သဘာဝနည်းလမ်းဖြင့် ဂျိုင်ဖြူပြီး အနံ့အသက်ကင်းအောင် အလွယ်ဆုံးနည်း

ဂျိုင်းမဲခြင်းနှင့် အနံ့အသက်ထွက်ခြင်းကို လွယ်ကူစွာ ပျောက်စေဖို့ သဘာဝနည်းလမ်း၊ သဘာဝပစ္စည်းတွေကို သုံးပြီး ဖြေရှင်းလို့ရပါတယ်။

ဂျိုင်းမဲလို့ လက်ပြတ်မဝတ်ရဲ့တဲ့ ပျိုမေတို့အတွက် အကျိုးများစေမယ်လို့ မျှော်လင့်ပါတယ်။

မိမိတို့အိမ်ရဲ့ မီးဖိုချောင်ထဲမှာရှိတဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုပေးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေနိုင်သလို ဓာတုပစ္စည်းများပါဝင်တဲ့ အလှကုန်ပစ္စည်းများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရာလည်း ရောက်ပါတယ်။

အချို့ ဓာတုပစ္စည်းများဟာ အသားမှတစ်ဆင့် သွေးကြောထဲကို ရောက်ရှိပါတယ်။ သွေးကြောမှတစ်ဆင့် ကိုယ်တွင်းရှိ ဆဲလ်တစ်ရူးများသို့ ရောက်ရှိနိုင်ပြီး ကင်ဆာနှင့် အယ်လ်ဇိုင်းမားရောဂါများ ဖြစ်ပွားစေနိုင်ပါတယ်။

ဂျိုင်မဲခြင်းနှင့် အနံ့အသက်ထွက်ခြင်းကို ပျောက်စေဖို့ အိမ်တွင်းပစ္စည်းများဖြင့် ပြုလုပ်နည်း ၂နည်းကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁)အာလူးနဲ့ ပြုလုပ်ခြင်း

အာလူးကို စားသုံးရန်အတွက် မိမိတို့မီးဖိုချောင်မှာ နေ့စဉ်နီပါး မြင်တွေ့နိုင်သလို  သရေစာအဖြစ်လည်း မြင်တွေ့နိုင်ပါတယ်။

ထို့အပြင် မိတ်ကပ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အာလူးကို ထည့်သွင်း အသုံးပြုလေ့ရှိကြပါတယ်။

အာလူးကို ဓားထက်ထက်ဖြင့် အကွင်းလေးများကွင်းကာ ဂျိုင်းအောက်မှာ မိနစ် (၂၀) ခန့်ထားပါ။

ထို့ပြင် အရည်ဖျော်ကာ ဂျိုင်းကို ပွတ်ပေးပြီး မိနစ်(၂၀)ခန့်ထားနိုင်ပါတယ်။ မိနစ် (၂၀) ခန့်ထားပြီးလျှင်တော့ ရေအေးဖြင့် ဆေးချပေးပါ။

(၂) နနွင်းမှု့န်နဲ့ သံပုရာသီးကို အသုံးပြုခြင်း

နနွင်းမှုန်နဲ့ သံပုရာသီးကို အသုံးပြုပြီး ဂျိုင်ဖြူလာအောင် ပြုလုပ်လို့ရပါတယ်။ လုပ်ရတာ အရမ်းလွယ်ကူလို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ပထမဦးစွာ နနွင်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်ကို ပန်ကန်လုံးထဲထည့်ပြီး သံပုရာသီတစ်လုံးကို အရည်ညှစ်ထည့်ပြီး သမအောင်မွှေလိုက်ပါ။

သမအောင်မွှေပြီးသွားရင် ဂျိုင်မှာ ပွတ်လိမ်းပြီး ၁၀မိနစ် ၁၅မိနစ်ခန့် ထားပေးပါ။ ထို့နောက် ရေအေးဖြင့် ဆေးကြောလိုက်ပါ။

တစ်ပတ်၂ကြိမ်ခန့် ပုံမှန်လုပ်ပေးခြင်းဖြင့် ၆ပတ်ခန့် (တစ်လခွဲလောက်) ကြာတဲ့အချိန်မှာ သိသာတဲ့ ရလဒ်ကို ရရှိလာမှာပါ။

ဘေးထွက်ဆိုးကျိုး မရှိပဲ သဘာဝနည်းလမ်းနဲ့ ဂျိုင်းဖြူဖွေး လှပစေနိုင်တာမို့ သူငယ်ချင်လေးတွေကိုလည်း ဒီpostကို shareလုပ်ပြီး မျှဝေပေးလိုက်ဦးနော် အသဲတို့။

Zawgyi


ဂျိုင်မဲခြင်းနှင့် အနံ့အသက်ထွက်ခြင်းကို လွယ်ကူစွာ ပျောက်စေဖို့ သဘာဝနည်းလမ်း၊ သဘာဝပစ္စည်းတွေကို သုံးပြီး ဖြေရှင်းလို့ရပါတယ်။

ဂျုင်းမဲလို့ လက်ပြတ်မဝတ်ရဲ့တဲ့ ပျိုမေတို့အတွက် အကျိုးများစေမယ်လို့ မျှော်လင့်ပါတယ်။



(၁)အာလူနဲ့ ပြုလုပ်ခြင်း




(၂) နနွင်းမှုန်နဲ့ သံပုရာသီးကို အသုံးပြုခြင်း






Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*