အလုပ်လာလျှောက်သူတွေကို မျက်နှာဖုံး စွပ်ခိုင်းခဲ့တဲ့ ကုမ္ပဏီ

ရုပ်ရည်ချောမောလှပသူတွေကို မျက်နှာလိုက်ပြီး အလုပ်ခန့်တာမျိုး မဖြစ်စေဖို့ တရုတ်ကုမ္ပဏီတစ်ခုက အလုပ်လာလျှောက်သူတွေကို အင်တာဗျူး လာဖြေတဲ့အခါ မျက်နှာဖုံးစွပ်လာခိုင်းခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ချန်ဒူမြို့အခြေစိုက် ချန်ဒူ အန့် လော့ဂျစ်စတစ် ကုမ္ပဏီမှာ အလုပ်လာလျှောက်သူတစ်ယောက်က ဒီအကြောင်းကို ဗီဒီယိုရိုက်ပြီး တရုတ်လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။အဲဒီဗီဒီယိုထဲမှာ အလုပ်လာလျှောက်သူတွေရော၊ အင်တာဗျူးတဲ့သူပါ မျက်နှာဖုံးစွပ်ထားတာကို တွေ့မြင်နိုင်ပါတယ်။

ရုပ်ရည်သွင်ပြင်ထက် အရည်အချင်းကို ကြည့်ပြီး အလုပ်ခန့်ဖို့ ကြိုးစားတဲ့
ချန်ဒူ အန့် လော့ဂျစ်စတစ် ကုမ္ပဏီရဲ့လုပ်ရပ်ကို လူသန်းပေါင်းများစွာက ချီးကျူးခဲ့ကြပါတယ်။

Zawgyi




Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*