လူသိနည်းတဲ့ တယ်လီဂရမ်(Telegram)အကြောင်း

တယ်လီဂရမ်ကို (Nikolai)နှင့်(Pavel Durov)တို့ ညီအစ်ကိုနှစ်ဦးက ၂၀၁၃ခုနှစ်မှာ တည်ထောင်ခဲ့ကြပါတယ်။ ယခင်က သူတို့ညီအစ်ကိုနှစ်ဦးဟာ ဖေ့စ်ဘုတ်လို ရုရှားဆိုရှယ်မီဒီယာ တစ်ခုဖြစ်တဲ့ (VK)ကို တည်ထောင်ခဲ့ကြပါသေးတယ်။ ယခုဆိုရင် တယ်လီဂရမ်သုံးစွဲသူဟာ သန်း၅၀၀လောက်ရှိပါတယ်။ သူရဲ့ ပြိုင်ဘက်ဖြစ်တဲ့ WhatsAppက ၂၀၂၁ခုနှစ်မှာ အငြင်းပွားစရာ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ပြီးတဲ့နောက် တယ်လီဂရမ်မှာ သုံးစွဲသူ၂၅သန်း တပတ်အတွင်း တိုးသွားခဲ့ပါတယ်။ အဓိကအားဖြင့် ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကျော်ကြားသလို သုံးစွဲသူလည်းများပါတယ်။ ယခုအခါ ကမ္ဘာတဝှမ်းမှာ သုံးစွဲသူများပြားလာပါတယ်။

secret chat or end to end encryption ရဲ့အလုပ်လုပ်ပုံ

တယ်လီဂရမ်ကို စကားပြောဆက်သွယ်ဖို့  သုံးကြသလို ထူခြားချက်က မန်ဘာ၂သိန်းထိ ပါဝင်တဲ့(group chat)ကို တည်ဆောက်နိုင်ခြင်းနှင့် မန်ဘာရော အက်မန်တွေရော အမည်မဖော်ပဲ အသုံးပြုလို့ရပါတာပါ။ ကိုယ်ပိုင်ချန်နယ်တွေ တည်ထောင်လို့ရသလို (follower)အရေအတွက် မကန့်သတ်ထားပါဘူး။ ဒီလို ဖန်တီးအသုံးပြုလို့ရတာကြောင့် အီရန်နိုင်ငံနှင့် ဘီလာရုစ်နိုင်ငံတွေက ဒီမိုကရေစီလိုလားသူတွေဟာ တယ်လီဂရမ်ကို အသုံးပြုလာကြပါတယ်။ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အပြည့်အဝ ကာကွယ်ပေးမယ်လို့ တယ်လီဂရမ်တည်ထောင်သူ (Pavel Durov)က ကတိပြုထားပါတယ်။ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ မပေါက်ကြားစေရေးဆိုတဲ့ အချက်က အဓိကဆွဲဆောင်နိုင်တဲ့ အချက်ဖြစ်ပါတယ်။

ဥရောပရဲများ

တကယ်က အသုံးပြုသူ နှစ်ယောက်ပဲမြင်နိုင်တဲ့က (secret chat)လို့ခေါ်တဲ့ (end to end encryption)ကို အသုံးပြုမှ စိတ်ချရတာပါ။ ဒီစနစ်ဟာ (whatsapp and signal) မှာလည်း ပါပါတယ်။ အထူးသဖြင့် တယ်လီဂရမ်မှာ အသုံးပြုသူတွေရဲ့အမည်ကို လျှို့ဝှက်ထားနိုင်တာကြောင့် အစွန်းရောက်အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်အဖွဲ့စည်းတွေက အသုံးချလာကြပါတယ်။ ဒီလိုအဖွဲ့အစည်းတွေကို အသုံးပြုခွင့်ပေးခဲ့လို့ ဝေဖန်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဥရောပရဲတပ်ဖွဲ့ နှင့် ပူးပေါင်းပြီးတော့ အိုင်အက်စ် အဖွဲ့နဲ့ဆက်စပ်တဲ့ အကောင့်တွေကို ဖြုတ်ချခဲ့ပါတယ်။ ဘယ်လိုပဲ တင်းကြပ်လာပါစေ သူ့ထက်မက ပိုတင်းကြပ်တဲ့ တခြားဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေက ဖြုတ်ချခံရသူတွေဟာ တယ်လီဂရမ်မှာ ဆက်ရှိနေပါတယ်။ တယ်လီဂရမ်ဟာ ကာယကံရှင်တွေ ခွင့်မပြုပဲ အမျိုးသမီးတွေရဲ့ ပုံတွေတင်တာနဲ့ အကြမ်းဖက်မှုကိုလှုံ့ဆော်တဲ့ ပို့စ်တွေကို စောင့်ကြည့်ဖြုတ်ချရန် မော်ဒရိတ်တာတွေ ခန့်ဖို့အတွက် လူသိများတဲ့ ချန်နယ်တွေမှာ ကြော်ညာတွေလက်ခံနေပါပြီ။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*