အိန်ဂျလီနာ ဂျိုးလီ(ဆင်းဆင်းရဲရဲ စိတ်ဝေဒနာခံစားခဲ့ရသူ၊ အောင်မြင်တဲ့ အနုပညာရှင်အကြောင်း)

အိန်ဂျလီနာ ဂျိုးလီရဲ့ အမည်းရင်းက အိန်ဂျလီနာ ဂျိုးလီဗွိုက်တ် (Angelina Jolie Voight) ဖြစ်ပါတယ်။ သူမကို ၁၉၇၅ ဇွန်လ ၄ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

သူမ ၁နှစ်သမီးအရွယ်မှာ ဖခင်ဖြစ်သူမင်းသားကြီး ဂျွန်ဗွိုက်တ် အိမ်ထောင်ရေး ဖောက်ပြန်ပြီး ခံစားခွင့်တွေကို မပေးခဲ့ပါဘူး။

ဒါကြောင့် အိန်ဂျလီနာ ဂျိုးလီဟာ မိခင်နဲ့အတူ ဆင်းဆင်းရဲရဲနှင့် ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။

ထို့ကြောင့် အိန်ဂျလီနာ ဂျိုးလီဟာ ဖခင်ထက် ပိုအောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ရမယ်လို့ ငယ်စဉ်ကတည်းက ကြုံးဝါးခဲ့ပါတယ်။

ဒါပေမယ့် သူမ ၁၅နှစ်သမီးအရွယ်မှာတော့ ကလေးဘဝကတည်းက ပြုစုပျိုးထောင်ပေးလာတဲ့ မိခင်းဟာ ကင်ဆာရောဂါ ဆိုးရွားလာပါတယ်။

ဒီအချိန်မှာ သူမဟာ ဘယ်လိုမှ မခံစားနိုင်တော့ပဲ မိန်းကလေးတန်မဲ့ အရက်သမားဘဝကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်ခဲ့ရပါတော့တယ်။

တဖန် မော်ဒယ်ပေါက်စဘဝမှာလည်း မနူးမနပ်အရွယ်မို့ သူမကို ခြူစားပြီး အပျော်ကြံတဲ့ ကျားငစဉ်းလဲတွေနဲ့သာ တွေ့ခဲ့ရပြီး ဘဝကို အရှုံးပေးကာ စိတ်ဝေဒနာရှင်လုံးလုံး ဖြစ်ခဲ့ရပါတော့တယ်။

အိန်ဂျလီနာ ဂျိုးလီဟာ မိမိကိုယ်ကို သတ်သေဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် ကံကောင်းစွာနဲ့ အသက်မဆုံးရှုံးခဲ့ပါဘူး။

ဒီအဖြစ်အပျက်တွေကို ကင်ဆာရောဂါသည် မိခင်းကြီး သိရှိသွားတဲ့အခါမှာ သူမကို “သမီးရော အမေပါ လောကကြီးကို အရှုံးပေးပြီး ထွက်ခွါသွားရတဲ့ အဖြစ်မျိုး မရောက်ချင်ဘူးလို့” ဂရုဏာသက်စွာ ခံစားချက်အပြည့် ပြောလိုက်ပါတယ်။

ထိုစကားတစ်ခွန်ကြောင့်ပဲ သူမဟာ အမြင်မှန်တွေ ရသွားပြီး ပထမအရွယ်မှာပဲ ဒုတိယဘဝကို စတင်နိုင်ခဲ့ပါတော့တယ်။

ထိုအချိန်ကစပြီး အိန်ဂျလီနာ ဂျိုးလီဟာ နာကျည်းဝမ်နည်းဖွယ် ခံစားချက်တွေကို အားမာန်အဖြစ် ပြောင်လဲကာ သရုပ်ဆောင် လေ့ကျင့်ခန်းတွေကိုပဲ အချိန်ပြည့် လေ့ကျင့်ပါတော့တယ်။

အသက်၂၀သာရှိသေးတဲ့ သူမဟာ အကျိုးရှိမယ့်စာပေတွေကို တစ်နေ့ ၄နာရီ လောက်ဖတ်ကာ အချိန်ကို အကျိုးရှိစွာ အသုံးပြုပါတော့တယ်။ (စကားချပ်) အောင်မြင်သူတိုင်း စာဖတ်ကြပါတယ်။

သူမရဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ မဆုတ်မနစ် ကြိုးစားမှုတွေကြောင့် အသက်၂၂မှာပဲ ရွှေကမ္ဘာလုံးဆု ရခဲ့သလို သူမရဲ့ ဘဝဟာလည်း ပြည့်စုံအောင်မြင်လာပါတော့တယ်။

ဘဝနာခဲ့ရတဲ့ အိန်ဂျလီနာ ဂျိုးလီဟာ သူမရရှိလာတဲ့ အနုပညာကြေးရဲ့ ထက်ဝက်ကို အများအကျိုးပြု လုပ်ငန်းတွေမှာ အသုံးပြုပါတော့တယ်။

သူမရရှိခံစားနေရတဲ့ ဥစ္စာဓနတွေဟာ လူအများရဲ့ အားပေးမှုကြောင့် ရလာတာဖြစ်တဲ့အတွက် လူသားအားလုံးဟာလည်း ဒီဥစ္စာဓနတွေနဲ့ တစ်ဝက်ဆိုင်တယ်လို့ လေးလေးနက်နက် ခံယူထားတဲ့အတွက် အခုလို အများကောင်းကျိုးတွေမှာ အသုံးချနေတာပါ။

ဒီလို စိတ်ထားမွန်မြတ်မှုတွေကြောင့် သူမဟာ ဝင်ငွေအကောင်းဆုံး စွယ်စုံရမင်းသမီး တစ်ဦးဖြစ်လာခဲ့သလို ရုပ်ရည်ကော စိတ်ထားပါလှပတဲ့အတွက် ကမ္ဘာ့အလှဆုံး အမျိုးသမီးဆုကိုလည်း အကြိမ်ကြိမ်ရရှိခဲ့ပါတယ်။

အဆင်းရော အချင်းပါပြည့်စုံတဲ့ သူမဟာ ကမ္ဘာပေါ်က လိုအပ်တဲ့နေရာတိုင်းကို လူအားကော ငွေအားပါ ကူညီနေပါတယ်။

UNICEF and UNHCR အပါအဝင် အဖွဲ့အစည်း ၂၉ခုမှာ ပါဝင်ပြီးတော့ ဒုက္ခရောက်သူတွေကို လမ်းပြကယ်တင်ပေးခဲ့လို့ ကမ္ဘာ့အကြီးအကဲတွေနဲ့ တန်းတူဆက်ဆံနိုင်စွမ်းရှိတဲ့ သူမကို ကုလသမဂ္ဂရဲ့ အထူးသံတမန်း တစ်ဦးအဖြစ် ဂုဏ်ပြုခန့်အပ်ခဲ့ပါတယ်။

စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်မဲ့သလို ခံစားနေရတဲ့ မိန်းကလေးတိုင်း အားမလျှော့နဲ့နော်။

စာဖတ်သူအားလုံး ရွှင်လန်းချမ်းမြှေ့ကြပါစေ။

(Zawgyi)

အိန္ဂ်လီနာ ဂ်ိဳးလီရဲ႕ အမည္းရင္းက အိန္ဂ်လီနာ ဂ်ိဳးလီဗြိဳက္တ္ (Angelina Jolie Voight) ျဖစ္ပါတယ္။ သူမကို ၁၉၇၅ ဇြန္လ ၄ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။

သူမ ၁ႏွစ္သမီးအ႐ြယ္မွာ ဖခင္ျဖစ္သူမင္းသားႀကီး ဂြၽန္ဗြိဳက္တ္ အိမ္ေထာင္ေရး ေဖာက္ျပန္ၿပီး ခံစားခြင့္ေတြကို မေပးခဲ့ပါဘူး။

ဒါေၾကာင့္ အိန္ဂ်လီနာ ဂ်ိဳးလီဟာ မိခင္နဲ႔အတူ ဆင္းဆင္းရဲရဲႏွင့္ ဘဝကို ျဖတ္သန္းခဲ့ရပါတယ္။
ထို႔ေၾကာင့္ အိန္ဂ်လီနာ ဂ်ိဳးလီဟာ ဖခင္ထက္ ပိုေအာင္ျမင္တဲ့ အႏုပညာရွင္ တစ္ေယာက္ျဖစ္ရမယ္လို႔ ငယ္စဥ္ကတည္းက ႀကဳံးဝါးခဲ့ပါတယ္။

ဒါေပမယ့္ သူမ ၁၅ႏွစ္သမီးအ႐ြယ္မွာေတာ့ ကေလးဘဝကတည္းက ျပဳစုပ်ိဳးေထာင္ေပးလာတဲ့ မိခင္းဟာ ကင္ဆာေရာဂါ ဆိုး႐ြားလာပါတယ္။

ဒီအခ်ိန္မွာ သူမဟာ ဘယ္လိုမွ မခံစားႏိုင္ေတာ့ပဲ မိန္းကေလးတန္မဲ့ အရက္သမားဘဝကို ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေရာက္ခဲ့ရပါေတာ့တယ္။

တဖန္ ေမာ္ဒယ္ေပါက္စဘဝမွာလည္း မႏူးမနပ္အ႐ြယ္မို႔ သူမကို ျခဴစားၿပီး အေပ်ာ္ႀကံတဲ့ က်ားငစဥ္းလဲေတြနဲ႔သာ ေတြ႕ခဲ့ရၿပီး ဘဝကို အရႈံးေပးကာ စိတ္ေဝဒနာရွင္လုံးလုံး ျဖစ္ခဲ့ရပါေတာ့တယ္။

အိန္ဂ်လီနာ ဂ်ိဳးလီဟာ မိမိကိုယ္ကို သတ္ေသဖို႔ နည္းလမ္းမ်ိဳးစုံနဲ႔ ႀကိဳးစားခဲ့ေပမယ့္ ကံေကာင္းစြာနဲ႔ အသက္မဆုံးရႈံးခဲ့ပါဘူး။

ဒီအျဖစ္အပ်က္ေတြကို ကင္ဆာေရာဂါသည္ မိခင္းႀကီး သိရွိသြားတဲ့အခါမွာ သူမကို “သမီးေရာ အေမပါ ေလာကႀကီးကို အရႈံးေပးၿပီး ထြက္ခြါသြားရတဲ့ အျဖစ္မ်ိဳး မေရာက္ခ်င္ဘူးလို႔” ဂ႐ုဏာသက္စြာ ခံစားခ်က္အျပည့္ ေျပာလိုက္ပါတယ္။

ထိုစကားတစ္ခြန္ေၾကာင့္ပဲ သူမဟာ အျမင္မွန္ေတြ ရသြားၿပီး ပထမအ႐ြယ္မွာပဲ ဒုတိယဘဝကို စတင္ႏိုင္ခဲ့ပါေတာ့တယ္။

ထိုအခ်ိန္ကစၿပီး အိန္ဂ်လီနာ ဂ်ိဳးလီဟာ နာက်ည္းဝမ္နည္းဖြယ္ ခံစားခ်က္ေတြကို အားမာန္အျဖစ္ ေျပာင္လဲကာ သ႐ုပ္ေဆာင္ ေလ့က်င့္ခန္းေတြကိုပဲ အခ်ိန္ျပည့္ ေလ့က်င့္ပါေတာ့တယ္။

အသက္၂၀သာရွိေသးတဲ့ သူမဟာ အက်ိဳးရွိမယ့္စာေပေတြကို တစ္ေန႔ ၄နာရီ ေလာက္ဖတ္ကာ အခ်ိန္ကို အက်ိဳးရွိစြာ အသုံးျပဳပါေတာ့တယ္။ (စကားခ်ပ္) ေအာင္ျမင္သူတိုင္း စာဖတ္ၾကပါတယ္။

သူမရဲ႕ ျပင္းျပတဲ့ဆႏၵနဲ႔ မဆုတ္မနစ္ ႀကိဳးစားမႈေတြေၾကာင့္ အသက္၂၂မွာပဲ ေ႐ႊကမာၻလုံးဆု ရခဲ့သလို သူမရဲ႕ ဘဝဟာလည္း ျပည့္စုံေအာင္ျမင္လာပါေတာ့တယ္။

ဘဝနာခဲ့ရတဲ့ အိန္ဂ်လီနာ ဂ်ိဳးလီဟာ သူမရရွိလာတဲ့ အႏုပညာေၾကးရဲ႕ ထက္ဝက္ကို အမ်ားအက်ိဳးျပဳ လုပ္ငန္းေတြမွာ အသုံးျပဳပါေတာ့တယ္။

သူမရရွိခံစားေနရတဲ့ ဥစၥာဓနေတြဟာ လူအမ်ားရဲ႕ အားေပးမႈေၾကာင့္ ရလာတာျဖစ္တဲ့အတြက္ လူသားအားလုံးဟာလည္း ဒီဥစၥာဓနေတြနဲ႔ တစ္ဝက္ဆိုင္တယ္လို႔ ေလးေလးနက္နက္ ခံယူထားတဲ့အတြက္ အခုလို အမ်ားေကာင္းက်ိဳးေတြမွာ အသုံးခ်ေနတာပါ။

ဒီလို စိတ္ထားမြန္ျမတ္မႈေတြေၾကာင့္ သူမဟာ ဝင္ေငြအေကာင္းဆုံး စြယ္စုံရမင္းသမီး တစ္ဦးျဖစ္လာခဲ့သလို ႐ုပ္ရည္ေကာ စိတ္ထားပါလွပတဲ့အတြက္ ကမာၻ႔အလွဆုံး အမ်ိဳးသမီးဆုကိုလည္း အႀကိမ္ႀကိမ္ရရွိခဲ့ပါတယ္။

အဆင္းေရာ အခ်င္းပါျပည့္စုံတဲ့ သူမဟာ ကမာၻေပၚက လိုအပ္တဲ့ေနရာတိုင္းကို လူအားေကာ ေငြအားပါ ကူညီေနပါတယ္။

UNICEF and UNHCR အပါအဝင္ အဖြဲ႕အစည္း ၂၉ခုမွာ ပါဝင္ၿပီးေတာ့ ဒုကၡေရာက္သူေတြကို လမ္းျပကယ္တင္ေပးခဲ့လို႔ ကမာၻ႔အႀကီးအကဲေတြနဲ႔ တန္းတူဆက္ဆံႏိုင္စြမ္းရွိတဲ့ သူမကို ကုလသမဂၢရဲ႕ အထူးသံတမန္း တစ္ဦးအျဖစ္ ဂုဏ္ျပဳခန႔္အပ္ခဲ့ပါတယ္။

စိတ္ဓာတ္က်ၿပီး ေမွ်ာ္လင့္ခ်က္မဲ့သလို ခံစားေနရတဲ့ မိန္းကေလးတိုင္း အားမေလွ်ာ့နဲ႔ေနာ္။
စာဖတ္သူအားလုံး ႐ႊင္လန္းခ်မ္းေျမႇ့ၾကပါေစ။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*