသည်။ အဆိုပါရုပ်ရှင်အတွက် ဆယ်လီနာနှင့် ဒမ်မီတို့ တစ်သားတည်းအတူတူ (One and the Same) အမည်ရသီချင်းကို အသံသွင်းခဲ့သေးသည်။ အဆိုပါကာလတွင်ပင် အာသာနှင့် မဲလတာဇာ့၏ကလဲ့စား (Arthur and the Revenge of Maltazard) ကာတွန်းကားတွင် အသံဖြင့် သရုပ်ဆောင်သည်။

ဩဂုတ်လတွင် ဆယ်လီနာပါဝင်သည့် ဝီဗလီမှ မှော်ပညာရှင်များ (Wizards of Waverly Place: The Movie) ဇာတ်ကား ထွက်လာသည်။ ယခင်ဇာတ်လမ်းတွဲကို ကျောရိုးယူ ရိုက်ကူးထားရာ ပရိသတ် (၁၁.၄) သန်းကျော် စောင့်ကြည့်အားပေးခံရသည်။ အထက်တန်း တေးရုပ်ရှင် ၂ (High School Musical 2) နောက်ပိုင်း ဒစ္စနေ၏ ဒုတိယလူကြည့်အများဆုံးရုပ်ရှင် ဖြစ်သွားသည်။ ၎င်းဇာတ်ကားမှာ (၆၂) ကြိမ်မြောက် အမ်မီဆုပေးပွဲ (Emmy Awards) တွင်လည်း ကလေးကြိုက်ဇာတ်ကားဆု ရသည်။

၂၀၀၈ ခုနှစ်တွင် ဟောလိဝုဒ်တေးသံသွင်း (Hollywood Records) နှင့် စာချုပ်ချုပ်ရာ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လတွင် ဆယ်လီနာ ဂိုမက်နှင့် မြင်ကွင်း (Selena Gomez & The Scene) အမည်ရှိ ဂီတဝိုင်းနှင့် ပွဲဦးထွက် သီချင်းခွေ နမ်းပြီးပြော (Kiss & Tell) ထွက်လာသည်။ အဆိုပါခွေမှာ ဘီလဘုတ် (Billboards) တွင် နံပါတ် (၉) ချိတ်ခဲ့ပြီး ပထမပတ်၌ပင် (၆) သောင်းကျော် ရောင်းချရသည်။ ပထမဆုံးထွက်ရှိသည့် ပြုတ်ကျခြင်း (Falling Down) သီချင်းမှာ အောင်မြင်မှုနည်းသော်လည်း ဒုတိယမြောက်ဖြစ်သော သဘာဝအတိုင်း (Naturally) မှာမူ ဒစ္စနေ၏ ရောင်းအားမြှင့်လုပ်ဆောင်ချက်များကြောင့် လူသိများသွားသည်။

၂၀၁၀ ခုနှစ်၌ ရမွန်နာနှင့် ဘီးဇပ် (Ramona and Beezus) အမည်ရှိ ဇာတ်ကားတွင် သရုပ်ဆောင်ရသည်။ စာရေးဆရာ ဘီဗာလီ ကလီယာရီ (Beverly Cleary) ၏ ဝတ္ထုအား အသက်သွင်းထားခြင်း ဖြစ်သည်။ အဆိုပါနှစ်တွင်ပင် အဖွဲ့ရဲ့ ဒုတိယမြောက်ခွေ မိုးမရွာတဲ့နှစ် (A Year Without Rain) ထွက်သည်။ အရင်က အဝတ်အထည်တွေကို ထုတ်လုပ်ဖို့ အစီအစဉ်တွေရှိတယ်လို့ ကြေညာခဲ့တဲ့အတိုင်းပဲ  Dream Out Loud အမည်ရှိ Fashion Line ကို ၂၀၁၀ ခုနှစ်မှာ တည်ထောင်ပါတယ်။ သူမရဲ့ အဝတ်အစားလိုင်းမှာတော့ ဂျင်းတွေ စကပ်တွေ ဂျက်ကတ်တွေ ဦးထုတ်တွေ လည်စည်းပဝါတွေ အလှဝတ်အကျီတွေ အပြင် Bohemian ဝတ်စုံတွေကိုပါ ထည့်သွင်းပါတယ်။ ဒီအရာတွေအားလုံးကိုတော့ တစ်ဖန်ပြန်လည်သုံးစွဲထားတဲ့ ပစ္စည်းတွေ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အန္တရာယ်မရှိတဲ့ ကုန်ကြမ်းတွေနဲ့သာ ထုတ်လုပ်ပါတယ်။

Sel က ဒီအကြောင်းကို ” ကျွန်မ အဝတ်အစား ကုမ္ပဏီနဲ့ ဝယ်ယူသူတွေကို သူတို့ရဲ့ ကိုယ်ပိုင်စတိုင်လေးတွေ ဘယ်လို ဖန်တီးရယူလို့ရပါတယ်ဆိုတဲ့ အကြောင်း အကြံဉာဏ်လေးတွေပေးချင်တာပါ။ အဝတ်အစားတွေကိုလဲ အလွယ်တကူ ဖြုတ်ယူ / တပ်ဆင်လို့ရအောင် လုပ်ပေးထားပါတယ်။ အထည်တွေက ဘေးပတ်ဝန်းကျင်ကို အန္တရာယ်မပြုမဲ့ ကုန်ကြမ်းတွေနဲ့ချည်း ဖန်တီးထားတာပါ။ Organicဆိုတာ က တကယ်ကိုအရေးကြီးတယ် မဟုတ်လား ။ အထည်တိုင်းမှာလဲ ကျွန်မလေးစားလိုက်နာရတဲ့ စာသားကလေးတွေကို ရေးသားထားတဲ့ ကတ်ပြားတွေ ပါမှာဖြစ်ပြီး ကျွန်မ ဖောက်သည်တွေကို ကောင်းသော သတင်းစကားတွေ ပေးဆပ်ချင်လို့ပါ ” တဲ့။

2011 ခုနှစ်မှာတော့ Selena က Monte Carlo ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူမရဲ့ ကာရိုက်တာ ‘Grace’ က ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး ‘ ပဲရစ်မြို့ကို ခရီးထွက်အလာမှာ လူမှားခံရတဲ့အကြောင်း’ ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ရုပ်အတွက် Selena က ပိုလို ကစားတတ်အောင် သင်ယူခဲ့ပြီး မတူညီတဲ့ ဗြိတိန်လေယူလေသိမ်း နှစ်ခုအတွက် အသံလေ့ကျင့်မှုကို ရက်သတ္တပတ် နှစ်ပတ်ခန့် ကျင့်ယူခဲ့ပါတယ်။ အဲ့ဒီနှစ်ထဲမှာတင် Selena Gomez & the Scene ဟာ သူတို့အဖွဲ့ရဲ့ တတိယမြောက် နောက်ဆုံး အယ်လဘမ်ကို ထုတ်ဝေခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှာတော့ Selena နဲ့ Adrenalina brand တို့ သဘောတူညီချက် စာချုပ်တစ်ခုကို လက်မှတ်ထိုးလိုက်ကြကြောင်း ကြေညာချက်တစ်ခု ထွက်လာပါတယ်။ Adrenalina ဆိုတာက Adventure-themed lifestyle အမှတ်တံဆိပ်(brand) တစ်ခုဖြစ်ပြီး Selena ရဲ့ ကိုယ်ပိုင် ရနံ့ရေမွှေးကို ထုတ်လုပ် ဖြန့်ချိဖို့ အတွက် ပူးပေါင်းလိုက်ကြတာပါ။ Adrenalina ရဲ့ ဥက္ကဋ္ဌ လဲ ဖြစ်သလို C.E.O လဲဖြစ်တဲ့ Ilia Lekach က ‘ Ms. Gomez နဲ့ အတူ အလုပ်တွဲလုပ်ရတဲ့ အပေါ် ကျွန်တော်တို့ အလွန် စိတ်ဝင်စားမှုရှိပါတယ် ။ ရေမွှေးရနံ့နဲ့ ပက်သတ်တဲ့ အချက်အလက်တွေကိုလဲ ဖြန့်ချိမဲ့ရက်နဲ့ နီးကပ်လာတာနဲ့ အမျှ ထုတ်ပြောတော့မှာ ဖြစ်ပါတယ် ‘ လို့ ပြောခဲ့ပါတယ်။

၂၀၁၂–၂၀၁၄

၂၀၁၂ ခုနှစ်က နှစ်ဆန်းပိုင်းမှာတော့  သူမဟာ ရုပ်ရှင်ဘက်ကို ပိုမို အာရုံစိုက်လိုတာကြောင့် ဂီတအလုပ်တွေကိုခေတ္တ ရပ်စဲထားမှာ ဖြစ်ကြောင်း ကြေညာပါတယ်။ အဲ့ဒီနှစ်မှာပဲ Wizards of Waverly Place စီးရီးကလဲ အောင်မြင်တဲ့ ဇာတ်လမ်းတွဲ လေးခု ထုတ်အပြီးမှာ တရားဝင် အဆုံးသတ်သွားခဲ့ပါပြီ။ selena က ဒစ္စနေး အပြင်ဘက်က ရုပ်ရှင်လောကကို ထိတွေ့ချင်ခဲ့တာမို့ Hotel Transylvania (2012) ရုပ်ရုင်မှာ ဝင်ရောက် အသံသရုပ်ဆောင်ပါတယ်။ ဒီရုပ်ရှင်က ၃၇ ကြိမ်မြောက် တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ စတင်ထုတ်လွှင့်ပြသခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မင်းသား James Franco ပါဝင်တဲ့ Spring Breakers ( 2013)ရုပ်ရှင်မှာ သူမအတွက် ဇာတ်ကောင် တစ်နေရာ ရပါတယ်။ ဒီရုပ်ရှင်မှာတော့ သူမကို အရင့်အရင်က မြင်တွေ့ခဲ့ရပြီးသားပုံစံတွေနဲ့ မတူပဲ ပိုမို ရင့်ကျက်လာတဲ့ ပုံစံမျိုးနဲ့ မြင်တွေ့ရမှာပါ။ ဒီ ၂၀၁၃ ခုနှစ်မှာပဲ သူမပါဝင်သရုပ်ဆောင်ထားတဲ့ Getaway ရုပ်ရှင်လည်း ဆက်တိုက်ဆိုသလို ထွက်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ စီးပွားရေးအရ အရှုံးပေါ်မှုတွေ ရှိခဲ့ကာ Selena ကိုလဲ ၃၄ ကြိမ်မြောက် Golden Raspberry ဆုပေးပွဲမှာ ‘ Worst Actress’ ဆိုတဲ့ ဆုအတွက် လျာထားခြင်း ခံခဲ့ရတဲ့အထိတွန်းပို့ ခဲ့ပါတယ်။

ဂီတလုပ်ငန်းတွေကို ရပ်စဲထားမယ်လို့ အစောပိုင်းကာလတွေမှာ သူမကြေညာထားတာ ရှိပေမဲ့လည်း ၂၀၁၂ ခုနှစ်ရဲ့ အောက်တိုဘာလမှာတော့ သူမမှာ ဂီတနဲ့ ပတ်သက်တဲ့ စိတ်ကူး အသစ်အဆန်းတွေက ရှိနေပြန်ပါတယ်။ ဒီအတိုင်းပဲ နောက်ပိုင်းမှာတော့ သူမမှာ ပထမဆုံး ပွဲဦးထွက် တကိုယ်တော် အယ်လ်ဘမ် ထုတ်ဖို့ အစီအစဉ်ရှိကြောင်း ထုတ်ပြောလာပါတယ်။ နောက်ပိုင်းမှာတော့ သူမပြောခဲ့တဲ့ အတိုင်း တကိုယ်တော် အယ်လ်ဘမ်က Lead Single ‘Come and Get it’ ထွက်ရှိလာပါတယ်။ ဒီသီချင်းက Billboard Hot 100 က Top Ten List ကို ဝင်ရောက်နိုင်ခဲ့တဲ့ Selena ရဲ့ ပထမဆုံး သီချင်းလည်း ဖြစ်ပါတယ်။


အဲ့ဒီ အယ်လ်ဘမ်ကပဲ ထွက်လာတဲ့ နောက်ထပ် Single ဖြစ်တဲ့ ‘Slow Down’ ကတော့ Billboard Chart ရဲ့ နံပါတ် ၂၇ နေရာကို ရောက်ရှိခဲ့ပါတယ်။ Selena ရဲ့ Stars Dance Album ကတော့ ဇူလိုင်လ ၂၃ ရက် ၂၀၁၃ ခုနှစ်မှာ ထွက်လာခဲ့ပါတယ်။ ဒီ Album က Selena အဖို့ US Billboard 200 Chart မှာ ပထမဆုံး နံပါတ် ၁ နေရာအထိ ရောက်ရှိလာခဲ့တဲ့ တကိုယ်တော် Album ဖြစ်ပြီး ထွက်ရှိတဲ့ ပထမအပတ်မှာတငိ ကော်ပီပေါင်း ၉ သောင်းကျော် ရောင်းချခဲ့ရပါတယ်။


၂၀၁၃ ခုနှစ်ရဲ့ ဩဂုတ်လမှာ Selena က သူမရဲ့ Stars Dane Tour ကို စတင်လိုက်ပါတယ်။ မြောက်အမေရိကနဲ့ ဥရောပတခွင်မှာ လိုက်လံဖျော်ဖြေအပြီးမှာတော့ Tourကို ၂၀၁၄ ခုနှစ်အထိ ဆက်လက်ကျင်းပဖို့ စီစဉ်ထားခဲ့ကြတာပါ။ ဒါပေမဲ့ Sel က’၂၀၁၃ ဒီဇင်ဘာအရောက်မှာ မိသားစုကို အချိန်ပေးချင်တဲ့အတွက် ဩစတေးလျနဲ့ အာရှဘက်ကို ဖျော်ဖြေမယ့် အစီအစဉ်တွေ အားလုံးကို ရပ်စဲခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဇန်နဝါရီမှာတော့ Selena ဟာ Wickenburg , Arizona က ကုသရေးစင်တာမှာ နှစ်ပတ်လောက် ရှိနေခဲ့တဲ့ အကြောင်း သတင်းတွေ အရသိရပါတယ်။ ဒီစင်တာက လူငယ်တွေမှာဖြစ်တတ်တဲ့ ပြင်းထန်တဲ့ စိတ်ခံစားမှုဆိုင်ရာ တုန်လှုပ်မှု အစရှိတဲ့ ဝေဒနာတွေကို အထူးကုသပေးတဲ့ နေရာပါ။ ၂၀၁၄ ခုနှစ်က ရုပ်ရှင် Behaving Badly ထဲမှာတော့ မင်းသား Dylan McDermott နဲ့ အတူ Selena ပါ ပါဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်က Selena ကုသရေးစင်တာကို ရောက်နေကတည်းက ရိုက်ကူးဖို့ လျာထားခဲ့တဲ့ အလုပ်ပါ။ ဩဂုတ်လမှာ ဒီရုပ်ရှင်ထွက်ခဲ့ပြီး ဆိုးဆိုးဝါးဝါးဝေဖန်မှုတွေနဲ့ ကြုံခဲ့ရသလို မူလပထမ ဝတ္ထုက စာရေးဆရာကတောင် ရုပ်ရှင်ကို လက်ခံနိုင်ခြင်း မရှိခဲ့ပါဘူး ။

အဲ့ဒီနောက် ဆက်တိုက်ဆိုသလိုပဲ Rudderless ရုပ်ရှင် ထွက်လာပါတယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာ William H.Macy က ရိုက်ကူးခဲ့တာ ဖြစ်ပြီး မင်းသား Billy Crudup လည်းပါဝင်ပါတယ်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တဲ့ သားတစ်ယောက်ရဲ့ အဖေအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပြီး Sel ကတော့ သားဖြစ်သူရဲ့ ကောင်မလေး နေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

၂၀၁၄ ရဲ့ ဧပြီလ အရောက်မှာတော့ Selena က သူမ မိခင် Mandy နဲ့ Mandy ရဲ့ နောက်အိမ်ထောင်ဖြစ်သူ ( Selena ရဲ့ Stepdad )ကို သူမ မန်နေဂျာအဖြစ်ကနေ အလုပ်ဖြုတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ Mandy တို့ နှစ်ဦးက သူမရဲ့ အနုပညာလုပ်ငန်း စတင်ကတည်းက စီမံခန့်ခွဲလာခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ WME နဲ့ Brillstein ဟာ Selena ရဲ့ အနုပညာလုပ်ငန်းကို ခန့်ခွဲဖို့အတွက် Selena နဲ့ စာချုပ်ချုပ်လိုက်ကြပါတယ်

Selena ဟာ မန်နေဂျာ အသစ်တွေ ရလိုက်ပေမဲ့ သူမရဲ့ တေးသံသွင်းကုမ္ပဏီ Hollywood Records နဲ့ စာချုပ်ဟာ အဆုံးသတ်သွားခဲ့တာကြောင့် Selena ဟာ Label အသစ်ကို လိုက်ရှာဖွေနေခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ Selena က ‘The Heart Wants What It Wants’ သီချင်းကို ထုတ်ပြီး သူမပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီ သီချင်းက Billboard Hot 100 Chart ရဲ့ Top Ten List ကို ဝင်ရောက်နိုင်ခဲ့တဲ့ Selena ရဲ့ ဒုတိယမြောက်သီချင်းဖြစ်လာခဲ့ပြီး US မှာတင် ကော်ပီပေါင်း တစ်သန်းကျော် ရောင်းချခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ Selenaက သူမ Label ဖြစ်တဲ့ Hollywood Records နဲ့ စာချုပ်အဆုံးသတ်ခြင်း အထိမ်းအမှတ်အဖြစ်နဲ့ ပထမဆုံး တကိုယ်တော် Compilation Album ‘For You’ ကို ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့လဲ အယ်လ်ဘမ်ကို Promotion လုပ်တာ အလွန်နည်းပါးလွန်းတာကြောင့် ဝင်ငွေအများအပြား ရရမဲ့အစား ရှုံးနိမ့်ခဲ့ပါတယ်။ ဒီ Album လေးက Billboard 200 Chart မှာ နံပါတ် ၂၄ နေရာအထိသာ ရောက်ရှိနိုင်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာတော့ Selena နဲ့ Interscope Records က တရားဝင် စာချုပ်ချုပ်လိုက်ပါတော့တယ်။

2015-2016

Interscope Label နဲ့ Selena အလုပ်တွဲလုပ်မဲ့ ပထမဆုံး တကိုယ်တော် Album အတွက် ပြင်ဆင်နေချိန်မှာ Selena က Zedd ရဲ့ ဒုတိယ Album ထဲမှာ ပါဝင်မဲ့ Single ‘I want you to know’ ကို အသံသွင်းပေးခဲ့ပါတယ်။ ဒီ သီချင်းက နောက်ပိုင်းမှာ Billboard Hot 100 Chart ရဲ့ Top Twenty ထဲကို ဝင်ရောက်နိုင်ခဲ့တဲ့ Selena ရဲ့ လေးပုဒ်မြောက် သီချင်းလေးလဲ ဖြစ်လာခဲ့သလို RIAA က Platinum Certification ကို ရထားခဲ့တဲ့ သီချင်းလဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Selena က Pantene ရဲ့ Brand Ambassador ဖြစ်လာခဲ့ပါတယ်။ ဒီအတွက် Pantene ကနေ Selena ရတဲ့ လစာကတော့ $ 3 Million ဖြစ်ပါတယ်။ ၂၀၁၅ ရဲ့ ဇွန်လ ၂၂ ရက်မှာတော့ Selena ရဲ့ Revival Album က Lead Single ‘ Good For You’ ထွက်လာပါတယ်။ ဒီသီချင်း ထွက်ထွက်ပြီးချင်း ပထမတပတ်မှာတင် ကော်ပီပေါင်း တသိန်း ၇ သောင်း ကျော် ရောင်းချခဲ့ရတယ်။ Billboard Hot 100 မှာလဲ နံပါတ် ငါး နေရာအထိရောက်ရှိခဲ့သလို ‘Mainstream Top 40’ Chart ရဲ့ ထိပ်ဆုံး နံပါတ် ၁ နေရာကို ရောက်ခဲ့တဲ့ Selena ရဲ့ ပထမဆုံး သီချင်း ဖြစ်လာပါတယ်။ ၂၀၁၅ မှာပဲ Selena က Hotel Transylvania 2 ရုပ်ရှင်အတွက် အသံသွင်းမှုများ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီ ရုပ်ရှင်လေးက စက်တင်ဘာလမှာ ထွက်ရှိခဲ့ပြီး အကောင်း ဘက်က ရှုမြင်သုံးသပ်ခြင်းတွေနဲ့လည်း တွေ့ခဲ့ရပါတယ်။ Revival Album ကတော့ ၂၀၁၅ ရဲ့ အောက်တိုဘာလ ကိုးရက် နေ့မှာ ထွက်လာပါတယ်။ Album က Critics တွေကနေ Positive Reaction တွေ များစွာ ရခဲ့သလို Album ရဲ့ ထုတ်လုပ်မှုအပိုင်းနဲ့ ခံစားချက်အပြည့်ပါတဲ့ အချက်ကိုလည်း ကျေနပ်ခဲ့ကြကာ ချီးမွမ်းမှုတွေ ရှိခဲ့ပါတယ်။ Billboard 200 Chart မှာလဲ တစ်စွဲခဲ့ပါသေးတယ်။

Album ရဲ့ ဒုတိယ Single အဖြစ် ထွက်လာတာကတော့ Same Old Love ပါ။ ဒီသီချင်းဟာလည်း Good For You လိုပဲ Billboard Hot 100 Chart မှာ နံပါတ် ငါး နေရာရောက်ခဲ့သလို ‘Mainstream Top 40’ Chart မှာ နံပါတ် ၁ နေရာကို ထပ်ရောက်ခဲ့တဲ့ Selenaရဲ့ ဒုတိယ မြောက် သီချင်းပါ။ Hands To Myself ကတော့ Album ရဲ့ တတိယမြောက် Single ပါ။ ဒီသီချင်းက ‘ Mainstream Top 40 ‘ Chart မှာ နံပါတ် ၁ နေရာ ရောက်ခဲ့တဲ့ Selena ရဲ့ တတိယမြောက် သီချင်းပါ။ ဒါကြောင့် Selena ဟာ Album တစ်ခုထဲကနေ ဒီ Chart မှာ နံပါတ် ၁ နေရာကို ၃ ခါရခဲ့တဲ့ အမျိုးသမီးအဆိုတော် ၆ ဦးထဲက တစ်ဦး ဖြစ်ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ Selena က ‘Saturday Night Live’ ရှိုးပွဲမှာ အစီအစဉ် တင်ဆက်သူ Ronda Rousey နဲ့အတူ Musical Guest အဖြစ် ပါဝင်ခဲ့ပါတယ်။ Revival Tour ကို Selena က ၂၀၁၆ ခုနှစ်ရဲ့ မေလ ၆ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ဒါပေမဲ့ မြောက်အမေရိက Asia တခွင်နဲ့ Oceania တို့မှာ ဖျော်ဖြေအပြီးမှာတော့ သူမရဲ့ ကျန်ရှိနေသေးတဲ့ တောင်အမေရိကနဲ့ ဥရောပက Tour တွေကို ဖျက်သိမ်းလိုက်ပါတော့တယ်။ ဒီလို လုပ်ရခြင်းအကြောင်းကတော့ သူမရဲ့ Lupus ရောဂါကြောင့် ပြင်းထန်စပြုလာတဲ့ စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုတွေကြောင့်ပါပဲ

Selena က ဟာသရုပ်ရှင် ‘ Neighbors 2: Sorority RASING ‘ မှာလဲ ဇာတ်ပို့ နေရာက ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ Selena က Phi Lambda က တက္ကသိုလ်ကျောင်းသူများရဲ့ လူမှုရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် သရုပ်ဆောင်ထားတာပါ။ ဒီအတောအတွင်းမှာ သူမနဲ့ Charlie PUTH ရဲ့ သီချင်း ‘ we don’t talk anymore’ ကလဲ Chart အချို့ရဲ့ Top Ten List ကို ဝင်ရောက်စ ပြုနေပြီ ဖြစ်နေပါတယ်။ The Fundamentals of Caring အမည်ရှိ ဒရာမာ ရုပ်ရှင်မှာလဲ Selena ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဆက်တိုက်ဆိုသလို မင်းသား James Franco နဲ့ သူမရဲ့ In Dubious Battle ရုပ်ရှင်လဲ ထွက်လာပါတယ်။ Revival Tour လုပ်နေစဉ်အတောအတွင်းမှာတော့ Selena က Interscope Label နဲ့ ထုတ်မဲ့ သူမရဲ့ ဒုတိယမြောက် Album အတွက် စီစဉ်နေခဲ့တာပါ။ ဒီ့အတွက် Tour လုပ်နေစဉ်မှာ Feel Me လို့ခေါ်တဲ့ သီချင်းအသစ် တစ်ပုဒ်ကိုပါ ဖျော်ဖြေပေးခဲ့ပါတယ်။ ဒီသီချင်းကို ပထမဆုံး ဖျော်ဖြေမှုအပြီး ကိုးလ အကြာမှာတော့ Online မှာ Leak လာခဲ့ပါတယ်။ Selena ကတော့ ဒီသီချင်းကို အခုချိန်မှာ Single အဖြစ်ထုတ်ဖို့ စိတ်ကူးမရှိတော့ပါဘူး ။

Tour ကို ဖျက်သိမ်းမှုတွေ အပြီးမှာတော့ Selenaက သူမရဲ့စိတ်ကျန်းမာရေး အတွက် ကျန်းမာရေးစင်တာကို နောက်တခါ ဝင်သွားခဲ့ပြီး Social Media ကနေပါ ပျောက်ကွယ်သွားခဲ့ပါတယ်။ သုံးလ ကျော်ကြာ ပျောက်ကွယ်နေမှုအပြီး ၂၀၁၆ ခုနှစ်ရဲ့ American Music Award ဆုပေးပွဲမှာတော့ Selena ကို ပထမဆုံး လူမြင်ကွင်းမှာ ပြန်တွေ့ခဲ့ကြရပါတယ်။ ဒီဆုပေးပွဲအတွက် Selena က Artist of the year နဲ့ Favourite Pop/Rock ဆု အမျိုးအစား နှစ်ခုအတွက်လျာထားခြင်း ခံခဲ့ရပြီး ဒုတိယမြောက်ဆုကိုတော့ သူမရသွားခဲ့ပါတယ်။ ၂၀၁၆ ရဲ့ ဒီဇင်ဘာလမှာတော့ သူမဟာ Luxury brand တစ်ခုဖြစ်တဲ့ Coach ရဲ့ မျက်နှာစာ ဖြစ်လာပါတော့တယ်။ Coach နဲ့ သူမ စာချုပ်ချုပ်လိုက်ပြီးတဲ့နောက် သူမရတဲ့ လစာကတော့ $ 10 Million ပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ ဖေဖော်ဝါရီလမှာတော့ Selena က သူမရဲ့ သီချင်းသစ်အကြောင်းကို Instagram ကနေ အရိပ်အမြွက်ပြောပြခဲ့ပါတယ်။ နောက်ငါးရက်အကြာမှာတော့ DJ KYGO က သူနဲ့ Selena တို့ရဲ့ Collaboration အကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ တပတ်အကြာမှာ Selena နဲ့ KYGO တို့က သူတို့သီချင်းအသစ်ရဲ့ နာမည် ‘It ain’t me’ ကို အတည်ပြုခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ်။ It ain’t me ဟာ Billboard Hot 100 ရဲ့ Top Ten နေရာကို ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း Selena ဟာ သူမအကြိုက်ဆုံး စာအုပ်ဖြစ်တဲ့ 13 Reasons Why ကို စီးရီးတစ်ခုအဖြစ် ပြောင်းလဲရာမှာ Executive Producer အဖြစ်လည်းလုပ်ကိုင်ခဲ့ပါတယ်။ Selena က ဒီစီးရီးလေးရဲ့ ပထမဆုံး Trailer ကို ဇန်နဝါရီလ ၂၅ ရက် ၂၀၁၇ ခုနှစ်မှာ စတင် ပြသခဲ့တာပါ။ စီးရီးကို မတ်လ ၃၁ ရက် မှာ Netflix ကနေ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီပရောဂျက်အပြင် Selena  လုပ်ကိုင်နေခဲ့တာကတော့ သီချင်းအသစ်အတွက်ပဲ ဖြစ်ပါတယ်။ မေလ ၁၁ ရက်အရောက်မှာတော့ သူမ သီချင်း Bad Liar ထွက်လာပါတယ်။ သူမဂုဏ်ယူရတဲ့ ဒီသီချင်းက အကောင်းဘက်က ရှုမြင်သုံးသပ်မှုများစွာနဲ့ ချီးကျူးခံခဲ့ရတဲ့သီချင်းဖြစ်ပြီး bad liar ရဲ့ Music Video ကိုတော့ LGBT လူစုအတွက် နောက်တစ်လအကြာမှာ pride month မှာထုတ်ပေးခဲ့တာဖြစ်ပြီး သူမရဲ့ နောက်ထွက်မယ့် သီချင်း Fetish အတွက်ပါ အသိပေးခဲ့ပါတယ်။ Fetish ကတော့ ဇူလိုင်လ ၁၃ ရက်နေ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ တစ်နေ့ထဲမှာပဲ Selena သီဆိုထားတဲ့ Stained ဆိုတဲ့ အဆွေးသီချင်းလေးက Leak လာခဲ့ပါတယ်။ ၂၀၁၇ ရဲ့ ဩဂုတ်လမှာ Selena က ဒါရိုက်တာ Woody Allen ရိုက်ကူးတဲ့ A Rainy Day in New York ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ အရွေးခံရပါတယ်။ ရုပ်ရှင်ကို နယူးယောက်မြို့မှာ ရိုက်ကူးအပြီးမှာတော့ Selena က ဒီရုပ်ရှင်က ရသမျှ အကျိုးအမြတ်အားလုံးကို Time’s Up ပရဟိတ အသင်းခွဲတွေကို ခွဲဝေလှူဒါန်းသွားမှာ ဖြစ်ကြောင်းကြေညာပါတယ်။

စက်တင်ဘာလ အရောက်မှာတော့ Selena က PUMA ရဲ့ Family ဖြစ်လာပါတော့တယ်။ PUMA နဲ့ သူမ စာချုပ်ချုပ်တာဟာ $30 Million ကျော် ကုန်ကျပြီး PUMA Campaign ကိုလဲ သူမပဲ ဦးဆောင်ခဲ့ကာ ဒီ Brand အတွက် ဖိဖိစီးစီး ကြော်ငြာများ ဆက်တိုက်ဆိုသလို ရိုက်ကူးပေးနေခဲ့တာပါ။ အဲ့ဒါအပြင် Selena နဲ့ Coach ရဲ့ ဒီဇိုင်နာတို့ ပူပေါင်းဖန်တီးထားတဲ့ ‘Selena Grace’ အမည်ရ Coach လက်ကိုင်အိတ်တွေကိုလဲ စက်တင်ဘာလမှာတင် နယူးယောက်မြို့မှာ စတင်ရောင်းချခဲ့ကြပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ သူမနဲ့ EDM producer ‘MARSHMELLO’ တို့ဟာ သူတို့ရဲ့ သီချင်းအသစ်အတွက် Collaboration အကြောင်းကို အသိပေးလာပါတယ်။ သူတို့ရဲ့ သီချင်းဖြစ်တဲ့ Wolves ကတော့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထွက်လာပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းက PUMA ရဲ့ Family ဖြစ်နေခဲ့တဲ့ Selena ဟာ ၂၀၁၈ ခုနှစ်ရဲ့ မတ်လအရောက်မှာတော့ သူကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားတဲ့ Sneakers တွေနဲ့ ခြေအိတ်တွေကို PUMA နဲ့ ပူးပေါင်းပြီး ထုတ်ဖို့ စတင်စီစဉ်ပါတော့တယ်။ သူမ ပထမဆုံး ဒီဇိုင်းဆွဲခဲ့တဲ့ PUMA ဖိနပ်တွေဟာ Phenom Lux လို့ ခေါ်ပြီး အလွယ်တကူ ဖြုတ်ယူ/ တပ်ဆင် လို့ရတဲ့ ခြေကျင်းလေးတွေနဲ့ပါ။ ဒီဖိနပ်လေးတွေနဲ့ ခြေအိတ်လေးတွေက ဧပြီလ ၆ ရက်နေ့ကစလို့ ဈေးကွက်ထဲ စတင်ရောက်ရှိခဲ့ပြီး အချို့နိုင်ငံတွေမှာတော့ စရောင်းပြီး နာရီ အနည်းငယ်အကြာမှာတင် ပစ္စည်းအားလုံး ပြတ်လပ်သွားခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ Selenaရဲ့ ကိုယ်ပိုင်ဒီဇိုင်း ဖိနပ်တွေနဲ့ ခြေအိတ်တွေကို ရောင်းချလို့ရတဲ့ အမြတ်ငွေထဲက $ 100,000 ကိုတော့ Lupus ရောဂါကို သုတေသနလုပ်ဖို့ လှူဒါန်းခဲ့ပါတယ်။

Selena က ၂၀၁၈ ခုနှစ်ရဲ့ ဧပြီလမှာ LA က We Day California အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဒီ အခမ်းအနားမှာပဲ ရှားပါးတဲ့ ကျောက်ကပ်ရောဂါကို ခံစားနေရတဲ့ သူမပရိသတ်လေး Nellie Mainor ကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ မေလမှာ Selena က သူမထုတ်လုပ်တဲ့ 13 Reasons Why စီးရီး ဒုတိယ ဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်တေးဖြစ်တဲ့ Back To You ကို ထုတ်ပေးပါတယ် ဇွန်လဆန်းပိုင်းမှာတော့ Selenaက သူမရဲ့ လေးခုမြောက် Emmy Award ကို ” 13 Reasons Why ” Serie နဲ့ ထပ်မံရရှိသွားခဲ့ပါတယ်။ သူမ ထုတ်လုပ်တဲ့ ဒီ Series တွေက Society မှာ အကောင်းဘက်က ရှုမြင်ခြင်းတွေနဲ့ လွှမ်းခြုံပေးနိုင်တဲ့ အတွက်ပါတဲ့ ။ အဲ့ဒါအပြင် IGTV အတွက် Selena ရဲ့Project အသစ်လေးဟာလဲ ဇွန်လကုန်ခါနီးမှာ ထပ်ထွက်လာပါတယ်။ IGTV ဆိုတာဟာ Instagram ရဲ့ Tool အသစ်ဖြစ်ပြီး 15 စက္ကန့်ကနေ 60 မိနစ်လောက်အထိ ရှည်တဲ့ Video Clip တွေကို တင်လို့ရတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ Selena ကတော့ ဒီ Instagram ရဲ့  Platform အသစ်မှာ ပထမဦးဆုံး Video ကို တင်တဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ Video လေးကတော့ A love story လို့ခေါ်ပြီး Fetish mv ရဲ့ Directorလည်းဖြစ်သလို Selena ရဲ့ သူငယ်ချင်းလည်း ဖြစ်တဲ့ Petra Collins ကပဲ ရိုက်ကူးပေးထားတာပါ။ Selena က Hotel Transylvania 3 ရုပ်ရှင်ရဲ့ Mavis ကာရိုက်အတွက် အသံသွင်းမှုတွေလဲ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်ရဲ့ ဇူလိုင်လမှာ ထွက်ရှိခဲ့တာပါ။ ဇူလိုင်လ ၁၃ ရက်နေ့ ၂၀၁၈ မှာတော့ လော့စ်အိန်ဂျလိစ် က အစိုးရရှေ့နေများက နယူးဂျာစီ အမျိုးသမီးတစ်ဦးကို ထိန်းသိမ်း အရေးယူလိုက်ကြောင်း ကြေညာပါတယ်။ ဒီအမျိုးသမီးက Selena ပိုင်ဆိုင်တဲ့ Email acc တွေကို Hack ပြီး Selena ရဲ့ Instagram acc မှာလဲ ပုံတွေ ဝင်တင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာတင် ကြေညာခဲ့တာကတော့ Selena ဟာ ဒါရိုက်တာ Stephan GHGHAN ရိုက်ကူးတဲ့ The Voyage of Dr Dolittle ရုပ်ရှင်မှာ ဝင်ရောက် အသံသရုပ်ဆောင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဧပြီလ ၁၉ ရက် ၂၀၁၉ ခုနှစ်မှာ ထွက်လာမှာ ဖြစ်ပါတယ်။ Selena က Jim Jarmusch ရဲ့ ရုပ်ရှင် The Dead Don’t Die မှာလဲ ပါဝင်လာဦးမှာပါ။ Selena ပာာ02 NOVEMBER 2022မှာတော့ My mind and me documentary releaseလုပ်ထားပါသေးတယ်။

Zawgyi

ဆယ္လီနာ မာရီလ္ ဂိုမက စပိန္အသံထြက္: (ဇူလိုင္ ၂၂ ၁၉၉၂ ခုႏွစ္ ေမြးဖြား) သည္ အေမရိကန္ သ႐ုပ္ေဆာင္ ၊ ေတးေရး ေတးဆို တစ္ေယာက္ျဖစ္သည္။ ငယ္စဥ္ ကေလးဘဝကတြင္ ကေလး  ဘာေနးလ္ ႏွင့္ သူငယ္ခ်င္း ႐ုပ္ျမင္သံၾကား စီးရီး တြင္ ပါဝင္ခဲ့သည္။ သူမသည္ အဓိက သ႐ုပ္ေဆာင္ အျဖစ္ Disney channel series Wizards of Waverly Place (2007–12) ပါဝင္ခဲ့ၿပီးေနာက္ နာမည္ ႀကီးလာခဲ့သည္။ ေအာင္ျမင္မူမ်ားေၾကာင့္ သူမသည္ ႐ုပ္ရွင္မ်ား၊ ႐ုပ္ျမင္သံၾကား ႏွင့္ ေတးဂီတဆိုင္ရာ ေတြ႕ဆုံပြဲမ်ားတြင္ ပါဝင္ခဲ့သည္။၂၀၀၈ ခုႏွစ္တြင္ သူမသည္ Hollywood Records ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး မၾကာမီ Selena Gomez & the Scene တီးဝိုင္းကို ထူေထာင္ခဲ့သည္။ ဆယ္လီနာ ဂိုမက္ ကို ၁၉၉၂ ခုႏွစ္၊ ဇူလိုင္လ (၂၂) ရက္တြင္ အေမရိကန္ျပည္ေထာင္စု၊ တကၠဆက္ျပည္နယ္၊ ဂရန္း ပ႐ိုင္ရီၿမိဳ႕၌ ရီကာဒို ဂ်ိဳဝယ္ ဂိုမက္ (Ricado Joel Gomez) ႏွင့္ အမန္ဒါ ေဒါင္း ကြန္းနက္ (Amanda Dawn Cornett) တို႔မွ ဖြားျမင္သည္။ အမန္ဒါသည္ မန္ဒီ (Mandy) အမည္ျဖင့္ သ႐ုပ္ေဆာင္သည့္ ျပဇာတ္မင္းသမီးေဟာင္းတစ္ဦး ျဖစ္သည္။ ဆယ္လီနာဟူသည့္အမည္ကို ၁၉၉၅ ခုႏွစ္တြင္ ဆုံးပါးသြားေသာ ဆီဂ်ာႏိုအဆိုေတာ္ ဆယ္လီနာ ကြင္တာနယ္လာ ပီရက္ဇ္ကို အစြဲျပဳ မွည့္တြင္ျခင္း ျဖစ္သည္။ ရီကာဒိုမွာ မကၠဆီကန္လူမ်ိဳးျဖစ္ၿပီး အမန္ဒါမွာ အီတာလ်ံေသြး ေႏွာသည္။

ငါးႏွစ္သမီးအ႐ြယ္တြင္ မိဘမ်ားကြာရွင္းခဲ့ရာ မိခင္ႏွင့္ေနသည္။ ေမြးခ်င္း ညီမငယ္ႏွစ္ဦးရွိၿပီး ဂေရစီ (Gracie) ႏွင့္ ဗစ္တိုးရီးယား ဂိုမက္ (Victoria) တို႔ ျဖစ္ၾကသည္။ ဆယ္လီနာအား အိမ္တြင္ပင္ ပညာသင္ေစရာ ၂၀၁၀ ခုႏွစ္၊ ေမလတြင္ အထက္တန္းေအာင္ဒီပလိုမာ ရသည္။ ဆယ္လီနာေမြးစဥ္က အမန္ဒါမွာ (၁၆) ႏွစ္သာ ရွိေသးသည္။ ငယ္ဘဝ၌ ေငြေၾကးျပႆနာမ်ား ရွိခဲ့ၿပီး အဘိုးအဘြားျဖစ္သူေတြနဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသူျဖစ္သည္။ ဘိုးဘြားမ်ားက အနီးကပ္ထိန္းေက်ာင္းလာရာ ေဖ်ာ္ေျဖေရးနယ္ပယ္တြင္ ေအာင္ျမင္လာသည္အထိပင္ ျဖစ္သည္။

အႏုပညာရွင္ ဘဝ

ဆယ္လီနာ၏ အႏုပညာအေပၚစိတ္ဝင္စားမႈမွာ မိခင္ျဖစ္သူ ျပဇာတ္ကရန္ ျပင္ဆင္ေနသည္ကို ေတြ႕ရာမွ စသည္။ အသံျဖင့္ သ႐ုပ္ေဆာင္မႈမ်ား စလုပ္ရာမွ ဘာေနႏွင့္ သူငယ္ခ်င္းမ်ား (Barney and Friends) ဇာတ္လမ္းတြင္ ဒမ္မီလီဗာတိုႏွင့္ ဆုံၿပီး ဇာတ္လမ္းတြဲတြင္ပါဝင္ရန္ ေ႐ြးခ်ယ္ခံရသည္။ ၂၀၀၂ မွ ၂၀၀၄ ခုႏွစ္အတြင္း အပိုင္းတစ္ဆယ့္ေလးခုတြင္ ပါဝင္ၿပီးေနာက္ တင္ဆက္ရန္ အသက္ႀကီးလြန္းသည္ဟု ယူဆကာ ထုတ္လုပ္သူမ်ားက ဖယ္ရွားလိုက္သည္။ ၂၀၀၄ ခုႏွစ္ ေႏွာင္းပိုင္းတြင္ ဇာတ္လမ္းတြဲတစ္ခုျဖစ္ေသာ တကၠဆက္ရိန္းဂ်ား ေဝၚကာ (Walker, Texas Ranger) ၏ မီးတန္း (Trail by Fire) အပိုင္းတြင္ ပါဝင္ခဲ့သည္။

၂၀၀၇ ခုႏွစ္တြင္ ဒစၥေန႐ုပ္သံလိုင္း၏ ေက်ာ္ၾကားေသာ ဟန္နာ မြန္တာနာ (Hanna Montana) ဇာတ္လမ္းတြဲတြင္ ေပါ့စတား မစ္ေခလာ (Mikayla) ေနရာမွ သ႐ုပ္ေဆာင္ရသည္။ ထိုကာလတြင္ပင္ ဒစၥေန၏ အျခားဇာတ္လမ္းတြဲႏွစ္ခုျဖစ္သည့္ ခမ္းနားသည့္ဘဝ (Suite Life) ႏွင့္ လစ္ဇီ မက္ဂြိဳင္ယာ (Lizzie McGuire) တို႔အတြက္ ေရွ႕ထြက္ဇာတ္လမ္းတိုမ်ား ႐ိုက္ကူးခဲ့သည္။ ထို႔ေနာက္တြင္ ဝီဗလီမွ ေမွာ္ပညာရွင္မ်ား (Wizards of Waverly Place) ဟာသဇာတ္လမ္းတြဲတြင္ အဓိကဇာတ္ေကာင္ အဲလက္ ရက္ဆို (Alex Russo) ေနရာ၌ ပါဝင္ခြင့္ရေတာ့သည္။ အဆိုပါဇာတ္လမ္း႐ိုက္ကူးရန္ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စအိန္ဂ်လိစ္ရွိ ေဟာလီဝုဒ္ၿမိဳ႕သို႔ ေျပာင္းေ႐ြ႕လာသည္။

ဒုတိယတြဲ႐ိုက္ကူးၿပီးေနာက္ ေခါင္းေဆာင္အေနျဖင့္ပါဝင္သည့္ စင္ဒရဲလားဇာတ္လမ္း (The Cinderella Story) ႐ုပ္ရွင္ ထြက္ရွိလာၿပီး အဆိုပါ႐ုပ္ရွင္အတြက္ ဇာတ္ဝင္ေတးသုံးပုဒ္ကို အသံသြင္းႏိုင္ခဲ့သည္။ ၂၀၀၉ ခုႏွစ္၊ ဇြန္လတြင္ ထုတ္လႊင့္ေသာ မင္းသမီးကာကြယ္ေရးအစီအစဥ္ (Princess Protecting Program) ဇာတ္ကားတြင္ ဒမ္မီ လိုဗာတို ႏွင့္အတူ ပါဝင္သ႐ုပ္ေဆာင္ခဲ့ရာ ပရိသတ္ (၈.၃) သန္းေက်ာ္ ၾကည့္ရႈၾကသည္။ အဆိုပါ႐ုပ္ရွင္အတြက္ ဆယ္လီနာႏွင့္ ဒမ္မီတို႔ တစ္သားတည္းအတူတူ (One and the Same) အမည္ရသီခ်င္းကို အသံသြင္းခဲ့ေသးသည္။ အဆိုပါကာလတြင္ပင္ အာသာႏွင့္ မဲလတာဇာ့၏ကလဲ့စား (Arthur and the Revenge of Maltazard) ကာတြန္းကားတြင္ အသံျဖင့္ သ႐ုပ္ေဆာင္သည္။

ဩဂုတ္လတြင္ ဆယ္လီနာပါဝင္သည့္ ဝီဗလီမွ ေမွာ္ပညာရွင္မ်ား (Wizards of Waverly Place: The Movie) ဇာတ္ကား ထြက္လာသည္။ ယခင္ဇာတ္လမ္းတြဲကို ေက်ာ႐ိုးယူ ႐ိုက္ကူးထားရာ ပရိသတ္ (၁၁.၄) သန္းေက်ာ္ ေစာင့္ၾကည့္အားေပးခံရသည္။ အထက္တန္း ေတး႐ုပ္ရွင္ ၂ (High School Musical 2) ေနာက္ပိုင္း ဒစၥေန၏ ဒုတိယလူၾကည့္အမ်ားဆုံး႐ုပ္ရွင္ ျဖစ္သြားသည္။ ၎ဇာတ္ကားမွာ (၆၂) ႀကိမ္ေျမာက္ အမ္မီဆုေပးပြဲ (Emmy Awards) တြင္လည္း ကေလးႀကိဳက္ဇာတ္ကားဆု ရသည္။

၂၀၀၈ ခုႏွစ္တြင္ ေဟာလိဝုဒ္ေတးသံသြင္း (Hollywood Records) ႏွင့္ စာခ်ဳပ္ခ်ဳပ္ရာ ၂၀၀၉ ခုႏွစ္၊ ဩဂုတ္လတြင္ ဆယ္လီနာ ဂိုမက္ႏွင့္ ျမင္ကြင္း (Selena Gomez & The Scene) အမည္ရွိ ဂီတဝိုင္းႏွင့္ ပြဲဦးထြက္ သီခ်င္းေခြ နမ္းၿပီးေျပာ (Kiss & Tell) ထြက္လာသည္။ အဆိုပါေခြမွာ ဘီလဘုတ္ (Billboards) တြင္ နံပါတ္ (၉) ခ်ိတ္ခဲ့ၿပီး ပထမပတ္၌ပင္ (၆) ေသာင္းေက်ာ္ ေရာင္းခ်ရသည္။ ပထမဆုံးထြက္ရွိသည့္ ျပဳတ္က်ျခင္း (Falling Down) သီခ်င္းမွာ ေအာင္ျမင္မႈနည္းေသာ္လည္း ဒုတိယေျမာက္ျဖစ္ေသာ သဘာဝအတိုင္း (Naturally) မွာမူ ဒစၥေန၏ ေရာင္းအားျမႇင့္လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ လူသိမ်ားသြားသည္။

၂၀၁၀ ခုႏွစ္၌ ရမြန္နာႏွင့္ ဘီးဇပ္ (Ramona and Beezus) အမည္ရွိ ဇာတ္ကားတြင္ သ႐ုပ္ေဆာင္ရသည္။ စာေရးဆရာ ဘီဗာလီ ကလီယာရီ (Beverly Cleary) ၏ ဝတၳဳအား အသက္သြင္းထားျခင္း ျဖစ္သည္။ အဆိုပါႏွစ္တြင္ပင္ အဖြဲ႕ရဲ႕ ဒုတိယေျမာက္ေခြ မိုးမ႐ြာတဲ့ႏွစ္ (A Year Without Rain) ထြက္သည္။ အရင္က အဝတ္အထည္ေတြကို ထုတ္လုပ္ဖို႔ အစီအစဥ္ေတြရွိတယ္လို႔ ေၾကညာခဲ့တဲ့အတိုင္းပဲ  Dream Out Loud အမည္ရွိ Fashion Line ကို ၂၀၁၀ ခုႏွစ္မွာ တည္ေထာင္ပါတယ္။ သူမရဲ႕ အဝတ္အစားလိုင္းမွာေတာ့ ဂ်င္းေတြ စကပ္ေတြ ဂ်က္ကတ္ေတြ ဦးထုတ္ေတြ လည္စည္းပဝါေတြ အလွဝတ္အက်ီေတြ အျပင္ Bohemian ဝတ္စုံေတြကိုပါ ထည့္သြင္းပါတယ္။ ဒီအရာေတြအားလုံးကိုေတာ့ တစ္ဖန္ျပန္လည္သုံးစြဲထားတဲ့ ပစၥည္းေတြ ဒါမွမဟုတ္ ပတ္ဝန္းက်င္ကို မထိခိုက္ေစတဲ့ အႏၲရာယ္မရွိတဲ့ ကုန္ၾကမ္းေတြနဲ႔သာ ထုတ္လုပ္ပါတယ္။

Sel က ဒီအေၾကာင္းကို ” ကြၽန္မ အဝတ္အစား ကုမၸဏီနဲ႔ ဝယ္ယူသူေတြကို သူတို႔ရဲ႕ ကိုယ္ပိုင္စတိုင္ေလးေတြ ဘယ္လို ဖန္တီးရယူလို႔ရပါတယ္ဆိုတဲ့ အေၾကာင္း အႀကံဉာဏ္ေလးေတြေပးခ်င္တာပါ။ အဝတ္အစားေတြကိုလဲ အလြယ္တကူ ျဖဳတ္ယူ / တပ္ဆင္လို႔ရေအာင္ လုပ္ေပးထားပါတယ္။ အထည္ေတြက ေဘးပတ္ဝန္းက်င္ကို အႏၲရာယ္မျပဳမဲ့ ကုန္ၾကမ္းေတြနဲ႔ခ်ည္း ဖန္တီးထားတာပါ။ Organicဆိုတာ က တကယ္ကိုအေရးႀကီးတယ္ မဟုတ္လား ။ အထည္တိုင္းမွာလဲ ကြၽန္မေလးစားလိုက္နာရတဲ့ စာသားကေလးေတြကို ေရးသားထားတဲ့ ကတ္ျပားေတြ ပါမွာျဖစ္ၿပီး ကြၽန္မ ေဖာက္သည္ေတြကို ေကာင္းေသာ သတင္းစကားေတြ ေပးဆပ္ခ်င္လို႔ပါ ” တဲ့။

2011 ခုႏွစ္မွာေတာ့ Selena က Monte Carlo ႐ုပ္ရွင္မွာ အဓိကဇာတ္ေကာင္အျဖစ္ ပါဝင္ခဲ့ပါတယ္။ သူမရဲ႕ ကာ႐ိုက္တာ ‘Grace’ က ဆယ္ေက်ာ္သက္တစ္ဦးျဖစ္ၿပီး ‘ ပဲရစ္ၿမိဳ႕ကို ခရီးထြက္အလာမွာ လူမွားခံရတဲ့အေၾကာင္း’ ကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္႐ုပ္အတြက္ Selena က ပိုလို ကစားတတ္ေအာင္ သင္ယူခဲ့ၿပီး မတူညီတဲ့ ၿဗိတိန္ေလယူေလသိမ္း ႏွစ္ခုအတြက္ အသံေလ့က်င့္မႈကို ရက္သတၱပတ္ ႏွစ္ပတ္ခန႔္ က်င့္ယူခဲ့ပါတယ္။ အဲ့ဒီႏွစ္ထဲမွာတင္ Selena Gomez & the Scene ဟာ သူတို႔အဖြဲ႕ရဲ႕ တတိယေျမာက္ ေနာက္ဆုံး အယ္လဘမ္ကို ထုတ္ေဝခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္ ဇူလိုင္လ ၁၄ ရက္မွာေတာ့ Selena နဲ႔ Adrenalina brand တို႔ သေဘာတူညီခ်က္ စာခ်ဳပ္တစ္ခုကို လက္မွတ္ထိုးလိုက္ၾကေၾကာင္း ေၾကညာခ်က္တစ္ခု ထြက္လာပါတယ္။ Adrenalina ဆိုတာက Adventure-themed lifestyle အမွတ္တံဆိပ္(brand) တစ္ခုျဖစ္ၿပီး Selena ရဲ႕ ကိုယ္ပိုင္ ရနံ႔ေရေမႊးကို ထုတ္လုပ္ ျဖန႔္ခ်ိဖို႔ အတြက္ ပူးေပါင္းလိုက္ၾကတာပါ။ Adrenalina ရဲ႕ ဥကၠ႒ လဲ ျဖစ္သလို C.E.O လဲျဖစ္တဲ့ Ilia Lekach က ‘ Ms. Gomez နဲ႔ အတူ အလုပ္တြဲလုပ္ရတဲ့ အေပၚ ကြၽန္ေတာ္တို႔ အလြန္ စိတ္ဝင္စားမႈရွိပါတယ္ ။ ေရေမႊးရနံ႔နဲ႔ ပက္သတ္တဲ့ အခ်က္အလက္ေတြကိုလဲ ျဖန႔္ခ်ိမဲ့ရက္နဲ႔ နီးကပ္လာတာနဲ႔ အမွ် ထုတ္ေျပာေတာ့မွာ ျဖစ္ပါတယ္ ‘ လို႔ ေျပာခဲ့ပါတယ္။

၂၀၁၂–၂၀၁၄

၂၀၁၂ ခုႏွစ္က ႏွစ္ဆန္းပိုင္းမွာေတာ့  သူမဟာ ႐ုပ္ရွင္ဘက္ကို ပိုမို အာ႐ုံစိုက္လိုတာေၾကာင့္ ဂီတအလုပ္ေတြကိုေခတၱ ရပ္စဲထားမွာ ျဖစ္ေၾကာင္း ေၾကညာပါတယ္။ အဲ့ဒီႏွစ္မွာပဲ Wizards of Waverly Place စီးရီးကလဲ ေအာင္ျမင္တဲ့ ဇာတ္လမ္းတြဲ ေလးခု ထုတ္အၿပီးမွာ တရားဝင္ အဆုံးသတ္သြားခဲ့ပါၿပီ။ selena က ဒစၥေနး အျပင္ဘက္က ႐ုပ္ရွင္ေလာကကို ထိေတြ႕ခ်င္ခဲ့တာမို႔ Hotel Transylvania (2012) ႐ုပ္႐ုင္မွာ ဝင္ေရာက္ အသံသ႐ုပ္ေဆာင္ပါတယ္။ ဒီ႐ုပ္ရွင္က ၃၇ ႀကိမ္ေျမာက္ တို႐ြန္တို ႏိုင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္မွာ စတင္ထုတ္လႊင့္ျပသခဲ့ၿပီး ၂၀၁၂ ခုႏွစ္ စက္တင္ဘာလမွာ ထြက္ရွိလာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ မင္းသား James Franco ပါဝင္တဲ့ Spring Breakers ( 2013)႐ုပ္ရွင္မွာ သူမအတြက္ ဇာတ္ေကာင္ တစ္ေနရာ ရပါတယ္။ ဒီ႐ုပ္ရွင္မွာေတာ့ သူမကို အရင့္အရင္က ျမင္ေတြ႕ခဲ့ရၿပီးသားပုံစံေတြနဲ႔ မတူပဲ ပိုမို ရင့္က်က္လာတဲ့ ပုံစံမ်ိဳးနဲ႔ ျမင္ေတြ႕ရမွာပါ။ ဒီ ၂၀၁၃ ခုႏွစ္မွာပဲ သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Getaway ႐ုပ္ရွင္လည္း ဆက္တိုက္ဆိုသလို ထြက္လာခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ စီးပြားေရးအရ အရႈံးေပၚမႈေတြ ရွိခဲ့ကာ Selena ကိုလဲ ၃၄ ႀကိမ္ေျမာက္ Golden Raspberry ဆုေပးပြဲမွာ ‘ Worst Actress’ ဆိုတဲ့ ဆုအတြက္ လ်ာထားျခင္း ခံခဲ့ရတဲ့အထိတြန္းပို႔ ခဲ့ပါတယ္။

ဂီတလုပ္ငန္းေတြကို ရပ္စဲထားမယ္လို႔ အေစာပိုင္းကာလေတြမွာ သူမေၾကညာထားတာ ရွိေပမဲ့လည္း ၂၀၁၂ ခုႏွစ္ရဲ႕ ေအာက္တိုဘာလမွာေတာ့ သူမမွာ ဂီတနဲ႔ ပတ္သက္တဲ့ စိတ္ကူး အသစ္အဆန္းေတြက ရွိေနျပန္ပါတယ္။ ဒီအတိုင္းပဲ ေနာက္ပိုင္းမွာေတာ့ သူမမွာ ပထမဆုံး ပြဲဦးထြက္ တကိုယ္ေတာ္ အယ္လ္ဘမ္ ထုတ္ဖို႔ အစီအစဥ္ရွိေၾကာင္း ထုတ္ေျပာလာပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူမေျပာခဲ့တဲ့ အတိုင္း တကိုယ္ေတာ္ အယ္လ္ဘမ္က Lead Single ‘Come and Get it’ ထြက္ရွိလာပါတယ္။ ဒီသီခ်င္းက Billboard Hot 100 က Top Ten List ကို ဝင္ေရာက္ႏိုင္ခဲ့တဲ့ Selena ရဲ႕ ပထမဆုံး သီခ်င္းလည္း ျဖစ္ပါတယ္။

အဲ့ဒီ အယ္လ္ဘမ္ကပဲ ထြက္လာတဲ့ ေနာက္ထပ္ Single ျဖစ္တဲ့ ‘Slow Down’ ကေတာ့ Billboard Chart ရဲ႕ နံပါတ္ ၂၇ ေနရာကို ေရာက္ရွိခဲ့ပါတယ္။ Selena ရဲ႕ Stars Dance Album ကေတာ့ ဇူလိုင္လ ၂၃ ရက္ ၂၀၁၃ ခုႏွစ္မွာ ထြက္လာခဲ့ပါတယ္။ ဒီ Album က Selena အဖို႔ US Billboard 200 Chart မွာ ပထမဆုံး နံပါတ္ ၁ ေနရာအထိ ေရာက္ရွိလာခဲ့တဲ့ တကိုယ္ေတာ္ Album ျဖစ္ၿပီး ထြက္ရွိတဲ့ ပထမအပတ္မွာတငိ ေကာ္ပီေပါင္း ၉ ေသာင္းေက်ာ္ ေရာင္းခ်ခဲ့ရပါတယ္။

၂၀၁၃ ခုႏွစ္ရဲ႕ ဩဂုတ္လမွာ Selena က သူမရဲ႕ Stars Dane Tour ကို စတင္လိုက္ပါတယ္။ ေျမာက္အေမရိကနဲ႔ ဥေရာပတခြင္မွာ လိုက္လံေဖ်ာ္ေျဖအၿပီးမွာေတာ့ Tourကို ၂၀၁၄ ခုႏွစ္အထိ ဆက္လက္က်င္းပဖို႔ စီစဥ္ထားခဲ့ၾကတာပါ။ ဒါေပမဲ့ Sel က’၂၀၁၃ ဒီဇင္ဘာအေရာက္မွာ မိသားစုကို အခ်ိန္ေပးခ်င္တဲ့အတြက္ ဩစေတးလ်နဲ႔ အာရွဘက္ကို ေဖ်ာ္ေျဖမယ့္ အစီအစဥ္ေတြ အားလုံးကို ရပ္စဲခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္ ဇန္နဝါရီမွာေတာ့ Selena ဟာ Wickenburg , Arizona က ကုသေရးစင္တာမွာ ႏွစ္ပတ္ေလာက္ ရွိေနခဲ့တဲ့ အေၾကာင္း သတင္းေတြ အရသိရပါတယ္။ ဒီစင္တာက လူငယ္ေတြမွာျဖစ္တတ္တဲ့ ျပင္းထန္တဲ့ စိတ္ခံစားမႈဆိုင္ရာ တုန္လႈပ္မႈ အစရွိတဲ့ ေဝဒနာေတြကို အထူးကုသေပးတဲ့ ေနရာပါ။ ၂၀၁၄ ခုႏွစ္က ႐ုပ္ရွင္ Behaving Badly ထဲမွာေတာ့ မင္းသား Dylan McDermott နဲ႔ အတူ Selena ပါ ပါဝင္ခဲ့ပါတယ္။ ဒီ႐ုပ္ရွင္က Selena ကုသေရးစင္တာကို ေရာက္ေနကတည္းက ႐ိုက္ကူးဖို႔ လ်ာထားခဲ့တဲ့ အလုပ္ပါ။ ဩဂုတ္လမွာ ဒီ႐ုပ္ရွင္ထြက္ခဲ့ၿပီး ဆိုးဆိုးဝါးဝါးေဝဖန္မႈေတြနဲ႔ ႀကဳံခဲ့ရသလို မူလပထမ ဝတၳဳက စာေရးဆရာကေတာင္ ႐ုပ္ရွင္ကို လက္ခံႏိုင္ျခင္း မရွိခဲ့ပါဘူး ။

အဲ့ဒီေနာက္ ဆက္တိုက္ဆိုသလိုပဲ Rudderless ႐ုပ္ရွင္ ထြက္လာပါတယ္။ ဒီ႐ုပ္ရွင္ကို ဒါ႐ိုက္တာ William H.Macy က ႐ိုက္ကူးခဲ့တာ ျဖစ္ၿပီး မင္းသား Billy Crudup လည္းပါဝင္ပါတယ္။ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံစည္တဲ့ သားတစ္ေယာက္ရဲ႕ အေဖအေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ၿပီး Sel ကေတာ့ သားျဖစ္သူရဲ႕ ေကာင္မေလး ေနရာကေန သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

၂၀၁၄ ရဲ႕ ဧၿပီလ အေရာက္မွာေတာ့ Selena က သူမ မိခင္ Mandy နဲ႔ Mandy ရဲ႕ ေနာက္အိမ္ေထာင္ျဖစ္သူ ( Selena ရဲ႕ Stepdad )ကို သူမ မန္ေနဂ်ာအျဖစ္ကေန အလုပ္ျဖဳတ္လိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ Mandy တို႔ ႏွစ္ဦးက သူမရဲ႕ အႏုပညာလုပ္ငန္း စတင္ကတည္းက စီမံခန႔္ခြဲလာခဲ့ၾကတာပါ။ ေနာက္ပိုင္းမွာေတာ့ ကုမၸဏီ ႏွစ္ခုျဖစ္တဲ့ WME နဲ႔ Brillstein ဟာ Selena ရဲ႕ အႏုပညာလုပ္ငန္းကို ခန႔္ခြဲဖို႔အတြက္ Selena နဲ႔ စာခ်ဳပ္ခ်ဳပ္လိုက္ၾကပါတယ္

Selena ဟာ မန္ေနဂ်ာ အသစ္ေတြ ရလိုက္ေပမဲ့ သူမရဲ႕ ေတးသံသြင္းကုမၸဏီ Hollywood Records နဲ႔ စာခ်ဳပ္ဟာ အဆုံးသတ္သြားခဲ့တာေၾကာင့္ Selena ဟာ Label အသစ္ကို လိုက္ရွာေဖြေနခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္ ႏိုဝင္ဘာလ ၆ ရက္ေန႔မွာ Selena က ‘The Heart Wants What It Wants’ သီခ်င္းကို ထုတ္ၿပီး သူမပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ ဒီ သီခ်င္းက Billboard Hot 100 Chart ရဲ႕ Top Ten List ကို ဝင္ေရာက္ႏိုင္ခဲ့တဲ့ Selena ရဲ႕ ဒုတိယေျမာက္သီခ်င္းျဖစ္လာခဲ့ၿပီး US မွာတင္ ေကာ္ပီေပါင္း တစ္သန္းေက်ာ္ ေရာင္းခ်ခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Selenaက သူမ Label ျဖစ္တဲ့ Hollywood Records နဲ႔ စာခ်ဳပ္အဆုံးသတ္ျခင္း အထိမ္းအမွတ္အျဖစ္နဲ႔ ပထမဆုံး တကိုယ္ေတာ္ Compilation Album ‘For You’ ကို ထုတ္ခဲ့ပါတယ္။ ဒါေပမဲ့လဲ အယ္လ္ဘမ္ကို Promotion လုပ္တာ အလြန္နည္းပါးလြန္းတာေၾကာင့္ ဝင္ေငြအမ်ားအျပား ရရမဲ့အစား ရႈံးနိမ့္ခဲ့ပါတယ္။ ဒီ Album ေလးက Billboard 200 Chart မွာ နံပါတ္ ၂၄ ေနရာအထိသာ ေရာက္ရွိႏိုင္ခဲ့တာပါ။ ၂၀၁၄ ခုႏွစ္ရဲ႕ ႏွစ္ကုန္ပိုင္းမွာေတာ့ Selena နဲ႔ Interscope Records က တရားဝင္ စာခ်ဳပ္ခ်ဳပ္လိုက္ပါေတာ့တယ္။

2015-2016

Interscope Label နဲ႔ Selena အလုပ္တြဲလုပ္မဲ့ ပထမဆုံး တကိုယ္ေတာ္ Album အတြက္ ျပင္ဆင္ေနခ်ိန္မွာ Selena က Zedd ရဲ႕ ဒုတိယ Album ထဲမွာ ပါဝင္မဲ့ Single ‘I want you to know’ ကို အသံသြင္းေပးခဲ့ပါတယ္။ ဒီ သီခ်င္းက ေနာက္ပိုင္းမွာ Billboard Hot 100 Chart ရဲ႕ Top Twenty ထဲကို ဝင္ေရာက္ႏိုင္ခဲ့တဲ့ Selena ရဲ႕ ေလးပုဒ္ေျမာက္ သီခ်င္းေလးလဲ ျဖစ္လာခဲ့သလို RIAA က Platinum Certification ကို ရထားခဲ့တဲ့ သီခ်င္းလဲ ျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ Selena က Pantene ရဲ႕ Brand Ambassador ျဖစ္လာခဲ့ပါတယ္။ ဒီအတြက္ Pantene ကေန Selena ရတဲ့ လစာကေတာ့ $ 3 Million ျဖစ္ပါတယ္။ ၂၀၁၅ ရဲ႕ ဇြန္လ ၂၂ ရက္မွာေတာ့ Selena ရဲ႕ Revival Album က Lead Single ‘ Good For You’ ထြက္လာပါတယ္။ ဒီသီခ်င္း ထြက္ထြက္ၿပီးခ်င္း ပထမတပတ္မွာတင္ ေကာ္ပီေပါင္း တသိန္း ၇ ေသာင္း ေက်ာ္ ေရာင္းခ်ခဲ့ရတယ္။ Billboard Hot 100 မွာလဲ နံပါတ္ ငါး ေနရာအထိေရာက္ရွိခဲ့သလို ‘Mainstream Top 40’ Chart ရဲ႕ ထိပ္ဆုံး နံပါတ္ ၁ ေနရာကို ေရာက္ခဲ့တဲ့ Selena ရဲ႕ ပထမဆုံး သီခ်င္း ျဖစ္လာပါတယ္။ ၂၀၁၅ မွာပဲ Selena က Hotel Transylvania 2 ႐ုပ္ရွင္အတြက္ အသံသြင္းမႈမ်ား ထပ္မံျပဳလုပ္ခဲ့ပါတယ္။ ဒီ ႐ုပ္ရွင္ေလးက စက္တင္ဘာလမွာ ထြက္ရွိခဲ့ၿပီး အေကာင္း ဘက္က ရႈျမင္သုံးသပ္ျခင္းေတြနဲ႔လည္း ေတြ႕ခဲ့ရပါတယ္။ Revival Album ကေတာ့ ၂၀၁၅ ရဲ႕ ေအာက္တိုဘာလ ကိုးရက္ ေန႔မွာ ထြက္လာပါတယ္။ Album က Critics ေတြကေန Positive Reaction ေတြ မ်ားစြာ ရခဲ့သလို Album ရဲ႕ ထုတ္လုပ္မႈအပိုင္းနဲ႔ ခံစားခ်က္အျပည့္ပါတဲ့ အခ်က္ကိုလည္း ေက်နပ္ခဲ့ၾကကာ ခ်ီးမြမ္းမႈေတြ ရွိခဲ့ပါတယ္။ Billboard 200 Chart မွာလဲ တစ္စြဲခဲ့ပါေသးတယ္။

Album ရဲ႕ ဒုတိယ Single အျဖစ္ ထြက္လာတာကေတာ့ Same Old Love ပါ။ ဒီသီခ်င္းဟာလည္း Good For You လိုပဲ Billboard Hot 100 Chart မွာ နံပါတ္ ငါး ေနရာေရာက္ခဲ့သလို ‘Mainstream Top 40’ Chart မွာ နံပါတ္ ၁ ေနရာကို ထပ္ေရာက္ခဲ့တဲ့ Selenaရဲ႕ ဒုတိယ ေျမာက္ သီခ်င္းပါ။ Hands To Myself ကေတာ့ Album ရဲ႕ တတိယေျမာက္ Single ပါ။ ဒီသီခ်င္းက ‘ Mainstream Top 40 ‘ Chart မွာ နံပါတ္ ၁ ေနရာ ေရာက္ခဲ့တဲ့ Selena ရဲ႕ တတိယေျမာက္ သီခ်င္းပါ။ ဒါေၾကာင့္ Selena ဟာ Album တစ္ခုထဲကေန ဒီ Chart မွာ နံပါတ္ ၁ ေနရာကို ၃ ခါရခဲ့တဲ့ အမ်ိဳးသမီးအဆိုေတာ္ ၆ ဦးထဲက တစ္ဦး ျဖစ္ခဲ့ရပါတယ္။ ၂၀၁၆ ခုႏွစ္ရဲ႕ ဇန္နဝါရီ ၂၃ ရက္ေန႔မွာေတာ့ Selena က ‘Saturday Night Live’ ရႈိးပြဲမွာ အစီအစဥ္ တင္ဆက္သူ Ronda Rousey နဲ႔အတူ Musical Guest အျဖစ္ ပါဝင္ခဲ့ပါတယ္။ Revival Tour ကို Selena က ၂၀၁၆ ခုႏွစ္ရဲ႕ ေမလ ၆ ရက္ေန႔မွာ စတင္လိုက္ပါတယ္။ ဒါေပမဲ့ ေျမာက္အေမရိက Asia တခြင္နဲ႔ Oceania တို႔မွာ ေဖ်ာ္ေျဖအၿပီးမွာေတာ့ သူမရဲ႕ က်န္ရွိေနေသးတဲ့ ေတာင္အေမရိကနဲ႔ ဥေရာပက Tour ေတြကို ဖ်က္သိမ္းလိုက္ပါေတာ့တယ္။ ဒီလို လုပ္ရျခင္းအေၾကာင္းကေတာ့ သူမရဲ႕ Lupus ေရာဂါေၾကာင့္ ျပင္းထန္စျပဳလာတဲ့ စိတ္က်ေရာဂါနဲ႔ စိတ္ဖိစီးမႈေတြေၾကာင့္ပါပဲ

Selena က ဟာသ႐ုပ္ရွင္ ‘ Neighbors 2: Sorority RASING ‘ မွာလဲ ဇာတ္ပို႔ ေနရာက ပါဝင္ခဲ့ပါတယ္။ ဒီဇာတ္ကားမွာေတာ့ Selena က Phi Lambda က တကၠသိုလ္ေက်ာင္းသူမ်ားရဲ႕ လူမႈေရး အဖြဲ႕ ဥကၠ႒ အျဖစ္ သ႐ုပ္ေဆာင္ထားတာပါ။ ဒီအေတာအတြင္းမွာ သူမနဲ႔ Charlie PUTH ရဲ႕ သီခ်င္း ‘ we don’t talk anymore’ ကလဲ Chart အခ်ိဳ႕ရဲ႕ Top Ten List ကို ဝင္ေရာက္စ ျပဳေနၿပီ ျဖစ္ေနပါတယ္။ The Fundamentals of Caring အမည္ရွိ ဒရာမာ ႐ုပ္ရွင္မွာလဲ Selena ပါဝင္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ဆက္တိုက္ဆိုသလို မင္းသား James Franco နဲ႔ သူမရဲ႕ In Dubious Battle ႐ုပ္ရွင္လဲ ထြက္လာပါတယ္။ Revival Tour လုပ္ေနစဥ္အေတာအတြင္းမွာေတာ့ Selena က Interscope Label နဲ႔ ထုတ္မဲ့ သူမရဲ႕ ဒုတိယေျမာက္ Album အတြက္ စီစဥ္ေနခဲ့တာပါ။ ဒီ့အတြက္ Tour လုပ္ေနစဥ္မွာ Feel Me လို႔ေခၚတဲ့ သီခ်င္းအသစ္ တစ္ပုဒ္ကိုပါ ေဖ်ာ္ေျဖေပးခဲ့ပါတယ္။ ဒီသီခ်င္းကို ပထမဆုံး ေဖ်ာ္ေျဖမႈအၿပီး ကိုးလ အၾကာမွာေတာ့ Online မွာ Leak လာခဲ့ပါတယ္။ Selena ကေတာ့ ဒီသီခ်င္းကို အခုခ်ိန္မွာ Single အျဖစ္ထုတ္ဖို႔ စိတ္ကူးမရွိေတာ့ပါဘူး ။

Tour ကို ဖ်က္သိမ္းမႈေတြ အၿပီးမွာေတာ့ Selenaက သူမရဲ႕စိတ္က်န္းမာေရး အတြက္ က်န္းမာေရးစင္တာကို ေနာက္တခါ ဝင္သြားခဲ့ၿပီး Social Media ကေနပါ ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ သုံးလ ေက်ာ္ၾကာ ေပ်ာက္ကြယ္ေနမႈအၿပီး ၂၀၁၆ ခုႏွစ္ရဲ႕ American Music Award ဆုေပးပြဲမွာေတာ့ Selena ကို ပထမဆုံး လူျမင္ကြင္းမွာ ျပန္ေတြ႕ခဲ့ၾကရပါတယ္။ ဒီဆုေပးပြဲအတြက္ Selena က Artist of the year နဲ႔ Favourite Pop/Rock ဆု အမ်ိဳးအစား ႏွစ္ခုအတြက္လ်ာထားျခင္း ခံခဲ့ရၿပီး ဒုတိယေျမာက္ဆုကိုေတာ့ သူမရသြားခဲ့ပါတယ္။ ၂၀၁၆ ရဲ႕ ဒီဇင္ဘာလမွာေတာ့ သူမဟာ Luxury brand တစ္ခုျဖစ္တဲ့ Coach ရဲ႕ မ်က္ႏွာစာ ျဖစ္လာပါေတာ့တယ္။ Coach နဲ႔ သူမ စာခ်ဳပ္ခ်ဳပ္လိုက္ၿပီးတဲ့ေနာက္ သူမရတဲ့ လစာကေတာ့ $ 10 Million ပဲ ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္ရဲ႕ ေဖေဖာ္ဝါရီလမွာေတာ့ Selena က သူမရဲ႕ သီခ်င္းသစ္အေၾကာင္းကို Instagram ကေန အရိပ္အႁမြက္ေျပာျပခဲ့ပါတယ္။ ေနာက္ငါးရက္အၾကာမွာေတာ့ DJ KYGO က သူနဲ႔ Selena တို႔ရဲ႕ Collaboration အေၾကာင္းကို ထုတ္ေျပာခဲ့ပါတယ္။ တပတ္အၾကာမွာ Selena နဲ႔ KYGO တို႔က သူတို႔သီခ်င္းအသစ္ရဲ႕ နာမည္ ‘It ain’t me’ ကို အတည္ျပဳခဲ့ၾကၿပီး ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔မွာ ထြက္ရွိလာခဲ့ပါတယ္။ It ain’t me ဟာ Billboard Hot 100 ရဲ႕ Top Ten ေနရာကို ေရာက္ခဲ့ပါတယ္။

ဒီအေတာအတြင္း Selena ဟာ သူမအႀကိဳက္ဆုံး စာအုပ္ျဖစ္တဲ့ 13 Reasons Why ကို စီးရီးတစ္ခုအျဖစ္ ေျပာင္းလဲရာမွာ Executive Producer အျဖစ္လည္းလုပ္ကိုင္ခဲ့ပါတယ္။ Selena က ဒီစီးရီးေလးရဲ႕ ပထမဆုံး Trailer ကို ဇန္နဝါရီလ ၂၅ ရက္ ၂၀၁၇ ခုႏွစ္မွာ စတင္ ျပသခဲ့တာပါ။ စီးရီးကို မတ္လ ၃၁ ရက္ မွာ Netflix ကေန စတင္ထုတ္လႊင့္ခဲ့ပါတယ္။ ဒီပေရာဂ်က္အျပင္ Selena  လုပ္ကိုင္ေနခဲ့တာကေတာ့ သီခ်င္းအသစ္အတြက္ပဲ ျဖစ္ပါတယ္။ ေမလ ၁၁ ရက္အေရာက္မွာေတာ့ သူမ သီခ်င္း Bad Liar ထြက္လာပါတယ္။ သူမဂုဏ္ယူရတဲ့ ဒီသီခ်င္းက အေကာင္းဘက္က ရႈျမင္သုံးသပ္မႈမ်ားစြာနဲ႔ ခ်ီးက်ဴးခံခဲ့ရတဲ့သီခ်င္းျဖစ္ၿပီး bad liar ရဲ႕ Music Video ကိုေတာ့ LGBT လူစုအတြက္ ေနာက္တစ္လအၾကာမွာ pride month မွာထုတ္ေပးခဲ့တာျဖစ္ၿပီး သူမရဲ႕ ေနာက္ထြက္မယ့္ သီခ်င္း Fetish အတြက္ပါ အသိေပးခဲ့ပါတယ္။ Fetish ကေတာ့ ဇူလိုင္လ ၁၃ ရက္ေန႔ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိခဲ့ပါတယ္။ တစ္ေန႔ထဲမွာပဲ Selena သီဆိုထားတဲ့ Stained ဆိုတဲ့ အေဆြးသီခ်င္းေလးက Leak လာခဲ့ပါတယ္။ ၂၀၁၇ ရဲ႕ ဩဂုတ္လမွာ Selena က ဒါ႐ိုက္တာ Woody Allen ႐ိုက္ကူးတဲ့ A Rainy Day in New York ႐ုပ္ရွင္မွာ သ႐ုပ္ေဆာင္ဖို႔ အေ႐ြးခံရပါတယ္။ ႐ုပ္ရွင္ကို နယူးေယာက္ၿမိဳ႕မွာ ႐ိုက္ကူးအၿပီးမွာေတာ့ Selena က ဒီ႐ုပ္ရွင္က ရသမွ် အက်ိဳးအျမတ္အားလုံးကို Time’s Up ပရဟိတ အသင္းခြဲေတြကို ခြဲေဝလႉဒါန္းသြားမွာ ျဖစ္ေၾကာင္းေၾကညာပါတယ္။

စက္တင္ဘာလ အေရာက္မွာေတာ့ Selena က PUMA ရဲ႕ Family ျဖစ္လာပါေတာ့တယ္။ PUMA နဲ႔ သူမ စာခ်ဳပ္ခ်ဳပ္တာဟာ $30 Million ေက်ာ္ ကုန္က်ၿပီး PUMA Campaign ကိုလဲ သူမပဲ ဦးေဆာင္ခဲ့ကာ ဒီ Brand အတြက္ ဖိဖိစီးစီး ေၾကာ္ျငာမ်ား ဆက္တိုက္ဆိုသလို ႐ိုက္ကူးေပးေနခဲ့တာပါ။ အဲ့ဒါအျပင္ Selena နဲ႔ Coach ရဲ႕ ဒီဇိုင္နာတို႔ ပူေပါင္းဖန္တီးထားတဲ့ ‘Selena Grace’ အမည္ရ Coach လက္ကိုင္အိတ္ေတြကိုလဲ စက္တင္ဘာလမွာတင္ နယူးေယာက္ၿမိဳ႕မွာ စတင္ေရာင္းခ်ခဲ့ၾကပါတယ္။ ေအာက္တိုဘာလ ၁၉ ရက္ေန႔မွာေတာ့ သူမနဲ႔ EDM producer ‘MARSHMELLO’ တို႔ဟာ သူတို႔ရဲ႕ သီခ်င္းအသစ္အတြက္ Collaboration အေၾကာင္းကို အသိေပးလာပါတယ္။ သူတို႔ရဲ႕ သီခ်င္းျဖစ္တဲ့ Wolves ကေတာ့ ေအာက္တိုဘာလ ၂၅ ရက္ေန႔မွာ ထြက္လာပါတယ္။ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလကတည္းက PUMA ရဲ႕ Family ျဖစ္ေနခဲ့တဲ့ Selena ဟာ ၂၀၁၈ ခုႏွစ္ရဲ႕ မတ္လအေရာက္မွာေတာ့ သူကိုယ္တိုင္ ဒီဇိုင္းေရးဆြဲထားတဲ့ Sneakers ေတြနဲ႔ ေျခအိတ္ေတြကို PUMA နဲ႔ ပူးေပါင္းၿပီး ထုတ္ဖို႔ စတင္စီစဥ္ပါေတာ့တယ္။ သူမ ပထမဆုံး ဒီဇိုင္းဆြဲခဲ့တဲ့ PUMA ဖိနပ္ေတြဟာ Phenom Lux လို႔ ေခၚၿပီး အလြယ္တကူ ျဖဳတ္ယူ/ တပ္ဆင္ လို႔ရတဲ့ ေျခက်င္းေလးေတြနဲ႔ပါ။ ဒီဖိနပ္ေလးေတြနဲ႔ ေျခအိတ္ေလးေတြက ဧၿပီလ ၆ ရက္ေန႔ကစလို႔ ေဈးကြက္ထဲ စတင္ေရာက္ရွိခဲ့ၿပီး အခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ စေရာင္းၿပီး နာရီ အနည္းငယ္အၾကာမွာတင္ ပစၥည္းအားလုံး ျပတ္လပ္သြားခဲ့တဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။ Selenaရဲ႕ ကိုယ္ပိုင္ဒီဇိုင္း ဖိနပ္ေတြနဲ႔ ေျခအိတ္ေတြကို ေရာင္းခ်လို႔ရတဲ့ အျမတ္ေငြထဲက $ 100,000 ကိုေတာ့ Lupus ေရာဂါကို သုေတသနလုပ္ဖို႔ လႉဒါန္းခဲ့ပါတယ္။

Selena က ၂၀၁၈ ခုႏွစ္ရဲ႕ ဧၿပီလမွာ LA က We Day California အခမ္းအနားကို တက္ေရာက္ခဲ့ပါတယ္။ ဒီ အခမ္းအနားမွာပဲ ရွားပါးတဲ့ ေက်ာက္ကပ္ေရာဂါကို ခံစားေနရတဲ့ သူမပရိသတ္ေလး Nellie Mainor ကို ပရိသတ္နဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ရဲ႕ ေမလမွာ Selena က သူမထုတ္လုပ္တဲ့ 13 Reasons Why စီးရီး ဒုတိယ ဇာတ္လမ္းတြဲအတြက္ ဇာတ္ဝင္ေတးျဖစ္တဲ့ Back To You ကို ထုတ္ေပးပါတယ္ ဇြန္လဆန္းပိုင္းမွာေတာ့ Selenaက သူမရဲ႕ ေလးခုေျမာက္ Emmy Award ကို ” 13 Reasons Why ” Serie နဲ႔ ထပ္မံရရွိသြားခဲ့ပါတယ္။ သူမ ထုတ္လုပ္တဲ့ ဒီ Series ေတြက Society မွာ အေကာင္းဘက္က ရႈျမင္ျခင္းေတြနဲ႔ လႊမ္းၿခဳံေပးႏိုင္တဲ့ အတြက္ပါတဲ့ ။ အဲ့ဒါအျပင္ IGTV အတြက္ Selena ရဲ႕Project အသစ္ေလးဟာလဲ ဇြန္လကုန္ခါနီးမွာ ထပ္ထြက္လာပါတယ္။ IGTV ဆိုတာဟာ Instagram ရဲ႕ Tool အသစ္ျဖစ္ၿပီး 15 စကၠန႔္ကေန 60 မိနစ္ေလာက္အထိ ရွည္တဲ့ Video Clip ေတြကို တင္လို႔ရတဲ့ လုပ္ေဆာင္ခ်က္တစ္ခု ျဖစ္ပါတယ္။ Selena ကေတာ့ ဒီ Instagram ရဲ႕  Platform အသစ္မွာ ပထမဦးဆုံး Video ကို တင္တဲ့သူ ျဖစ္ပါတယ္။

သူ႔ရဲ႕ Video ေလးကေတာ့ A love story လို႔ေခၚၿပီး Fetish mv ရဲ႕ Directorလည္းျဖစ္သလို Selena ရဲ႕ သူငယ္ခ်င္းလည္း ျဖစ္တဲ့ Petra Collins ကပဲ ႐ိုက္ကူးေပးထားတာပါ။ Selena က Hotel Transylvania 3 ႐ုပ္ရွင္ရဲ႕ Mavis ကာ႐ိုက္အတြက္ အသံသြင္းမႈေတြလဲ ထပ္မံျပဳလုပ္ခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္ရဲ႕ ဇူလိုင္လမွာ ထြက္ရွိခဲ့တာပါ။ ဇူလိုင္လ ၁၃ ရက္ေန႔ ၂၀၁၈ မွာေတာ့ ေလာ့စ္အိန္ဂ်လိစ္ က အစိုးရေရွ႕ေနမ်ားက နယူးဂ်ာစီ အမ်ိဳးသမီးတစ္ဦးကို ထိန္းသိမ္း အေရးယူလိုက္ေၾကာင္း ေၾကညာပါတယ္။ ဒီအမ်ိဳးသမီးက Selena ပိုင္ဆိုင္တဲ့ Email acc ေတြကို Hack ၿပီး Selena ရဲ႕ Instagram acc မွာလဲ ပုံေတြ ဝင္တင္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ထဲမွာတင္ ေၾကညာခဲ့တာကေတာ့ Selena ဟာ ဒါ႐ိုက္တာ Stephan GHGHAN ႐ိုက္ကူးတဲ့ The Voyage of Dr Dolittle ႐ုပ္ရွင္မွာ ဝင္ေရာက္ အသံသ႐ုပ္ေဆာင္မယ္ဆိုတာပဲ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဟာ ဧၿပီလ ၁၉ ရက္ ၂၀၁၉ ခုႏွစ္မွာ ထြက္လာမွာ ျဖစ္ပါတယ္။ Selena က Jim Jarmusch ရဲ႕ ႐ုပ္ရွင္ The Dead Don’t Die မွာလဲ ပါဝင္လာဦးမွာပါ။ Selena ပာာ02 NOVEMBER 2022မွာေတာ့ My mind and me documentary releaseလုပ္ထားပါေသးတယ္။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*