Teslaရဲ့ ပဲ့ကိုင်ရှင် Elon Muskရဲ့ ဂျက်လေယာဉ်ကို ခြေရာခံခဲ့တဲ့ ဂျက်ခ် ဆွီနေး (Jack Sweeney)ဟာ ရုရှားလူမျိုးအာဏာရှင် (Russian Oligarch)တွေကို ပစ်မှတ်ထားခြေရာခံ

ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာတွေထဲကတစ်ဦးဖြစ်တဲ့ Elon Muskရဲ့ ဂျက်လေယာဉ်ကို ခြေရာခံခဲ့တဲ့ ဂျက်ခ် ဆွီနေး(Jack Sweeney)ကို ပုဂ္ဂလိကဂျက်လေယာဉ်စီးပွားရေးလုပ်ငန်း Stratos Jet Chartersက သူတို့ရဲ့နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှာ လုပ်ဖို့ ဂျက်ခ်ကို ကမ်းလှမ်းခဲ့ပါတယ်။ အခုဆိုရင် သူဟာ ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ခဲ့တဲ့နောက်မှာတော့ ရုရှားလူမျိုးအာဏာရှင် (Russian Oligarch) တွေပိုင်ဆိုင်တဲ့ လေယာဥ်တွေကို ပစ်မှတ်ထား စောင့်ကြည့်နေပြီလို့ သိရှိရပါတယ်။

ဂျက်ခ်က တွစ်တာမှာ (Russian Oligarch Jets) လွန်ခဲ့တဲ့ တပတ်ကျော်က ဖွင့်ခဲ့ပြီးတဲ့နောက် ယခုအခါ Follwer ၆၆၀၀၀ကျော်ရှိနေပါပြီ။  ဂျက်ခ်က ရုရှားလူမျိုးကိုယ်ပိုင်လေယာဥ်ပိုင်ရှင်တွေ ဘာလုပ်နေကြလဲဆိုတာကို ကမ္ဘာကြီးသိအောင် ချပြဖို့ လုပ်ဆောင်နေတာပါ။

 အဆိုပါ (Russian Oligarch)က သူတို့ရဲ့ အပျော်စီးသင်္ဘောနဲ့ ဂျက်လေယာဉ်တွေ အသိမ်းမခံရဖို့အတွက် အလျင်အမြန် ရွှေ့ပြောင်းနေကြတယ်လို့ CNBC သတင်းဌာနက ထုတ်လွှင့်ထားပါတယ်။ရုရှားသန်းကြွယ်သူဌေး ရိုမန် အေဘရာမိုဗစ်ချ် (Roman Abramovich) ပိုင်ဆိုင်တဲ့ ဂျက်လေယာဥ် အတော်များများကို ခြေရာခံမိထားသလို အခြားရုရှားလူမျိုး အာဏာရှင်တွေရဲ့ ဂျက်လေယာဥ်တွေကိုလည်း ခြေရာခံထားနိုင်ပါတယ်။

Passenger plane, business trip, travel concept. Flying evening sunset

ရုရှားမှာ လေယာဥ်ပျံသန်းမှုဒေတာတွေက အကန့်အသတ်ရှိတဲ့အတွက် ဒီခြေရာခံမှုတွေက တိကျသေချာတယ်ဆိုတာ မပြောနိုင်ဘူးလို့ ဂျက်ခ်ကသတိပေးခဲ့ပါတယ်။ @PutinJetကနေ တိုက်ရိုက်ထုတ်လွှင့်နေပြီး VIP ရုရှားလေယာဉ် ဒါဇင်များစွာရှိတဲ့အပြင် ရုရှားက ADS-B သတင်းပေးပို့ချက်အများကြီးမရှိတဲ့အတွက် ခုထုတ်လွှင့်ချက်တွေဟာ တိကျသေချာမယ်လို့ မမျှော်လင့်ပါနဲ့လို့ ဂျက်ခ်က ရေးသားထားပါတယ်။

REF: Wikepedia

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*