အရိုးကျီးပေါင်းတက်ခြင်း(Spondylosis)အား အိမ်တွင်းကုထုံးဖြင့်သက်သာအောင် ကုသနည်း

အရိုးကျီးပေါင်းရောဂါကို အိမ်တွင်းကုထုံးများ ပြုလုပ်ခြင်းနှင့် နေထိုင်မှုပုံစံ ပြောင်းလည်းခြင်းဖြင့် သက်သာအောင်ကုသနိုင်ပါတယ်။

(၁) ကျီးပေါင်းတက်နေသော နေရကို အပူသို့မဟုတ် အအေးကပ်ခြင်း/တပြိုင်တည်း ကပ်နိုင်လျှင် ပိုကောင်းပါတယ်

(၂) အိပ်စက်ချိန်တွင် ခေါင်းအုံးအား မနိမ့်လွန်း မမြင့်လွန်း အရွယ်အစားအားသုံးခြင်း၊ ခြေထောက်နှစ်ခုကြားတွင် ခွလုံးခံပြီး အိပ်စက်ခြင်း

(၃) ကိုယ်အလေးချိန်ထိန်းခြင်း (ကိုယ်အလေးချိန် လွန်ကဲခြင်းသည် အလေးချိန်ကို သယ်ပိုးရသော အဆစ်များ‌ပေါ်တွင် ဖိအားသက်ရောက်စေသောကြောင့် အလေးချိန်လျှော့ချလိုက်လျှင် ကျီးပေါင်းရောဂါကိုလည်း သက်သာစေပါမည်။)

(၄) အစားအစာကို သင့်တင့်မျှတစွာ စားသုံးခြင်း (ဗီတာမင် စီနှင့် အိုမီဂါ ၃ပါသော အစာများကို စားသုံးခြင်း၊ အစာတမျိုးတည်း စားခြင်းထက် ကျန်းမားရေးနှင့် ညီညွတ်သော အစားအစာများကို စုံလင်စွာစားသုံးခြင်း၊ အသီးအရွက်များ၊ အစေ့အဆန်များ၊ အဆီနဲသော နို့နှင့် အသား ငါးများ စားသုံးခြင်း၊ သံလွင်သီးတို့မှရသော ဆီများကိုစားသုံးခြင်း)

(၅) ရေကူးခြင်း၊ လမ်းလျှောက်ခြင်းနှင့် အေရိုးဗစ် ကစားခြင်းတို့သည် အရိုးကျီးပေါင်းတက်ခြင်း ရောဂါကို သက်သာစေပါတယ်။

(၆) နှစ်ခြိုက်ကောင်းမွန်စွာ အိပ်စက်ခြင်း ( ညဘက်တွင် ကောင်မွန်စွာအိပ်စက်ခြင်းဖြင့် နာကျင်ခြင်းနှင့် အဆစ်ရောင်ခြင်းကြောင့်ဖြစ်သော စိတ်ဖိစီးမှုများကို သက်သာစေပါမယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်ရန် အချိန်မှန်အိပ်ရာဝင်ပါ။)

(ရ) နာကျင်နေသော အဆစ်နေရာများတွင် အစည်းများ၊ အထိန်းများ၊ ခါးစည်းခါးပတ်များကို အသုံးပြုခြင်းဖြင့် နာကျင်မှုကို သက်သာအောင်ပြုလုပ်နိုင်ပါတယ်။

ဘေးဘယာ ကင်းကွာ ချမ်းမြေ့ကြပါစေ။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*