ထိုင်းနှင့်ဆော်ဒီ ကြားက မဖြေရှင်းနိုင်ခဲ့တဲ့ လျို့ဝှက်ဖြစ်စဉ်

 ၁၉၈၉ခုနှစ်လောက်က ဆော်ဒီမင်းသားတစ်ပါးရဲ့  နန်းတော်မှာ နေ့တံခါးစောင့် အလုပ်ကို လုပ်ကိုင်ခဲ့တဲ့ ထိုင်းအလုပ်သမားတစ်ယောက်က အမေရိကန်ဒေါ်လာ သန်း၂၀လောက် တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာကို ခိုးယူခဲ့ပြီးတဲ့နောက် ၂နိုင်ငံ သံတမန်ဆက်ဆံရေး ကျဆင်းခဲ့ပါတယ်။

ရှားပါး အပြာ‌ရောင်စိန် အပါအဝင် ကျောက်မျက်ရတနာများစွာကို ယခုထိ ပြန်လည်ရယူနိုင်ခြင်း မရှိသေးပါဘူး။ အဆိုပါ ကျောက်မျက်ရတနာ ခိုးယူမှု ဖြစ်စဉ်ဟာ ထိုင်းနိုင်ငံက မဖြေရှင်းနိုင်းတဲ့ အကြီးမားဆုံး လျို့ဝှက်ဆန်းကြယ် ဖြစ်ရပ်တစ်ခုဖြစ်ပြီး ရဲဗိုလ်ချုပ်အချို့  ပါဝင်ပတ်သက်နေပါတယ်။  

ခိုးယူမှုဖြစ်စဉ်အပြီး နောက်တနှစ်မှာ ထိုင်နိုင်ငံမှာရှိတဲ့ ဆော်ဒီသံအမတ်တွေဟာ တစ်ညအတွင်း သီးခြားလုပ်ကြံမှု ဖြစ်စဉ်သုံးခုအတွင်း သတ်ဖြတ်ခံခဲ့ရပါတယ်။ အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ သက်သေများအနက် တစ်ဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် မစ္စတာမိုဟာမက် အယ်လ်ယူဝိုင်လီလည်း နောက်တစ်လအကြာမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။

ဒီပြဿနာကြောင့် နှစ်ဖက်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများအပြင် ထောင်သောင်းချီတဲ့ ထိုင်နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရသည်အထိ ဖြစ်ခဲ့ပါတယ်။ နှစ်နုင်ငံကြား ကတောက်ကဆအပြီးမှာ  ထိုင်နိုင်ငံက ရေနံပေါကြွယ်ဝတဲ့ စေားဘွားနိုင်ငံနဲ့ ဆက်ဆံရေး ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်ဖို့ ဆန္ဒရှိနေပါတယ်။ ဒါကြောင့် ဇန်နဝါရီလ ၂၅ရက်နေ့က ထိုင်းဝန်ကြီးချုပ်က ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆင်ရဲ့ ဖိတ်ကြားချက်အရ ဆော်ဒီအာရေးဗီးယားနိုင်ငံကို နှစ်ရက်ကြာ သွား‌ရောက်မှာ ဖြစ်ပါတယ်။ လက်ဝတ်ရတနာခိုးယူမှု ကိစ္စကြောင့် သံတမန်ဆက်ဆံရေး ဆယ်စုနှစ် ၃ခုနီးပါး ပြတ်တောက်ခဲ့ပြီးနောက် အခုတွေ့ဆုံမှုဟာ နှစ်နိုင်ငံအကြား  ပထမဆုံး အဆင့်မြင့် အစည်းအဝေး ဖြစ်လာမှာပါ။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*