ပိုမြန်ပြီး လုံခြုံစိတ်ချရတဲ့ ကျည်ဆံရထားကို ဒီဇိုင်းထုတ် ဖန်တီးခဲ့တဲ့ ၁၃နှစ်အရွယ် မိန်းကလေး

၁၃နှစ်အရွယ် ကာရိုလိုင်း ကော့ချ်လေ (Caroline Crouchley)ဟာ ပိုဈေးသက်သာ၊ ပိုလုံခြုံစိတ်ချရပြီး ပိုခိုင်ခန့်လို့ ကြာရှည်အသုံးပြုနိုင်မယ့်၊ ပတ်ဝန်းကျင်းကို မထိခိုက်မယ့် ကျည်ဆံရထားဒီဇိုင်းကို တီထွင်နေခဲ့ပါတယ်။ သူမဟာ 3M Young Scientist Challenge ဒုတိယနေရာ ရရှိထားသူဖြစ်ပြီး သူမရဲ့ အိုင်ဒီယာကတော့ ရထားပြေးလမ်းတွေပေါ်မှာ လေဖိအားခံနိုင်တဲ့ ပြွန်စနစ်ကို ဖန်တီးဖို့ပဲဖြစ်ပါတယ်။ ခုဒီစာရေးနေချိန်မှာတော့ သူမဟာ ၁၅နှစ်အရွယ် ရှိနေပါပြီ။

သူမရဲ့ ရည်မှန်းချက်ကတော့ အင်ဂျင်နီယာနဲ့ သိပ္ပံပညာရှင်ကြီး ဖြစ်ဖို့ပါပဲ။ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ်တွေကို MITနှင့် Harvardမှာ လေ့လာသင်ယူဖို့ စိတ်အားထက်သန်နေပါတယ်။

သူမက သူဖန်တီးနေတဲ့ ကျည်ဆံရထား စနစ်အကြောင်းကို ယခုလို ပြောပြထားပါတယ်။ ဒီစနစ်က လက်ရှိရထားပြေလမ်းကို အကျိုးရှိအောင် အသုံးချနိုင်မှာဖြစ်ပြီး လေဟာနယ်မှာ ခရီးသည်တွေကို ပို့ဆောင်မောင်းနှင်တဲ့အခါ ပြဿနာတစ်စုံတရာ မရှိပဲ အန္တရာယ်ကင်းအောင် လုပ်ဆောင်နိုင်မယ်လို့ သူမကပြောပြထားပါတယ်။ ရထားတွေကို ပိုပြီးပေါ့ပါးအောင်၊ ပိုပြီးအချိန်တိုတိုနဲ့ ခရီးရောက်အောင် တီထွင်းရင်းနဲ့ နောက်ပိုင်း ရထားတွေမှာ ဒီဇယ် သို့မဟုတ် လျှပ်စစ်မော်တာတွေ လိုအပ်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

သူမက “လမ်းပန်းဆက်သွယ်ရေးမှာ သူမလုပ်ချင်နေတဲ့ အရာတစ်ခုကို ဖော်ထုတ်ပြခြင်းရဲ့ အကြောင်းကတော့ ကျွန်မတို့ဟာ ဒီရထားကို ပိုပြီးကောင်းမွန်အောင် လုပ်နိုင်မယ်ဆိုရင် လမ်းမထက်မှာ ကား၊ ဘတ်စ်ကားနဲ့ ကုန်တင်ကားတွေရဲ့ ပမာဏကို ‌လျှော့ချပစ်နိုင်မှာပါလို့” ပြောခဲ့ပါတယ်။

သူ့မထုတ်ထားတဲ့ဒီဇိုင်းက ကုန်ကျစရိတ်နည်းနိုင်ပြီး လက်ရှိရထားနည်းပညာထက် ပိုကောင်းလို့ အချိန်တိုအတွင်း ခရီးရောက်နိုင်ပါတယ်။ ပိုပြီးလည်း လုံခြုံစိတ်ချရတယ်လို့ ကာရိုလိုင်းက ဆိုပါတယ်။ ထို့ပြင် သူ့မရဲ့ဒီဇိုင်းက ၁၀၀ ရာခိုင်နှုန်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်နဲ့ ဖြစ်တဲ့အတွက်ကြောင့် ရထားဟာ ပိုပေါ့ပါးပြီး မြန်မြန်ရွေ့လျားနိုင်တဲ့အပြင် ဒီဇယ်အင်ဂျင်၊ လျှပ်စစ်မော်တာတွေ မလိုတော့ဘူးလို့လည်း ကာရိုလိုင်းက ပြောပါတယ်။

တစ်နာရီကို မိုင်၆၀၀နဲ့ နိုင်ငံတွေကိုဖြတ်၊ တိုက်တွေကို ဖြတ်သွားနိုင်တဲ့ ကျည်ဆံရထားကို ဖန်တီးချင်နေကြတဲ့ ကုမ္ပဏီတွေဟာ အီလွန်မတ်စ်ရဲ့ ကျည်ဆံရထားနည်းပညာကို ရယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာကြောင့် သူမရဲ့ နည်းပညာကိုလည်း လိုချင်ကြမှာ အမှန်ပါပဲ။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*