ဗျူဟာမြောက်လေဆိပ် ဟော့စ်တိုမယ်(Hostomel) ကနေ ရုရှားတပ်တွေ ဆုတ်သွားပြီလို့ ယူကေထောက်လှမ်းရေးပြော

ယူကရိန်းနိုင်ငံရဲ့  မြို့တော်ကိယက်ဗ်(Kyiv)နားက ဟော့စ်တိုမယ်(Hostomel) လေဆိပ်ကနေ ရုရှားတပ်တွေ ဆုတ်ခွာသွားကြပြီလို့ ယူကေ စစ်ထောက်လှမ်းရေးက ပြောပါတယ်။

ရုရှားတပ်တွေ မြို့တော် ကိယက်ဗ်(Kyiv)နားကနေ ဆုတ်ခွာနေသလို ယူကရိန်းတပ်တွေကလည်း မြို့တော် ကိယက်ဗ်(Kyiv)နားဆီ ဆက်ပြီး တိုးလာနေတယ်လို့ စနေနေ့က ယူကေ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ယူကရိန်းက အရှေ့ဘက်ပိုင်းတစ်လျှောက်ကရွာတွေကို ပြန်ပြီး ရနေပါပြီ။ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားပြီးတဲ့နော ယူကရိန်းတပ်တွေဟာ အရှေ့ခြမ်းမှာ လုံခြုံတဲ့ အခြေအနေတစ်ခု ရနေပါပြီလို့လည်း ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်တည်းက စတင်ခဲ့တဲ့ စစ်ပွဲဟာ ဟော့စ်တိုမယ်(Hostomel)မှာ ပြင်းထန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ထို့နောက် ရုရှားလေတပ်တွေဟာ ဒီကုန်တင်လေဆိပ်ကို ခြေကုပ်စခန်းအဖြစ် သိမ်းဖို့ ရောက်လာခဲ့တာပါ။

သေးငယ်လှတဲ့ ဟော့စ်တို(Hostomel)မယ်ဟာ မဟာဗျူဟာအရ အရေးကြီးတဲ့ မြို့ဖြစ်သလို ဒီနေရာဟာ စစ်ပွဲမတိုင်ခင်က နိုင်ငံရဲ့ အရေးကြီးဆုံး လေတပ်စခန်း တစ်ခုနဲ့ နိုင်ငံတကာ အဓိက ကုန်တင်ကုန်ချ လေဆိပ် တစ်ခုဖြစ်ခဲ့ပါတယ်။

Zawgyi







Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*