အောက်ပိုင်းသေနေတဲ့ စွမ်းအားရှင်

စီးပွားပျက်နေသော အမေရိကန်ကို ပြိုင်ဘက်ကင်းနိုင်ငံအဖြစ်သို့ ပြောင်းလဲပေးခဲ့သူကတော့ အောက်ပိုင်းသေနေတဲ့ သမ္မတကြီး ဖရင်ကလန်ဒီ ရုစဘဲ့ (FDR) ပဲဖြစ်ပါတယ်။

ယနေ့အထိ အုပ်ချုပ်ခဲ့ပြီးသမျှအမေရိကန် သမ္မတ ပေါင်း ၄၄ ဦးထဲမှာ ဘယ်သူမှ သက်တမ်း(၈)နှစ် ထက်ပိုပြီး မအုပ် ချုပ်ခဲ့ကြရပါဘူး။ ရုစဘဲ့ တစ်ဦး တည်းသာ အခြေအနေရဲ့ လိုအပ် ချက်အရ တိုင်းပြည်ကို (၁၂)နှစ်ကြာ သေတဲ့အထိ အုပ်ချုပ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

သူဌေးသားတစ်ဦးဖြစ်တဲ့ ရုစဘဲ့ဟာ ငယ်စဉ်တုန်းက ပြီးပြည့်စုံတဲ့ဘဝမှာ နေခဲ့ရတာပါ။ အသက် ၂၈ နှစ်မှာတော့တစ်ချိန်မှာ နိုင်ငံ့အကြီးအကဲအထိ ဖြစ်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ယုံကြည်ချက်နဲ့ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပါတယ်။

သူ့ရဲ့ အရည်အချင်းကြောင့် မကြာမီမှာပဲ ဆီးနိတ်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ အသက် (၃၁)နှစ်မှာတော့ ရေတပ်လက်ထောက် အကြီး အကဲအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။

ဒီအခါမှာလည်း ဥပဒေဘွဲ့ရအရပ်သားတစ်ဦးဖြစ်တဲ့ ရုစဘဲ့ဟာ ရေတပ်ပညာနဲ့ ပတ်သက်ပြီး စာအုပ် ပေါင်း သောင်းဂဏန်းထိ လေ့လာခဲ့ပြီးရေတပ်ဗိုလ်ချုပ်ကြီးတွေနဲ့ ရင်ပေါင် တန်းနိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။

သူအရမ်းအားသန်တဲ့ စစ်ဆင်ရေး ကိစ္စတွေမှာ ပါဝင်ခွင့်မရခဲ့ပေမယ့် ရေတပ်မတော်ကြီး ခေတ်မီတိုးတက်ရေးမှာတော့ သူ့ရဲ့Boss Danielထက်တောင် ပိုပြီးထက်သန်ခဲ့ပါတယ်။

ဒါကလည်း ရုစဘဲ့ဟာ ပထမကမ္ဘာစစ်ကြီးထဲမှာ မလွဲမသွေ ဝင်ပါရတော့မယ့် အမေရိကန်ရဲ့ အခြေအနေကိုကြိုတင်တွက်ချက်နိုင်ခဲ့လို့ပါပဲ။ ဒါကြော ဥပဒေအကန့် အသတ်တွေ ကြားထဲက လွှတ်တော်မှာ ဘတ်ဂျက်ရအောင်စည်းရုံး စွမ်းဆောင်ပြီးတော့ သူ့ရဲ့ စီမံခန့် ခွဲမှုနဲ့ Logistic ကျွမ်းကျင်မှုတွေ နဲ့ ရေတပ်မတော်ကို တိုးချဲ့နိုင်ခဲ့ပါတယ်။

သူ့ ရဲ့ အမြော်အမြင်ရှိရှိ ဆောင်ရွက်နိုင်ခဲ့မှုတို့ကြောင့် ၁၉၁၇ ခုနှစ်မှာ အမေရိကန်ဟာ ခိုင်မာတောင့်တင်းတဲ့ရေတပ်မတော်နဲ့ အတူ ပထမမ္ဘာစစ်ထဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။

အသက် (၃၉) နှစ်မှာ ရုစဘဲ့ရဲ့ တည်ငြိမ် ငြိမ်းချမ်းတဲ့ဘဝကို ကြမ္မာ မုန်တိုင်းကြီး ဝင်ရောက်ဖျက်ဆီးပါတော့တယ်။ သူ့ကြွက်သားတွေဟာ တဖြည်း ဖြည်း အားနည်းလာပြီး အောက်ပိုင်း လုံးဝသေတဲ့ ဒုက္ခိတဘဝ ရောက်ရပါတော့တယ်။

အများသူတကာဆိုရင် တော့ လှုပ်ရှားမှုတွေကို ဖြတ်၊ တက်ကြွ တဲ့ဘဝကို ဒီမှာတင်ရပ်ကာ သူနာပြုတွေ က တွဲ၊ အိပ်ရာထဲမှာပဲ လဲနေခဲ့မှာပါ။ ရုစဘဲ့အတွက်တော့ ကံကြမ္မာဆိုးတွေ ဟာ သူ့ရဲ့ယုံကြည်ချက်ကို အလဲမထိုး နိုင်ခဲ့ပါဘူး။

ခန္ဓာကိုယ်တစ်ဝက် ပြိုပျက်သွားပေမယ့် ငါ တစ်ရက် သမ္မတ ကြီးဖြစ်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒကတော့ဖြင့် ပျက်ပြားမသွားဘဲ ခိုင်မြဲနေ ဆဲပါ။ ဒီလိုနဲ့ ကြွက်သားတွေ သေသွားပေမယ့် ဘယ်တော့မှ မသေနိုင်တဲ့ စိတ်စွမ်းရည်တွေနဲ့ အသက်  မှာ သူ့ရဲ့ ဒုတိယဘဝကို ပြန်စခဲ့ပါတယ်။

အသက် (၃၉) နှစ်မှာ ရုစဘဲ့ရဲ့ တည်ငြိမ် ငြိမ်းချမ်းတဲ့ဘဝကို ကြမ္မာ မုန်တိုင်းကြီး ဝင်ရောက်ဖျက်ဆီးပါတော့တယ်။

သူ့ကြွက်သားတွေဟာ တဖြည်း ဖြည်း အားနည်းလာပြီး အောက်ပိုင်း လုံးဝသေတဲ့ ဒုက္ခိတဘဝ ရောက်ရပါတော့တယ်။ အများသူတကာဆိုရင် တော့ လှုပ်ရှားမှုတွေကို ဖြတ်၊ တက်ကြွ တဲ့ဘဝကို ဒီမှာတင်ရပ်ကာ သူနာပြုတွေ က တွဲ၊ အိပ်ရာထဲမှာပဲ လဲနေခဲ့မှာပါ။

ရုစဘဲ့အတွက်တော့ ကံကြမ္မာဆိုးတွေ ဟာ သူ့ရဲ့ယုံကြည်ချက်ကို အလဲမထိုး နိုင်ခဲ့ပါဘူး။ ခန္ဓာကိုယ်တစ်ဝက် ပြိုပျက်သွားပေမယ့် ငါ တစ်ရက် သမ္မတ ကြီးဖြစ်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒကတော့ဖြင့် ပျက်ပြားမသွားဘဲ ခိုင်မြဲနေ ဆဲပါ။ ဒီလိုနဲ့ ကြွက်သားတွေ သေသွားပေမယ့် ဘယ်တော့မှ မသေနိုင်တဲ့ စိတ်စွမ်းရည်တွေနဲ့ အသက်  မှာ သူ့ရဲ့ ဒုတိယဘဝကို ပြန်စခဲ့ပါတယ်။

သူ့ရဲ့ ပထမ ရက်၁ဝဝအတွင်းမှာပဲ ‘New Deal’ လို့ နာမည်ကြီးခဲ့တဲ့ စီမံချက်ကို ချမှတ်ပြီး စီးပွားပျက်ကပ်ကိုပြန်လည် ချေဖျက်ခဲ့ပါတယ်။ သူ့ရဲ့ ဆန်းသစ် ထူးခြားလှတဲ့ အလုပ်လက်မဲ့ တိုက်ဖျက်ရေး ဗျူဟာတွေဟာဆင်းရဲသားတွေ အလျင် အမြန် အကျိုးခံစားရတဲ့ Quick Win တွေ ဖြစ်ခဲ့ပါတယ်။

ဘဏ်တွေကို စနစ်တကျပြန်လည် စိစစ်ရုံမျှမက သူ့ရဲ့ သမိုင်းဝင်မိန့် ခွန်းတွေကြောင့် လူထုဟာ ဘဏ်တွေကို ပြန်လည်ယုံကြည်လာ ခဲ့ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လယ်ယာကဏ္ဍ ခေတ်မီတိုးတက် ရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး ဒီရည်မှန်းချက် ၃ ရပ်ကို ဗျူဟာချိတ်ဆက် ၃ strategy mapနဲ့ နိုင်ငံ့စီးပွားတက်အောင် လုပ်နိုင်ခဲ့တဲ့ ရုစဘဲ့ဟာ ပြိုင်ဖက် တွေကိုအပြတ်ဖြတ်ကာ သမ္မတဒုတိယသက်တမ်းကို ဆက်လှမ်းနိုင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာတဲ့ အခါမှာတော့ ဝှီးချဲနဲ့ ဘဝကို ဖြတ်သန်း နေရတဲ့ရုစဘဲ့ဟာ မဟာမိတ်တပ်ပေါင်းစုတစ်ခုလုံးရဲ့ ပဲ့ကိုင်ရှင်တစ်ဦး ဖြစ် လာခဲ့ရပါတယ်။ ကမ္ဘာစစ်ကြီး စချိန်မှာတော့ အမေရိကန် နိုင်ငံရေးသမား ကြီးတွေဟာ စစ်ပွဲကိုလက်ရှောင်ပြီး ကြားနေဖို့ အားသန်ခဲ့ကြတာပါ။

တစ် နေ့နေ့မှာ မလွဲမရှောင်သာစစ်ပွဲထဲဝင်ရမယ်ဆိုတာကြိုမြင်ခဲ့တဲ့ ရုစဘဲ့ကတော့ ဥပဒေအကန့်အသတ်တွေကြားထဲကပဲကြိုတင်အစီအမံချမှတ်ဆောင်ရွက်ခဲ့ရပါတယ်။

ဂျာမန်နဲ့ ဂျပန်တို့ ရဲ့ အကွက်ကို ကြိုတွက်ထားတဲ့ ရိုစဘဲ့ဟာ ဂျာမန်ကို အာခံဖို့ အင်္ဂလန်ကို ပံ့ပိုးခဲ့သလို ဂျပန်တပ်ကို ထိန်းကွပ်ဖို့ အတွက် တရုတ် တို့နဲ့ ဗျူဟာမြောက် ဆက်ဆံရေးကို ထူထောင်ထားခဲ့ပြီး အကူအညီတွေ ပေးခဲ့ပါတယ်။

အမေရိကန် ကမ္ဘာစစ်ကြီးထဲ ဝင်လာရတဲ့အခါမှာလည်း အင်္ဂလန် နန်းရင်းဝန် ချာချီနဲ့ ပူးတွဲပြီး အောင်နိုင်ရေးဗျူဟာတွေ ရေးဆွဲခဲ့ရပါတယ်။ (တစ်ခါမှာတော့ အန္တရာယ်များလို ချာချီက တားတဲ့ကြားကပဲ အင်္ဂလန်ရေလက်ကြားကို ဖြတ်ပြီး ဂျာမန်ကို အလစ်အငိုက်တိုက်ကာ ပြင်သစ်ကို ကယ်မဲ့ဗျူဟာကို ဦးဆောင်ခဲ့ပါသေးတယ်)။ ဆိုဗီယက် (ယခုရုရှား)သမ္မတ စတာလင်အပါအဝင်ကြီး ၃ ကြီးဖွဲ့စည်းခဲ့ရာမှာလည်း ခက်ထန်တဲ့ ကွန်မြူနစ်ကြီးစတာလင်နဲ့ စာအုပ်ကြီးသမား ချာချီတို့ကြားမှာ အမြဲညှိနှိုင်းပြီး ဦးဆောင်မှုပေးခဲ့ရပါတယ်။

မဟာမိတ်တပ်ပေါင်းစုပဲ့ကိုင်ရှင်ရုစဘဲ့နဲ့ ဝင်ရိုးတန်းတပ်ပေါင်းစုရဲ့ ပဲ့ကိုင်ရှင် ဟစ်တလာတို့၏ ဗျူဟာ စီးချင်းထိုးတိုက်ပွဲမှာ ဟစ်တလာဟာ အင်္ဂလန်နဲ့ ဆိုဗီယက် ကို တစ်ပြိုင်တည်း စစ်ဆင်လိုက်တာ ဟာ သူ့ရဲ့ မဟာဗျူဟာ မှားကွက်တစ် ခုပဲ ဖြစ်ပါတယ်။

ရုစဘဲ့ကတော့ ဟစ်တလာနဲ့မတူဘဲ ‘ဂျာမန်ပထမဗျူဟာ’ ကို တစိုက်မတ်မတ် စွဲကိုင်ထားခဲ့တာပါ။ ဂျာမန်၊ အီတလီ၊ ဂျပန်ဝင်ရိုးတန်း ၃ နိုင်ငံအနက် ရှိသမျှ အရင်းအမြစ်တွေ ပုံအောပြီး ဂျာမန်ကိုပဲ ဦးတည်ချေမှုန်းခဲ့တာ ဖြစ်ပါတယ်။ ဒါကလည်း ဂျာမန်ဟာ နျူကလီးယားနဲ့ အခြားဖျက် အားပြင်းလက်နက်တွေ အချိန်မရွေးထုတ်လုပ်အောင်မြင်နိုင်ခြေရှိတဲ့အတွက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဂျပန်က စစ်မကြေငြာဘဲ ပုလဲဆိပ်ကမ်းကို ဝင်တိုက်ခဲ့တာတောင်မှ ရုစဘဲ့ဟာ စိတ်ကိုတည်ငြိမ် စွာထားပြီး ဂျာမန်ကိုပဲ ပထမထား ဦးတည်ချေမှုန်းတဲ့ ဗျူဟာကိုဆက်လက် စွဲကိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ ရုစဘဲ့ဟာ ဗျူဟာစီးချင်းထိုးပွဲမှာ ဟစ်တလာကို အလဲထိုးနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းရည်ပြောင်မြောက်မှုတွေကြောင့် ၁၉၄ဝ ဒုတိယသမ္မတသက်တမ်း နှစ်ပြည့်ချိန်မှာတော့ ဒုတိယကမ္ဘာစစ်ကြီးကိုဆက်လက်ဦးဆောင်နိုင်မဲ့ ရုစဘဲ့ကိုပဲအစဉ်အလာကို ချိုးဖောက်ပြီး သမ္မတကြီးအဖြစ် ဆက်လက် တင်မြှောက်ခဲ့ရပါတယ်။ 

Ref: ဒေါက်တာအေးကျော်


Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*