ရည်းစားဟောင်းနဲ့ ပြန်မတွဲသင့်တဲ့ အချက်(၆)ချက်

ရည်းစားဟောင်းနဲ့ ပြန်တွဲတာဟာ သင့်ရဲ့စိတ်ကျန်မာရေးကို ထိခိုက်နိုင်တဲ့ စိတ်ဒဏ်ရာကို ဖြစ်စေနိုင်ပါတယ်။ စိတ်သဘောထားချင်း မတိုက်ဆိုင်မှု၊ လက်မခံနိုင်တဲ့ အခြေအနေ သို့မဟုတ် ဆိုးရွားတဲ့အကြောင်းအရာကြောင့် လမ်းခွဲပြီးတဲ့နောက်ပိုင်း အစပိုင်းကာလတွေမှာ သင့်အတွက် အလွန်ခက်ခဲနိုင်ပါတယ်။စိတ်မပူပါနဲ့ အချိန်က ကုစားသွားပါလိမ့်မယ်။ အချိန်ကြာလာသည်နှင့်မျှ  စိတ်ခံစားချက်တွေဟာ တဖြည်းဖြည်း သက်သာကောင်းမွန်လာပါလိမ့်မယ်။ အတူကုန်ဆုံးခဲ့တဲ့ အချိန်တွေ၊ အတူရှိခဲ့ဖူးတဲ့ အမှတ်တရတွေကို တိုက်ဆိုင်မှုတွေ ရှိလာတိုင်း လွမ်းဆွတ် သတိရနေဦးမှာပါ။ တချိန်တည်းမှာပဲ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချခဲ့တာကို သံသယဝင်လာနိုင်ပါတယ်။

ဒါဟာ အမှတ်တရတွေနဲ့ သင်သူ့‌အပေါ် ထားရှိခဲ့တဲ့ ခံစားချက်တွေက ပြင်ထန်နေဆဲမို့ပါ။ ဒါကြောင့်ပဲ တချို့စုံတွဲတွေဟာ လမ်းခွဲပြီးနောက် ပြန်တွဲလာကြပါတယ်။ အဲ့ဒီနောက် ဘာဖြစ်သွားကြလည်း။ သူတို့ဟာ တူညီတဲ့အမှားတွေ၊ တစ်ယောက်နဲ့တစ်ယောက် လက်မခံနိုင်တဲ့ အပြုအမှုပုံစံတွေကို ထပ်ခါထပ်ခါလုပ်ပြီး တစ်ယောက်ကိုတစ်ယောက် နာကျင်အောင် လုပ်ကြပါတော့တယ်။ ဒီအခြေအနေတွေကြောင့်ပဲ သုတေသီတွေက ရည်းစားဟောင်းနဲ့ ပြန်မဆက်သင့်ဘူးလို့ အကြံပေးကြပါတယ်။

အောက်ပါအချက် ၆ချက်ကတော့ ရည်းစားဟောင်းနဲ့ ဘာကြောင့် ပြန်မတွဲသင့်လည်းဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

(၁) လမ်းခွဲမှုကို ဘယ်သူက စတင်ခဲ့လည်းဆိုတာက အရေမကြီးပါဘူး။ ဒါက ဖြစ်သွားခဲ့ပြီလေ။ တစ်ယောက်နဲ့တစ်ယောက်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိလို့ ဖြစ်သွားခဲ့တာပါ။ သူနဲ့နေရတာ အဆင်မပြေဘူး၊ ငါနဲ့မတန်ဘူး၊ သဘောထားချင်မတိုက်ဆိုင်ဘူး အစရှိသဖြင့် တွေးပြီး လမ်းခွဲပြီးတဲ့နောက် အဲ့ဒီသူဆီပဲ ပြန်သွားတာဟာ သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ငြင်းဆန်လိုက်တာနဲ့ အတူတူပါပဲ။

(၂) တချို့အရာတွေဟာ မပြောင်းလဲပါဘူး။ လူတစ်ယောက်ရဲ့ မွေးရာပါ ဗီဇဟာ ပြောင်းလဲဖို့ ခဲယဉ်းပါတယ်။ လူတစ်ယောက်ရဲ့ အခြေခံသဘောသဘာဝက နေ့ချင်းညချင်း မပြောင်းလဲပါဘူး။ သင်သတိပြုမိသော အပြောင်းအလဲများအတွက် အဆက်ဟောင်းနဲ့ ပြန်တွဲခဲ့မယ်ဆိုလျှင်  အရင်အခြေအနေများကို သင်ရောက်သွားနိုင်ပါတယ်။ ဒီလိုကြုံလာရပြီဆိုရင် သင်နဲ့အတူရှိစဉ်တုန်းက ဘာကြောင့် ဒီလိုအပြောင်းအလဲတွေ ဖြစ်မလာခဲ့တာလဲဆိုတာ သင့်ကိုယ်သင်မေးဖို့ အရေးကြီးပါတယ်။ ဒီမေးခွန်းက သင့်အတွက် ရှုထောင့်တစ်ခု ဖြစ်စေပါလိမ့်မယ်။

(၃) သင့်ရည်းစားဟောင်းနဲ့ ပြန်ဆက်ခဲ့မယ်ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ စော်ကားခံရနိုင်ပါတယ်။ ဥပမာ သင့်ရည်းစားဟောင်းနဲ့ ပြန်ဆက်လိုက်လို့ သင်သေချာပေါက် သူ့ဆီပြန်လာမယ်ဆိုတာ သိတဲ့ပုံစံနဲ့ ပေါ့ပေါ့ပျက်ပျက် ဆက်ဆံခဲ့မယ်ဆိုလျှင် သင်ခံစားရတဲ့ စိတ်ဒုက္ခဟာ စိတ်ပိုင်းဆိုင်ရာ စော်ကားခံရမှု ပုံစံတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကို သင့်စိတ်ကျန်းမာရေးအတွက် သင်ဘဝထဲက ထုတ်ပစ်ဖို့လိုအပ်ပါတယ်။

(၄) တကယ်လို့ သင်ဟာ ရည်းစားဟောင်းနဲ့ ပြန်တွဲလိုက်၊ ပြန်ပြတ်လိုက်နဲ့ ခဏခဏဖြစ်နေပြီဆိုရင်တော့ အဆက်ဟောင်းနဲ့ အချစ်နွံထဲက ရုန်းထွက်ဖို့ လိုပါပြီ။ ချစ်သူပြတ်စဲလို့ အသည်းကွဲရတာဟာ ပုံမှန်ဖြစ်ပြီး ယာယီသာ ခံစားရမှာဖြစ်ပြီး ချစ်သူဟောင်းနဲ့ ပြတ်လိုက်၊ ပြန်တွဲလိုက် သံသရာကတော့  စိတ်ပင်ပန်းမှု၊ စိတ်ဒုက္ခ၊ စိတ်ကျဝေဒနာတွေနဲ့ ကျန်မားရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

(၅‌) စိတ်ပိုင်းဆိုင်ရာ လေးလံတဲ့ အလုပ်တစ်ခုလို ခံစားရနိုင်ပါတယ်။စိတ်ခံစားမှုတွေ ရှုပ်ထွေးလာတဲ့အခါ ရည်းစားဟောင်းနဲ့ ပြန်ဆုံရတာဟာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်စေမယ့် အလုပ်တစ်ခုလို ခံစားရနိုင်ပါတယ်။  ပြန်ဆက်ထားတဲ့ (relationship) အဆင်ပြေစေရန်အတွက် စိတ်ပိုင်းဆိုင်ရာ အားစိုက်ထုတ်မှု ပိုများနေပါမယ်။ သင်၏အချိန်နှင့် စွမ်းအင်ကို ဒီပေါ်မှာပဲ မြှုပ်နှံခြင်းသည် သင့်စိတ်ကျန်းမာရေးကို လျစ်လျူရှုခြင်းဖြစ်စေပါတယ်။

 (၆) ကိုယ်က အဆက်ဟောင်းနဲ့ ပြတ်လိုက် ပြန်တွဲလိုက် လုပ်နေမယ်ဆိုလျှင် အဆ က်ဟောင်းရဲ့  နှိုင်းထက်စီးနှင်းခြင်းကို ခံရနိုင်ပါတယ်။ကိုယ့်အတွက် အဆိပ်သင့်သလို ခံစားနေရတဲ့ ချစ်သံယောဇဉ်တစ်ခုမှာ ကိုယ်က အကြမ်းဖက်ခံနေရတယ်၊ နာကျင်ခံစားရတယ်၊ စိတ်ပိုင်းရုပ်ပိုင်း နှိပ်စက်ညှဉ်းပန်းခံရမှုတွေ ကြုံတွေ့ခံစားနေရတယ်ဆိုရင်တော့ ဒီသံယောဇဉ်ကို စွန့်ထားခဲ့ပစ်လိုက်ဖို့ လိုပါတယ်။ ကိုယ့်ဘဝအတွက် လုံခြုမှုရှိဖို့ ဒီဘဝထဲက ထွက်ခွာခဲ့လိုက်ပါ။

loving someone is nature but it hurts you then you’d rather stay away from it.

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*