မြေတောက်ပဲ (Kidney Beans) ရဲ့  ကျန်းမာရေး အကျိုးကျေးဇူးများ

ဒီပဲဟာ သိပ္ပံနာမည် (Phaseolus Vulgaris) ခေါ်တဲ့ ပေါင်းပင်အမျိုးအစားဖြစ်ပါတယ်။ မူရင်းဇာတိကတော့ မက္ကစီကိုနှင့် အမေရိကားအလည်ပိုင်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာအနှံ့ ပျံ့နှံ့လျှက်ရှိပါတယ်။ ပရိုတင်းဓာတ်များစွာပါလို့ အသားအစားထိုး ဟင်းလျာအဖြစ် စားသုံးကြပါတယ်။ ပဲစေ့တစ်ခွက်စာမှာ ပရိုတင်းဓာတ်၁၅ဂရမ် ပါရှိပါတယ်။ ဒီပဲမှာ (copper, iron, manganese, phosphorus, molybdenum, vitamins B1 and folate) ဓာတ်တို့ပါဝင်ပါတယ်။ အမျှင်ဓာတ်မြင့်မားစွာ ပါဝင်ပြီး၊ သကြားဓာတ် (Gl) ပါဝင်မှုနည်းပါးတဲ့အတွက် ဆီချိုသမားများအတွက် အကောင်းဆုံးဖြည့်စွက်စာ ဖြစ်ပါတယ်။

ဒီပဲမှာ ကစီဓာတ်(ကာဘိုဟိုက်ဒရိတ်)၊ ဗီတာမင်ဘီ နှင့် အန်ပယ်ရတ်ဖေ့(အမျှင်ဓာတ်) တွေ ပါတဲ့အတွက် အစာခြေစနစ်ကို ချောမွေ့စေပြီး ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။ ထို့အပြင် ဒီမြေထောက်ပဲ(Kidney Beans)များတွင် (isoflavone and flavonoid antioxidants) အများအပြား ပါဝင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးကာ သွေးပေါင်ချိန်ရုတ်တရက်တိုးလားခြင်းကို ကာကွယ်ပေးပါတယ်။ နှလုံးကြွက်သား လုပ်ဆောင်မှုနှင့် နှလုံးကျန်မာရေးကိုလည်း အထောက်အကူပြုပါတယ်။ မြေထောက်ပဲ(Kidney Beans)များတွင် အာဟာရဓာတ်များကြွယ်ဝစွာ ပါဝင်သောကြောင့် သွေတွင်းသကြားဓာတ်ကို ထိန်ညှိပေးခြင်း၊ ကိုလက်စထရောကို လျှော့ချပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်းအပါအဝင် ကျန်မာ‌ရေးအကျိုးကျေးဇူးများစွာကို ပေးစွမ်းပါတယ်။ အကျိုးကျေးဇူးများလွန်းလို့ (a treasure trove of bioactive compounds)လို့တောင် ခေါ်ကြပါတယ်။

မြေထောက်ပဲ(Kidney Beans)တွင် ကြွယ်ဝစွာပါဝင်တဲ့ (isoflavones)ဓာတ်ဟာ အစွမ်းထက်သော (phytoestrogens)အဖြစ် လုပ်ဆောင်ပါတယ်။ ၎င်းဟာ ရင်ပူတာတွေကို သက်သာစေခြင်း၊ အမျိုးသမီးများအတွက် ဓမ္မတာမှန်စေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို အရိုးပွခြင်းကိုလည်း ကာကွယ်ပေးပါတယ်။မြေထောက်ပဲ(Kidney Beans)တွင်ပါဝင်တဲ့ (Anthocyanin Pelargonidin)ဓာတ်ကလည်း နှလုံး‌ရောဂါဖြစ်နိုင်ခြေကို တားဆီးပေးပါတယ်။

အတိုချုပ်ရရင်တော့ kidney beans ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်၊ သွေးတိုးခြင်းကို ကာကွယ်‌ပေးတယ်၊ ကိုယ်အလေးချိန်ကို ကျစေတယ်၊ ကင်ဆာကို ကာကွယ်တယ်၊ နှလုံး‌ရောဂါဖြစ်နိုင်ခြေကို တားဆီးပေးတယ်၊ အရိုးကိုသန်မာစေတယ် အစရှိသဖြင့် ကောင်းကျိုးများစွာ ပေးပါတယ်။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*