၇ရက်သားသမီးများအတွက် 1.3.2022မှ 31.3.2022ထိ တစ်လစာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်

အလောင်းအစားတစ်ခုခုကြောင့် စိတ်ရှုပ်ပူပင်နေရတတ်သည်။ ပုံမှန်အတိုင်းအလုပ်လုပ်ပါက အစစအရာရာအဆင်ပြေနေသော်လည်း စိတ်လေပြီး လုပ်ချင်တာလုပ်နေမည့် ကာလဖြစ်သည်။ အိုးအိမ်နေရာ အပြောင်းအရွှေ့ရှိသည်။ အိမ်ထောင်သည်များက အိမ်ထောင်ရေးအဆင်မပြေသေးပါ။ အဝေးကနေသာ လွမ်းနေရမည်။ ပျိုရွယ်သူများစန်းပွင့်နေမည်။ အချစ်ရေးတွေ ၂ယောက်သားအဆင်ပြေနိုင်သော်လည်း အုပ်ထိန်းသူများက သဘောမတူပဲ ကွေ့ကွင်းရတတ်သည်။ကျန်းမာရေးကတော့ ဦးခေါင်း၊ အာရုံကြောသတိထားပေးပါ။ ယတြာ မြတ်စွာဘုရားတွင် နွားနို့ကပ်လှူပြီး ကံကောင်းမှု့များပိုင်ဆိုင်နိုင်ပါစေ။ အကျိုးပေးဂဏာန်းမှာ ၆၊ ၈ဖြစ်ပြီး အကျိုးပေးအရောင်မှာ အဝါရောင်ဖြစ်သည်။

တနင်္လာသားသမီးများအတွက်

ငွေကတော့အဝင်အထွက်ကြမ်းနေတတ်ပါသည်။ ကိုယ့်မှာအလုပ်သမားရှိလျှင် မမြှောျလငျ့ပဲထွက်သွားတတ်သည်။။စပ်တူရှယ်ယာလုပ်ငန်းများလုပ်ပါက ဤကာလတွင်အကျိုးပေးတတ်ပါသည်။ သူများနှင့်ပက်သတ်သော အမှု့အခင်းများလည်းကြုံရတတ်ပါသည်။ အချစ်ရေးတွင် ချစ်သူ၏ဂရုစိုက်မှု့ ကြင်နာမှူ့ အထူးခံရတတ်ပါသည်။ မမျှော်လင့်ပဲ အချစ်ရေးအဆင်ပြေနိုင်သည်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးသာယာတတ်သည်။ သားသမီးရတနာ ထွန်းကားတတ်သည်။ကျန်းမာရေးတွေ ညာဘက်မျက်လုံး ညာဘက်လက် အထူးဂရုပြုပါ။ ယတြာ မြတ်စွာဘုရားတွင် အုန်းပေါင်းကပ်လှူပြီး ကောင်းသောကံများ ရရှိကြပါစေ။ အကျိုးပေးအရောင်မှာ အပြာရောင်ဖြစ်ပြီး အကျိုးပေးဂဏာန်းမှာ ၈၊ ၆ဖြစ်သည်။

အင်္ဂါသားသမီးများအတွက်

အိမ်နေရာကိစ္စ၊ အမွေကိစ္စများ ကောင်းကျိုးများရပါလိမ့်မည်။ သောကြာသားသမီးများ၏အကူအညီဖြင့် ရည်မှန်းချက်တွေ အထမြောက်လာပါလိမ့်မည်။ ကိုယ့်အပေါ်မကောင်းခဲ့သည့်တစ်ချိူ့ ဆွေမျိုး၊ မိတ်ဆွေများပင် အကူညီများပေးတတ်လာမည်။ အချစ်ရေးကတော့ကျန်ခဲ့ရမည့်အနေအထားပါ။ အိမ်ထောင်သည်များညှိုနိုင်းမရ၍ ပြဿနာတတ်မည့်ကာလဖြစ်သည်။ ကလေးကြောင့်လည်းပြဿနာများတတ်မည်။ ကျန်းမာရေးကတော့ အစာအိမ် ဝမ်းဗိုက် ဒုက္ခပေးတတ်သည်။ ဂရုပြုပါ။ ယတြာ မြတ်စွာဘုရားတွင် အသီး၉ မျိုး ကပ်လှူပူဇော်ပြီး ကံကောင်းခြင်းများ ရယူပိုင်ဆိုင်နိုင်ကြပါစေ။အကျိုးပေးအရောင်မှာ အဖြူရောင်ဖြစ်ပြီး အကျိုးပေးဂဏာန်းမှာ ၃၊ ၅ဖြစ်သည်။

ဗုဒ္ဓဟူးသားသမီးများအတွက်

မဂ်လာဆောင်ကိစ္စများ၊ အလှူကိစ္စများဆက်တိုက်ဆောင်ရွက်ပေးနေရတတ်သည်။ မမျှော်လင့်ပဲဘုရားဖူး ခရီးများလည်းထွက်ရတတ်သည်။ မိသားစုနှင့်တစ်ခါတလေ စိတ်အခန့်မသင့်ဖြစ်တတ်ပါသည်။ စီးပွားရေးလုပ်ငန်းများတွင် စိတ်မပါမှုများရှိနေတတ်သည်။ ခရီးသွားလုပ်ငန်းများ ပို၍အကျိုးပေးမည်။ အချစ်ရေးတွင် ကိုယ်ကဂရုစိုက်သော်လည်း အရေးမလုပ်ခံရသည့် နေအထားအဖြစ်မည်။ သို့သော်လည်း ဘယ်လိုမှ မေ့မရနိုင်သည့်ကာလဖြစ်သည်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးရှုပ်ထွေးနေတတ်သည်။ အိမ်ထောင်ဘက်ကြောင့် စိတ်သောကရောက်ရတတ်ပါသည်။ သို့သော်မကြာခင်ပြန်အဆင်ပြေမည်။ ကျန်းမာရေးကတော့ အမျိုးသမီးများ သားအိမ်ဂရုပြုပါ။ အမျိုးသားများကတော့ ပုခုံး၊ လည်ပင်း ဂရုစိုက်ရမည်။ ယတြာ မြတ်စွာဘုရားတွင် အနီရောင်ပန်း ကပ်လှူပူဇော်ခြင်းဖြင့် ကံကောင်းမှု့များပိုင်ဆိုင်နိုင်ပါစေ။ အကျိုးပေးအရောင်မှာ အစိမ်းရောင်၊ ရေညှိရောင်ဖြစ်ပြီး အကျိုးပေးဂဏာန်းမှာ ၇၊ ၉ဖြစ်သည်။

ကြာသပတေး သားသမီးများအတွက်

နေရာထိုင်ခင်းနှင့်ပက်သတ်သော အပြောင်းအရွှေ့ကောင်းများကြုံမည်။ သို့သော်လည်းအခွင့်အရေးကို ထိထိမိမိအသုံးမချတတ်ခြင်းကြောင့် အောင်မြင်ခြင်းနှင့် ဝေးကွာနိုင်မည်။ ဆက်လက်ကြိုးစားမှ တန်ကာကျမည်။ ရပ်ဝေးမှအဆက်အသွယ်ကောင်းများ၊ သတင်းကောင်းများ ကြားရလိမ့်မည်။ အိမ်ထောင်ရေးတွင် တစ်ယောက်နှင့်တစ်ယောက် အထင်လွဲခံရမှု့များ၊ ယုံကြည်မှုကင်းမဲ့စရာများကြုံမည်။ အချစ်ရေးကတော့ သိပ်အဆင်မပြေပါ။ နှစ်ဦးကြား အနှောင့်ယှက် များနေတတ်သည်။ ကျန်းမာရေးအတွက် ဘယ်ဖက်ခြေထောက်ကို ဂရုစိုက်ပါ။ ယတြာအနေနဲ့ မြတ်စွာဘုရားတွင် အုန်းနို့ခေါက်ဆွဲ ကပ်ကပ်လှူပူဇော်ခြင်းဖြင့် ကံအထူးကောင်းနိုင်ကြပါစေ။ အကျိုးပေးအရောင်မှာ ပန်းရောင်ဖြစ်ပြီး အကျိုးပေးဂဏာန်းမှာ ၆၊ ၅ဖြစ်သည်။

သောကြာသားသမီးများအတွက်

နာမည်ဂုဏ်သတင်းတက်ခြင်း၊ အလုပ်အကိုင်ရာထူးတိုးခြင်းမျိုး ကြုံရတတ်ပါသည်။ အဆင်မပြေမှုဖြစ်ခဲ့သော အကြီးအကဲများနှင့် ပြန်အဆင်ပြေတတ်ပါသည်။ အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့လုပ်ကိုင်ရတတ်သည်။ မည်သို့ပင်အခက်အခဲရှိပါစေ အလုပ်အကိုင်များကို တိုးချဲ့လုပ်ကိုင်ပါ။သေချာပေါက်အောင်မြင်မှု့ရမည်။ အိမ်ထောင်သည်များ ဘေးစကားသတိထားပါ။ ဘာမဟုတ်တဲ့ အကြောင်းလေးနဲ့ ပြဿနာကြီးသွားနိုင်သည်။ ကြားလူမရှုပ်ရင် အိမ်ထောင်ရေးသာယာပါလိမ့်မည်။ အချစ်ရေးကလည်း ကြားလူမရှုပ်လျှင် အေးအေးဆေးဆေးရှိပါလိမ့်မည်။ ကျန်းမာရေးက မတော်တဆမှု ဂရုစိုက်ရမည်။ ယတြာ ဘုရားတွင် မုန့်လုံးရေပေါ်ကပ်လှူခြင်းဖြင့် ကံကောင်းမှု့များပိုင်ဆိုင်နိုင်ပါစေ။ အကျိုးပေးဂဏာန်းမှာ ၂၊ ၄ဖြစ်ပြီး အကျိုးပေးအရောင်မှာ  နီညိုရောင်ဖြစ်သည်။

စနေသားသမီးများအတွက်

စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်သင့်သောကာလဖြစ်သည်။ ရေလုပ်ငန်းလုပ်သူများ၊ ရွှေလုပ်ငန်းလုပ်သူများ အထူးအကျိုးပေးနိုင်သည်။ မိဘ မောင်နှမများ၏ အားပေးချစ်ခင်မှု့ကိုလည်း ခံရတတ်သည်။ အိမ်ထောင်သည်များ အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်သည်။ အိမ်ထောင်ဘက်က အိမ်မကပ်သောကြောင့် စိတ်ညစ်ရတတ်သည်။ အချစ်ရေးတွင်စန်းထနေလိမ့်မည်။ ချစ်သူနှင့်လည်း အဆင်ပြေနိုင်သည့်ကာလဖြစ်သည်။ ကျန်းမာရေးတွင် မျက်လုံးကိုအထူးဂရုစိုက်သင့်ပါသည်။ အကျိုးပေးအရောင် အဖြူရောင်ဖြစ်ပြီး အကျိုးပေးဂဏာန်းမှ ၃၊ ၆ဖြစ်သည်။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*