ယူရိုနိုင်ငံများရဲ့ လောင်စာဆီဈေးကျအောင် ဆောင်ရွက်ချက်များ

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်မှုကြောင့် ကမ္ဘာတလွှား လောင်စာဆီဈေး စံချိန်တင် မြင့်မားလာခဲ့သည်။ ယခုအခါ ဥရောပနိုင်ငံ အများအပြားသည် ကားပြေးဆွဲမှု စရိတ်စကများ မြင့်တက်လာခြင်းကြောင့် ယာဉ်မောင်းများအတွက် သက်သာရာရရန် လောင်စာဆီခွန် ဖြတ်တောက်ရန် ကြိုးပမ်းနေကြသည်။

ပြင်သစ်တွင် လောင်စာဆီတစ်လီတာလျှင် ယူရို 0.15 ပြန်အမ်းငွေ ပေးချေရန် အစီအစဉ်များ လုပ်နေပါသည်။ ယာဉ်မောင်းများအတွက် 60လီတာ လောင်စာဆီတိုင်ကီတွင် 9 ယူရို သက်သာနိုင်မည်ဟု ခန့်မှန်းထားသည်။ ယင်းအစီအစဉ်ကို ဧပြီလ 1 ရက်နေ့တွင် စတင်မည်ဖြစ်ပြီး လေးလကြာမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ( Jean Castex )က (Le Parisien) သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အဆိုပါ အစီအစဉ်သည် ပြင်သစ်အစိုးရအတွက် ယူရို ၂ ဘီလီယံကျော်သာ ကုန်ကျမည်ဖြစ်ပြီး ဆီဈေးနှုန်းများ တဟုန်ထိုးတက်နေခြင်းကြောင့် ကျပ်တည်းလာသည့် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများကို ကာမိမည်ဖြစ်သည်။

ဂျာမနီဘဏ္ဍာရေးဝန်ကြီးကလည်း ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီဈေး မြင့်တက်လာမှုကို လျှော့ချရန်အတွက် (Crisis discount) အကျပ်အတည်းလျှော့စျေး ကိုလည်း အဆိုပြုခဲ့သည်။ ဂျာမန်မီဒီယာများ၏အဆိုအရ ၎င်းသည် တစ်လီတာလျှင် ၀.၂ စျေးနှုန်းများ လျှော့ချနိုင်သော်လည်း ယင်းအတိုင်းအတာကို နိုင်ငံ၏ သုံးပါတီအုပ်ချုပ်သော ညွန့်ပေါင်းအဖွဲ့က သဘောတူညီခြင်း မရှိသေးဟု သိရသည်။

A pumpjack, sometimes called a “grasshopper” oil pump because of its appearance, Texas. Original image from Carol M. Highsmith’s America, Library of Congress collection. Digitally enhanced by rawpixel.

ဆွီဒင်တွင် လောင်စာဆီခွန်ကို ယူရိုသန်း ၃၅၀ဖြင့် ယာယီဖြတ်တောက်ထားပြီး လောင်စာဆီဈေးနှုန်းများ မြင့်တက်မှုအတွက် ကားပိုင်ရှင်များကို လျော်ကြေးပေးလျက်ရှိသည်။ ဘယ်လ်ဂျီယမ်နှင့် နယ်သာလန်တို့လည်း လောင်စာဆီဈေးနှုန်း မြင့်မားမှုကို ရင်ဆိုင်ရန် လောင်စာဆီခွန် ဖြတ်တောက်ထားသည်။

ယခုအခါတွင် အီးယူသည် အိမ်သုံးလောင်စာစျေးနှုန်းများကို ထောက်ပံ့ရန်နှင့် စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်မှုဒဏ်ကို ခံခဲ့ရသော ရပ်ရွာများကို ပံ့ပိုးပေးရန်အတွက် အင်္ဂါနေ့တွင် သဘောတူညီခဲ့ပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရန် စီစဉ်ထားသည်။

ယူကရိန်းစစ်ပွဲသည် ကုန်စည်များ အထူးသဖြင့် အစားအစာနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ သိသိသာသာ မြင့်တက်သွားစေရန် ဦးတည်နေပြီး ဥရောပနိုင်ငံများ၏ ညှိနှိုင်းတုံ့ပြန်မှုကို တောင်းဆိုနေကြောင်း ဝန်ကြီးများက ပြောကြားခဲ့သည်။ အီးယူ၏ မဟာဗျူဟာ၏ သုံးရပ်အနက် တစ်ခုမှာ လောင်စာဆီဈေးနှုန်းများ မြင့်တက်မှုကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေရသူများအား ပံ့ပိုးကူညီရန်ဖြစ်သည်။

ပြင်သစ်နဲ့ တခြားဥရောပနိုင်ငံတော်တော်များများမှာလည်း အလားတူလုပ်ခဲ့ကြတယ်၊ ဒါမှမဟုတ် ဒါကိုလုပ်ဖို့ စဉ်းစားနေပါတယ်” ဟု ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Bruno Le Maire က EU ဝန်ကြီးများကြား ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဲဒါက ပန့်မှာ ဈေးလျှော့ပေးတာမျိုး ဖြစ်မယ်။ လူများစွာသည် ကားဖြင့် အလုပ်သို့ ကားမောင်းရန်မှတပါး ရွေးချယ်စရာမရှိပေ။ အိမ်ထောင်စုတွေအတွက် အထောက်အပံ့တွေ လိုအပ်တယ်လို့ ယူဆတယ်။ သို့သော် လောင်စာဆီခွန် ဖြတ်တောက်ခြင်းသည် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု လူတိုင်းက မယုံကြည်ကြပါဘူး။

ဂျာမနီရှိ (Green Party) အဖွဲ့ဝင်များသည် လောင်စာဆီသုံးစွဲမှုကို လျှော့ချရန်အတွက် ဂျာမနီ၏ အဝေးပြေးလမ်းများတွင် အမြန်နှုန်းကန့်သတ်ချက်ကို ပြန်လည်သတ်မှတ်ရန် အဆိုပြုခဲ့သည်။

Eu International Europe European Switzerland Flag

အမြန်နှုန်းကန့်သတ်ခြင်းသည် “ရာသီဥတုကိုကာကွယ်ရန်၊ လမ်းပေါ်ရှိ အရင်းအမြစ်များနှင့် ဘေးကင်းရေးတို့ကို ကာကွယ်ခြင်းအတွက်ကောင်းသည်”ဟု ပတ်ဝန်းကျင် ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ( Christopher Stolzenberg ) မှပြောကြားခဲ့သည်။

အခြားရွေးချယ်စရာများကို ဆွီဒင်တွင်လည်း အဆိုပြုထားပြီး ယာဉ်မောင်းများအား လျှပ်စစ်ကားများပြောင်းရန် လှုံ့ဆော်ရန်အတွက် နိုင်ငံ၏ဘတ်ဂျက်တွင် နောက်ထပ် ယူရို ၃၈၄ သန်း ထည့်သွင်းထားကြောင်း သိရသည်။

အီတလီနိုင်ငံသည် လျှပ်စစ်ကားအသစ်များ ဝယ်ယူရာတွင် ထောက်ပံ့ကြေးပေးမည့် အစီအစဉ်ကိုလည်း မိတ်ဆက်ခဲ့သည်။ လျှပ်စစ်ကားတစ်စီးကို ဝယ်ယူသည့်အခါ ယူရို ၆,၀၀၀ အထိနှင့် plug-in hybrid များကို ဝယ်ယူသူများအတွက် ယူရို ၂,၅၀၀ အထိ ရရှိမည်ဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုသည် နိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်မှုကို ပံ့ပိုးရန်နှင့် ယူကရိန်း စစ်ပွဲရဲ့ သက်ရောက်မှုကြောင့် မြင့်တက်လာတဲ့ ဆီဈေးကို ကာကွယ်ရန် အစီအစဉ်တစ်ခုဖြစ်ပါတယ်။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*