ယူကရိန်းစစ်ပွဲမှာ ကူတိုက်ဖို့ အရှေ့အလယ်ပိုင်းမှ တပ်သား ၁၆၀၀၀ခန့် ရုရှားခေါ်ထား

ယူကရိန်းမှာ ရုရှားအတွက် ရှေ့တန်းမှာ တိုက်ပွဲဝင်ဖို့ ဆီးရီးယားစစ်သားတွေကို တစ်လကို ပေါင် ၅,၀၀၀ ပေးမယ်လို့ အစောပိုင်း သတင်းတွေအရ သိရပါတယ်။

ဆီးရီးယားရှိ ဆိုရှယ်မီဒီယာများတွင် ရုရှားတပ်များပူးပေါင်းရန် လူများတောင်းဆိုမှုများ ပြည့်လျှံနေသဖြင့် အရှေ့အလယ်ပိုင်းမှ တပ်သားသစ် ၁၆၀၀၀ ခန့်ကို ရုရှားက ခေါ်ယူထားကြောင်း ရုရှားက ပြောကြားခဲ့သည်။

လူသစ်စုဆောင်းသူတစ်ဦးက “ယူကရိန်းကို လူသစ်စုဆောင်းတာက လစ်ဗျားကို ခေါ်ယူပုံနဲ့ တူတယ်၊ ဒေသတွေမှာ ကိုယ်စားလှယ်တွေရှိတယ်” ဟု၎င်က ပြောကြားခဲ့သည်။

ထို့ပြင် “သင်လျှောက်ထားပြီးနောက် သင်၏ဆုံးဖြတ်ချက်ကို ပြောင်းလဲပိုင်ခွင့်ရှိပါတယ်။ သင့်အား မည်သူမှ အတင်းအကြပ်သွားခိုင်းမည်မဟုတ်ပါ”ဟု ၎င်းကဆိုသည်။

ပြည်တွင်းစစ်ကြောင့် ပျက်စီးနေပြီဖြစ်သော ဆီးရီးယား၏စီးပွားရေးသည် ယခုအခါ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့မှ ပေါက်ရောက်သော ဂျုံကဲ့သို့သော မရှိမဖြစ်လိုအပ်သောပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်နေမှုကို ရင်ဆိုင်နေရပြီး ရုရှား၏ကမ်းလှမ်းချက်က ပိုမိုဆွဲဆောင်မှုဖြစ်စေပါတယ်။

ဆီးရီးယားနိုင်ငံ၏ ပြည်တွင်းစစ်မှာ ဆီးရီးယားအစိုးရအား ရုရှားက ထောက်ခံခဲ့ပြီး ဆီးရီးယားစစ်သားများက ကျေးဇူးကို ပြန်ဆပ်ပေးလိုသည်ဟု ရုရှားနိုင်ငံပိုင်သတင်းများတွင် ဖော်ပြထားသည်။

Zawgyi

ယူကရိန်းစစ်ပွဲမှာ ကူတိုက်ဖို့ အရှေ့အလယ်ပိုင်းမှ တပ်သားသစ် ၁၆၀၀၀ခန့် ရုရှားခေါ်ထား



လူသစ်စုဆောင်းသူတစ်ဦးက “ယူကရိန်းကို လူသစ်စုဆောင်းတာက လစ်ဗျားကို ခေါ်ယူပုံနဲ့ တူတယ်၊ ဒေသတွေမှာ ကိုယ်စားလှယ်တွေရှိတယ်” ဟု၎င်းင်က ပြောကြားခဲ့သည်။




REF: BBC

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*