ယူကရိန်း ဒုက္ခသည်၁၀၀၀ကို ယူကေကို ဝင်ရောက်နိုင်ဖို့ ငွေကြေးထောက်ပံ့ ကူညီမယ့် ဗြိတိန် သန်းကြွယ်သူဌေး

အိမ်ဆောက်လုပ်ရေး ကုမ္ပဏီ ( Redrow ) တည်ထောင်သူ ဗြိတိန်လူမျိုး သန်းကြွယ်သူ‌‌ဌေး တစ်ယောက်ဖြစ်တဲ့ စတိဗ် မော်ဂန်(Steve Morgan)က ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းကနေ ထွက်ခွါမယ့် ယူကရိန်းဒုက္ခသည် ၁၀၀၀အတွက် UKကို ဝင်ရောက်နိုင်ဖို့အတွက် ငွေကြေး ကူညီထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

ထို့အပြင် ၎င်းက ယူကရိန်းကနေ ထွက်ပြေးလာခဲ့သူတွေအပေါ် အရေးပေါ်ဗီဇာပေးဖို့ ကြန့်ကြာနေတာကိုလည်း ရပ်တန့်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။ “ယူကရိန်းကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်မိသားစုတွေကို မြင်ရတာ ခိုကိုးရာမဲ့သလို ခံစားရပြီး အလွန်အမင်းလည်း စိတ်ထိခိုက်ရသလို ကျွန်တော် တစ်ခုခု လုပ်ပေးရမယ်ဆိုတာ သိခဲ့ရတယ်လို့” ၎င်းက ဆိုပါတယ်။

“ဘောရစ်ဂျွန်ဆင်(ဗြိတိန် ဝန်ကြီးချုပ်)နှင့် ပရီတီ ပါတယ်(ပြည်ထဲရေးဝန်ကြီး)တို့က ဒီလိုနှောင့်နှေးကြန့်ကြာနေတာကို ရပ်တန့်ရပါမယ်။ ကျွန်တော်တို့က စတိဗ်မော်ဂန် ဖောင်ဒေးရှင်းကနေတဆင့် ဒုက္ခသည်တွေကို ငွေးကြေးကူညီ ထောက်ပံ့ပေးတဲ့နည်းနဲ့ ကူညီနိုင်ပေမယ့် ကျွန်တော်တို့ ပိုပြီးလုပ်ပေးဖို့ လိုအပ်ပါတယ်”လို့ ၎င်ကဆိုထားပါတယ်။

စတိဗ်ဟာ (Redrow)ကို ၁၉၄၇မှာတည်ထောင်ခဲ့ပေမယ့် စတိဗ်မော်ဂန် ဖောင်ဒေးရှင်း တည်ထောင်ပြီး ပရဟိတလုပ်ငန်းတွေနဲ့ အချိန်ပိုကုန်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ကပ်ရောဂါကာလအတွင်းမှာလည်း သူ့ရဲ့ဖောင်ဒေးရှင်းက ပရဟိတလုပ်ငန်းတွေကို ဩစီဒေါ်လာ ၄၆သန်းလှူဒန်းခဲ့ပါသေးတယ်။ ၎င်းက ဒုက္ခသည်၁၀၀၀ကို ကူညီဖို့ ဘယ်လောက်ကုန်ကျမယ်ဆိုတာ မသိနိုင်ပေမယ့် ၆လနဲ့ ၆လထက်ပိုပြီး သူတို့ရဲ့ နေထိုင်ကုန်ကျစရိတ်ကို တာဝန်ယူသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ယူကေကို ဝင်ရောက်ဖို့ ယူကရိန်းလူမျိုး ၁၃၅၀၀ရှိပေမယ့် ယူကေအစိုးက အရေးပေါ်ဗီဇာ၅၀ကိုသာ ခွင့်ပြုပေးခဲ့လို့ ယူကရိန်းဒုက္ခသည်အ‌ရေး ကိုင်တွယ်ဖြေင်ရှင်းတာနဲ့ ပတ်သက်ပြီး ယူကေအစိုးရဟာ ဝေဖန်ခံနေရပါတယ်။ စတိဗ်ရဲ့ ဖောင်ဒေးရှင်းက ကူညီထောက်ပံ့ပေးရေး processနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြဖို့ လွတ်တော်အမတ်များရဲ့ ရုံးကိုဆက်သွယ်ခဲ့ပေမယ့် ပြန်လည်တုန့်ပြန်လာမယ့် အချိန်ကို စောင့်ဆိုင်းနေရတုန်းလို့ သိရပါတယ်။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*