တယ်လီဂရမ်တည်ထောင်သူ ဘီလီယံနာတစ်ယောက်လည်းဖြစ်တဲ့ Pavel Durovဟာ ရုရှားနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ ယခုအခါ ဒူဘိုင်းမှာ နေထိုင်နေတာပါ။ တယ်လီဂရမ်ဟာ Ukraineနိုင်ငံသားတွေ အသုံးပြုဆုံး messaging app တစ်ခုဖြစ်ပါတယ်။ သူဟာ ရုရှားနိုင်ငံသား တစ်ယောက်ဖြစ်လို့ ယခုဖြစ်နေတဲ့ စစ်ပွဲမှာ ရုရှားဖက်က ကူညီနိုင်တယ်လို့ ပြိုင်ဖက်ကုမ္မဏီတွေဆီက စွပ်စွဲချက်တွေထွက်လာပါတယ်။
Pavelကတော့ Telegram postတစ်ခုမှာ ယူကရိန်းနိုင်ငံသားတွေအနေနဲ့ သူတို့အချက်အလက်တွေ ပေါက်ကြားမှာ မစိုးရိမ်ဖို့နဲ့ Telegramအသုံးပြုသူတွေနဲ့ တစ်သားတည်းရှိကြောင်း ရေးသားထားပါတယ်။ လုံခြုံရေးပိုင်း နားလည်သူတစ်ချို့ကတော့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး စိုးရမ်နေရကြောင်းလည်း ရေးသားထားတာ တွေ့ရပါတယ်။
Moxie Marlinspike (Signalရဲ့ Encrypted System တီထွင်သူ) ကတော့ တယ်လီဂရမ်ဟာ Encryptedလုပ်ထားတယ်ဆိုပေမယ့် တစ်ကယ်တမ်းတော့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို Plaintextနဲ့ Cloudမှာ သိမ်းထားတယ်လို့ Twitterမှာ ရေးတင်ထားပါတယ်။ Telegramဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို Encryptedလုပ်ပြီး Cloudမှာ သိမ်းထားတယ်လို့ ဆိုပေမယ့် End To End Encryptionဟာ တစ်ချို့လုပ်ဆောင်ချက်တွေမှာ မပါဘူးလို့လည်း ဆိုထားပါသေးတယ်။
Telegramရဲ့ End to end encrypted လုပ်ထားတဲ့ Secret Chatsတွေ၊ Video Callတွေဟာ ကြားဖြတ်ဖို့ မလွယ်ဖူးလို့ သိရပေမယ့် သိမ်းထားတဲ့ အချက်အလက်တွေကို ကုမ္ပဏီအနေနဲ့ ဝင်ကြည့်လို့ ရပါသေးတယ်။ ထို့ကြေင့် ရုရှားအနေနဲ့ ကုမ္ပဏီကို ဖိအားပေးပြီး သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ခိုးယူနိုင်တယ်လို့ ယူဆချက်တွေ ပျံ့နှံ့နေပါတယ်။ အဆိုပါထင်မြင်ချက် သတင်းတွေကို မယုံဖို့နဲ့ အသုံးပြုသူတွေနဲ့ တစ်သားတည်း ရပ်တည်သွားမယ်လို့ Pavelက တွစ်တာမှာ ရေးသားထားပါတယ်။
ထို့အပြင် Pavelက ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၉နှစ်တုန်းက ယူကရိန်းနိုင်ငံသားတွေရဲ့ ဒေတာတွေကို ရုရှားအစိုးရကို ပေးဖို့ငြင်းဆန်ခဲ့လို့ ကုမ္ပဏီလည်းဖျက်သိမ်ခံရသလို နယ်နှင်ဒဏ်လည်း ခံခဲ့ရပါတယ်။ အခုလည်း ထပ်ကာကွယ်ဖို့ နောက်တွန့်နေမှာ မဟုတ်ဘူးလို့ ရေးထားပါတယ်။ ရုရှားနဲ့ ယူကရိန်း ၂၀၁၄ စစ်ပွဲတုန်းက ရုရှားအစိုးရ လိုချင်တဲ့ တယ်လီဂရမ်အသုံးပြုသူတွေရဲ့ ဒေတာတွေကို မပေးခဲ့လို့ တယ်လီဂရမ်ကို ရုရှားမှာဖျက်သိမ်းခဲ့ပြီး Pavelလည်း ဒူဘိုင်ကို ထွက်ပြေးခဲ့ရတာပါ။
Ref: BBc
Leave a Reply