ဘူးခွံတွေအပြည့်ပါတဲ့ စက်ဘီးနဲ့ မိခင်ဖြစ်သူ ပြန်လာတာကို မြင်ပြီး မိခင်ကို တွန်းကူရန် မတွန့်ဆုတ်ခဲ့တဲ့ လှပစွာ ၀တ်ဆင်ထားတဲ့မိန်းကလေး

Unicode

ငွေအလုံအလောက်မရှိတဲ့ မိဘတွေအတွက် သားသမီးတွေကို ပြုစုစောင့်ရှောက်ရတာဟာ မလွယ်ကူလှပါဘူး။ မိဘတစ်ဦးစီက မတူညီတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ သားသမီးကို ပျိုးထောင်နိုင်ရန် ရွေးချယ်ခဲ့ရပါတယ်။

မကြာသေးမီက မိန်းကလေးတစ်ဦးဟာ သူမရဲ့အမေကို စက်ဘီးတွန်းကူပေးနေတဲ့ အခိုက်အတန့်က အင်တာနက်သုံးသူတွေရဲ့ ချက်ချင်းဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဒီမိန်းကလေးရဲ့ မိခင်က ဘူးခွံတွေကို စုဆောင်းသူအဖြစ် အလုပ်လုပ်ပါတယ်။ မနက်အစောကြီးကတည်းက သူမရဲ့ မိခင်ဟာ ဘူးခွံတွေ ကောက်ဖို့ အိမ်ကနေ ထွက်သွားခဲ့ပါတယ်။

မိန်းကလေးဟာ ကျောင်းကပြန်လာတော့  လမ်းရဲ့အစမှာ စောင့်ဆိုင်းနေပြီး ခဏအကြာမှာ မိခင်က ပလပ်စတစ်ဗူးတွေ၊ စက္ကူပုံးတွေ၊ အမှိုက်တွေ အပြည့်ပါတဲ့ စက်ဘီးနဲ့ ပြန်လာတော့ မိန်းကလေးက ချက်ချင်း အမြန်ပြေးပြီး သူ့အမေကို တွန်းကူခဲ့ပါတယ်။

ဒီပုံရိပ်ကို မျှဝေပြီးနောက် လူအများစုမှာ မိသားစုအခြေအနေကို နားလည်တတ်ပြီး မိဘကို ရိုသေတဲ့ မိန်းကလေးကို ချီးမွမ်းကြပါတယ်။ ဒီနွေးထွေးတဲ့ အခိုက်အတန့်က လူများစွာရဲ့ ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ သင်ခန်းစာများကို သိမြင်နားလည်စေပါတယ်။

Zawgyi






Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*