ယူကရိန်း ရဟတ်ယာဉ်နှစ်စင်း ရုရှားပိုင်နက်ထဲက ရေနံသိုလှောင်ကန်ကို ဗုံးကြဲ

“ယူကရိန်းစစ်တပ် ရဟတ်ယာဉ်နှစ်စင်းက ရုရှားပိုင်နက်ထဲကို အမြင့်ပေနိမ့်ပြီး ဝင်ရောက်လာတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရေနံဒိုင်မှာ မီးလောင်ခဲ့တာလို့ အုပ်ချုပ်ရေးမှူး Gladkov က Telegram မက်ဆေ့ချ်မှာ ပြောကြားခဲ့ပါတယ်။ “ဘယ်သူမှ မသေခဲ့ဘူး” ဟု ၎င်းက ပြေပါတယ်။

ခပ်နိမ့်နိမ့် ပျံသန်းလာတဲ့ ရဟတ်ယာဉ် နှစ်စင်းက စက်မှုအဆောက်အအုံဝင်းတစ်ခုပေါ်ကို မစ်ဆိုင်းဒုံးတွေ ကြဲချခဲ့အပြီး ပေါက်ကွဲမှုကြီးတွေ ဖြစ်ခဲ့ပုံ ဗီဒီယိုတွေကို အွန်လိုင်းတွေပေါ်မှာ တွေ့ရပါတယ်။

နာရီပေါင်း အတော်ကြာ အပြီးမှာ နောက်ထပ်ပေါက်ကွဲမှုကြီး တစ်ခု ထပ်ဖြစ်ခဲ့ပေမယ့် ဒါဟာ အဲဒီနေရာနဲ့ ဆက်နေတဲ့ လောင်စာဆီ တိုင်ကီကြီး ထပေါက်တာလို့ ယူဆရပါတယ်။

ရုရှားနိုင်ငံ Interfax သတင်းဌာနက အနီးနားရှိ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ဒိုင်တွင် လူနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

လောင်စာဆီကန် ၈ လုံး မီးလောင်ခဲ့ပြီး မီးသတ်သမား ၂၀၀ နီးပါး အခင်းဖြစ်ပွားရာနေရာသို့

ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ သိုလှောင်ရုံကို ရုရှားနိုင်ငံပိုင် ရေနံကုမ္ပဏီ Rosneft က ဦးစီးဆောင်ရွက်သည်။

နောက်ပိုင်းတွင် ဒေသတွင်း ဓာတ်ဆီဆိုင်များတွင် မော်တော်ကားများ တန်းစီနေကြသော်လည်း Belgorod ၏ လောင်စာဆီ ထောက်ပံ့မှုမှာ ပေါများနေသေးသည်ဟု မစ္စတာ ဂလက်ကော့က ပြောသည်။

ဒီတိုက်ခိုက်မှုဟာ လောလောဆယ် လုပ်နေတဲ့ ဆွေးနွေးပြောဆိုမှုတွေအတွက် အခြေအနေ ကောင်းစေမှာ မဟုတ်ဘူးလို့ ရုရှားအစိုးရ ပြောခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။

မတ် ၂၉ ရက်တွင် Belgorod အနီးရှိ ခဲယမ်းမီးကျောက်အရောင်းဆိုင်တွင် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီး နှစ်ရက်အကြာမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းတို့ဘက်ကတော့ အဲဒီ ပေါက်ကွဲမှုတွေက သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုတာမျိုး မရှိပါဘူး။

ယူကရိန်းဘက်ကတော့ ဒီပေါက်ကွဲမှုဟာ သူတို့လက်ချက် ဖြစ်တယ်ဆိုတာ အတည်ပြု ပြောကြားထားခြင်း မရှိပါဘူး။

Zawgyi

“ယူကရိန္းစစ္တပ္ ရဟတ္ယာဥ္ႏွစ္စင္းက ႐ုရွားပိုင္နက္ထဲကို အျမင့္ေပနိမ့္ၿပီး ဝင္ေရာက္လာတဲ့ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေရနံဒိုင္မွာ မီးေလာင္ခဲ့တာလို႔ အုပ္ခ်ဳပ္ေရးမႉး Gladkov က Telegram မက္ေဆ့ခ်္မွာ ေျပာၾကားခဲ့ပါတယ္။ “ဘယ္သူမွ မေသခဲ့ဘူး” ဟု ၎က ေျပပါတယ္။

ခပ္နိမ့္နိမ့္ ပ်ံသန္းလာတဲ့ ရဟတ္ယာဥ္ ႏွစ္စင္းက စက္မႈအေဆာက္အအုံဝင္းတစ္ခုေပၚကို မစ္ဆိုင္းဒုံးေတြ ႀကဲခ်ခဲ့အၿပီး ေပါက္ကြဲမႈႀကီးေတြ ျဖစ္ခဲ့ပုံ ဗီဒီယိုေတြကို အြန္လိုင္းေတြေပၚမွာ ေတြ႕ရပါတယ္။

နာရီေပါင္း အေတာ္ၾကာ အၿပီးမွာ ေနာက္ထပ္ေပါက္ကြဲမႈႀကီး တစ္ခု ထပ္ျဖစ္ခဲ့ေပမယ့္ ဒါဟာ အဲဒီေနရာနဲ႔ ဆက္ေနတဲ့ ေလာင္စာဆီ တိုင္ကီႀကီး ထေပါက္တာလို႔ ယူဆရပါတယ္။

႐ုရွားႏိုင္ငံ Interfax သတင္းဌာနက အနီးနားရွိ လူမ်ားကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရၿပီး ဒိုင္တြင္ လူႏွစ္ဦး ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။

ေလာင္စာဆီကန္ ၈ လုံး မီးေလာင္ခဲ့ၿပီး မီးသတ္သမား ၂၀၀ နီးပါး အခင္းျဖစ္ပြားရာေနရာသို႔
ေရာက္ရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါ သိုေလွာင္႐ုံကို ႐ုရွားႏိုင္ငံပိုင္ ေရနံကုမၸဏီ Rosneft က ဦးစီးေဆာင္႐ြက္သည္။

ေနာက္ပိုင္းတြင္ ေဒသတြင္း ဓာတ္ဆီဆိုင္မ်ားတြင္ ေမာ္ေတာ္ကားမ်ား တန္းစီေနၾကေသာ္လည္း Belgorod ၏ ေလာင္စာဆီ ေထာက္ပံ့မႈမွာ ေပါမ်ားေနေသးသည္ဟု မစၥတာ ဂလက္ေကာ့က ေျပာသည္။

ဒီတိုက္ခိုက္မႈဟာ ေလာေလာဆယ္ လုပ္ေနတဲ့ ေဆြးေႏြးေျပာဆိုမႈေတြအတြက္ အေျခအေန ေကာင္းေစမွာ မဟုတ္ဘူးလို႔ ႐ုရွားအစိုးရ ေျပာခြင့္ရသူ ဒီမစ္ထရီ ပက္စ္ေကာ့ဗ္က ေျပာပါတယ္။

မတ္ ၂၉ ရက္တြင္ Belgorod အနီးရွိ ခဲယမ္းမီးေက်ာက္အေရာင္းဆိုင္တြင္ ေပါက္ကြဲမႈမ်ားစြာ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဒီေပါက္ကြဲမႈေတြ ျဖစ္ခဲ့တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့အၿပီး ႏွစ္ရက္အၾကာမွာ ဒီျဖစ္ရပ္ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

ယူကရိန္းတို႔ဘက္ကေတာ့ အဲဒီ ေပါက္ကြဲမႈေတြက သူတို႔လက္ခ်က္ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုတာမ်ိဳး မရွိပါဘူး။

ယူကရိန္းဘက္ကေတာ့ ဒီေပါက္ကြဲမႈဟာ သူတို႔လက္ခ်က္ ျဖစ္တယ္ဆိုတာ အတည္ျပဳ ေျပာၾကားထားျခင္း မရွိပါဘူး။

Ref: BBC

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*