The Antonov AN-225 Mriya လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်ကြီးဟာ ရုရှားကျူးကျော်စဉ်အတွင်း ဖျက်ဆီးခံလိုက်ရလို့ လေကြောင်းလောကမှာ ထိတ်လန့်ဝမ်းနည်းမှုတွေ ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ ဒီလေယာဉ်ကြီးဟာ အရှည် ၈၄မီတာနှင့် အလေးချိန် ၂၈၅၀၀၀ကီလိုဂရမ် ရှိပါတယ်။ ၁၉၈၀ခုနှစ်များအတွင်း Antonov Design Bureau မှဒီဇိုင်းထုတ်ထားတဲ့ မဟာဗျူဟာမြောက် ကုန်တင်လေယာဉ်အမျိုးအစားဖြစ်ပြီး ၂၁.ဒီဇင်ဘာ.၁၉၈၈ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ပျံသန်းခဲ့ပါတယ်။
ရုရှားကျူးကျော်စဉ်အတွင်းမှာ Mriyaကို ကိယက်ဗ်မြို့နားက Hostomel လေယာဉ်ကွင်းမှာ ရပ်နားထားခဲ့တယ်လို့သိရပါတယ်။ ရုရှားက ကျွန်တော်တို့ရဲ့ Mriyaကို ဖျက်ဆီးလိုက်နိုင်ပေမယ့် လွတ်လပ်ခိုင်မာပြီး ဒီမိုကရေစီနည်းကျတဲ့ ကျွန်တော်တို့ ဥရောပနိုင်ငံရဲ့ အိပ်မက်ကို ဘယ်တော့မှဖျက်ဆီးနိုင်မှာ မဟုတ်ဘူးလို့ ယူကရိန်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Mriyaကို စီမံခန့်ခွဲတဲ့ ယူကရိန်းနိုင်ငံပိုင် ကာကွယ်ရေးကုမ္ပဏီ Ukroboronprom ကပျက်စီးသွားတဲ့လေယာဉ်ကို ရုရှားစရိတ်နဲ့ ပြန်လည်တည်ဆောက်မယ်လို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ပြန်လည်တည်ဆောက်မှု ကုန်ကျစရိတ် အမေရိကန် ၃ဘီလီယံနှင့် ၅နှစ်ခန့်ကြာမြင့်နိုင်တယ်လို့ဆိုပါတယ်။
Nasa ဂြိုလ်တုကရရှိတဲ့ အချက်အလက်တွေအရ တနင်္ဂနွေနေ့မနက် ၁၁နာရီ ၁၃မိနစ်မှာ Mriya ရပ်နားထားတဲ့ လေယာဉ်ရုံဟာ မီလောင်နေခဲ့ပြီး ဒီမီးဟာ ဖောက်ခွဲမှုကြောင့်လား ပစ်ခတ်မှုကြောင့်လားဆိုတာ အတိအကျ မသိရသေးဘူးလို့ဆိုပါတယ်။
အခြားနိုင်ငံတွေမှာ ပြဿနာအကျပ်အတည်း ကြုံလာရင် Mriyaကို သယ်ပို့မှုတွေနဲ့ ကူညီပေးဖို့ အထူးတာဝန်ပေး စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၀ခုနှစ် ဟေတီငလျင် လှုပ်ခတ်မှုအပြီးမှာ အိမ်နီးချင်း ဒိုမီနီကန် သမ္မတနိုင်ငံကို ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ပို့ခဲ့တယ်လို့ သိရပါတယ်။ ကိုးဗစ်အစောပိုင်း ကာလတုန်းကလည်း ကိုးဗစ်ဘေးဒဏ်သင့် နေရာတွေကို ဆေးဘက်ဆိုင်ရာပစ္စည်းတွေ သယ်ဆောင်ဖို့ ဒီလေယာဉ်ကို အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။ တာဘိုဖန်အင်ဂျင် ခြောက်လုံးနဲ့ Mriyaဟာ အလေးချိန် တန်၂၅၀သယ်ဆောင်နိုင်ပြီး ယခုအချိန်ထိ တည်ဆောက်ခဲ့သမျှ လေယာဉ်တွေထဲမှာ အလေးလံဆုံးနဲ့ အကြီးမားဆုံး လေယာဉ်ဖြစ်ပါတယ်။
REF; CNA & WIKIPEDIA
Leave a Reply