ဂျပန်အမျိုးသမီးများ အရွယ်တင်နုပျိုရခြင်းရဲ့  လျှို့ဝှက်ချက်များ

ဂျပန်လူမျိုးအများစုဟာ အသက်ရှည်ကြပြီး အသက်၁၀၀ကျော်အထိ နေထိုင်ကြပါတယ်။ ဂျပန်အမျိုးသမီးများဟာလည်း အရွယ်တင်နုပျိုပြီး သေးသွယ်တဲ့ ခန္ဓာကိုယ်နဲ့ လှပကြပါတယ်။

ဂျပန်နိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဘက်စွန်းမှာရှိတဲ့ ကျွန်းနိုင်ငံဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အကျယ်အဝန်းဟာ ၃၇၇၉၇၅ စတုရန်း ကီလိုမီတာ ကျယ်ဝန်ပြီး ဂျပန်နိုင်ငံ၏ လက်ရှိလူဦးရေမှာ ၂၀၂၂ခုနှစ် မတ်လ ၁၇ရက်အထိ ဒေတာများအရ ၁၂၅,၈၁၇,၆၂၇ ဦးရေ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ကျွန်းနိုင်ငံဖြစ်လို့ စိမ်းလန်းတဲ့ တောင်တန်းတွေ၊ ပင်လယ်ပြာတွေနဲ့ လှပသလို ဂျပန်မလေးတွေဟာလည်း သေးသွယ်တဲ့ ခန္ဓာကိုယ်လေးတွေနဲ့ အရွယ်တင်နုပျိုကြပါတယ်။

ဂျပန်လူမျိုးတွေရဲ့ အရွယ်တင်နုပျိုပြီး အသက်ရှည်ရခြင်းရဲ့ လျှို့ဝှက်ချက်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) အချဉ်ဖောက်ထားတဲ့ အစားအစားများစားခြင်း

ကွန်ပိုချား၊ မီဇို၊ ကင်မ်ချီးတို့လို အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို ဂျပန်လူမျိုးများဟာ မကြာခဏ စားသုံးလေ့ရှိကြပါတယ်။

အချဉ်ဖောက်မယ့် အစားအစာတွေကို အချဉ်ဖောက်လိုက်တဲ့အခါ အချဉ်ဖောက်နေစဉ်အတွင်း အစာထဲမှာပါတဲ့ ကစီဓာတ်နဲ့ သကြားဓာတ်တွေကို ဘတ်တီးရီးယားတွေက စားသုံးလိုက်ကြပါတယ်။

ထို့နောက် လက်တစ်အက်ဆစ်တွေ(Lactic Acid)တွေ ထွက်လာပါတယ်။ လူကိုအကျိုးပြုတဲ့ အက်ဆစ်ဖြစ်ပါတယ်။

ထို့အပြင် အိုမီဂါ ၃အဆီ၊ ဗီတာမင်ဘီနှင့် လူကိုအကျိုးပြုစေတဲ့ ဘက်တီးရီးယားများနဲ့ အင်ဇိုင်းတွေပါ အချဉ်ဖတ်တွေမှာ ပါဝင်လာပါတယ်။

ထိုကြောင့် ဒီအချဉ်ဖောက်ထားတဲ့ အစားအစာတွေက အစာကြေလွယ်စေတဲ့အပြင် ကိုယ်အလေးချိန် ကျဆင်းအောင်နဲ့ တစ်သျှူးနှင့် ဆဲတို့မှ အဆိပ်အတောက် ဖယ်ရှားခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။

(၂) မက်ချာလို့ခေါ်တဲ့ Green Teaကို နေ့စဉ်သောက်သုံးခြင်း

မက်ချာ(matcha)လို့ခေါ်တဲ့ (green tea)အမျိုးအစားဟာ အမှုန့်အမျိုးအစားဖြစ်ပြီး အမှုန့်မဟုတ်တဲ့ဟာကို တန်ချာ(tencha)လို့ ခေါ်ပါတယ်။ အမျိုးအစားကောင်းတဲ့ မက်ချာ အမျိုးအစားဟာ တောက်ပတဲ့ အစိမ်းရောင်ရှိပါတယ်။

မက်ချာရဲ့ အကျိုးကျေးဇူးများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အစွမ်းထက် (EGCg) အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း များ ပါဝင်သည်။

ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပြီး ကယ်လိုရီများကို လောင်ကျွမ်းစေပါသည်။

အဆိပ်အတောက်များကို သဘာဝအတိုင်း ထိရောက်စွာ ဖယ်ရှားပေးသည်။

စိတ်ကို အေးချမ်းစေပြီး ခန္ဓာကိုယ်ကို ပြေလျော့စေတယ်။

အမျှင်ဓာတ်၊ ကလိုရိုဖီးလ်နှင့် ဗီတာမင်များ ကြွယ်ဝသည်။

စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး အာရုံစူးစိုက်မှုကို အထောက်အကူပြုပါတယ်။

ဗီတာမင်စီ၊ ဆီလီနီယမ်၊ ခရိုမီယမ်၊ ဇင့်နှင့် မဂ္ဂနီဆီယမ်တို့ကို ထောက်ပံ့ပေးသည်။

ရောဂါကာကွယ်ပေးသည်။

ကိုလက်စထရောနှင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးသည်။

ထို့ကြောင့် အတိုးချုံးရရင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများစွာပါဝင်လို့ အိုမင်းရင့်ရော်မှုကို ‌နှေးကွေးစေတဲ့အပြင် ကိုယ်အလေးချိန် ကျဆင်းအောင်လည်း ကူညီပေးနိုင်သလို နုလုံးရောဂါနှင့် ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချ‌ပေးပါတယ်။

 ဒီမက်ချာ ‌ခေါ် (green tea) ကို တစ်နေ့ ၅ခွက်နှုန်း သောက်ခြင်းကလည်း ဂျပန်အမျိုးသမီး ခန္ဓာကိုယ် သေးသွယ်လှပပြီး အရွယ်တင်နုပျိုရခြင်း အကြောင်းတွေထဲက တစ်ချက်ဖြစ်ပါတယ်။

(၃) ပင်လယ်စာ(sea food)များကို အများဆုံးစားသုံးခြင်း

ဂျပန်လူမျိုးတွေဟာ အနီရောင်အသားများကို သိပ်စားလေ့စားထ မရှိကြပါဘူး။ အနီရောင် အသားများဟာ အဝလွန်တာ၊ ကိုလက်စထရော မြင့်မားတာနှင့် ရောင်းရမ်းမှု စတဲ့ ကျန်းမာရေးပြဿနာများသက်ဆိုင်တဲ့ ရောဂါအများစုကို ဖြစ်စေပါတယ်။

ဂျပန်နိုင်ငံဟာ ရေပတ်လည်းဝိုင်းနေတဲ့ ကျွန်းနိုင်ငံဖြစ်တဲ့အတွက် ပင်လယ်စာတွေ ပေါများသလို ဂျပန်လူမျိုးများဟာ ပင်လယ်စာကိုပဲ အစားများကြပါတယ်။

ပင်လယ်စာတွေက ကိုယ်တွင်းရောင်ရမ်းမှုဖြစ်တာတွေကို လျှော့ချ‌ပေးပြီး အာရုံကြောစနစ်အတွက် အလွန်အကျိုးများပါတယ်။

ငါးတွေမှာ အလွန်ကောင်းမွန်တဲ့ ပရိုတင်း ပါဝင်ပြီး သူ့မှာပါဝင်တဲ့ အိုမီဂါ ၃ အဆီက ဦးနှောက်၊ နှလုံး နှင့် အခြားကိုယ်တွင်းအင်္ဂါတွေကို အကျိုးများစေပါတယ်။

ဒီအိုမီဂါ ၃ အဆီဟာဆိုရင် ဝမ်းဗိုက် အဆီကျဖို့၊ အသားအရည် တောက်ပြောင်စေဖို့ နဲ့ အရေပြားကင်ဆာတွေ မဖြစ်အောင် ကူညီ‌ပေးပါတယ်။

(၄) အစားအစာကို အနည်းငယ်သာ စားသုံးခြင်း

ဂျပန်လူမျိုးများဟာ အစားစားတဲ့အခါ အနည်းငယ်သာ စားသုံးကြပါတယ်။

အစားကို လိုတာထက်ပိုပြီး မစားသုံးခြင်းက ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်သလို ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၅) ကျန်းမာရေးနှင့် ညီညွှတ်စာ ချက်ပြုတ်စားသောက်ခြင်း

ဂျပန်လူမျိုးတွေဟာ ချက်ပြုတ်တဲ့အခါ ဆီများများသုံးလေ့မရှိပါဘူး။ ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေ စားသုံးတာ အလွန်နည်းပါတယ်။

တကယ်လို့ အကြော်စာတွေ စားဖြစ်ခဲ့တယ်ဆိုရင်လည်း တခြားအစားအစာတွေနဲ့ တွဲဖက်ပြီး အနည်းငယ်သာ စားသုံးလေ့ရှိပါတယ်။

(၆) လမ်းလျှောက်များခြင်း

ဂျပန်လူမျိုးတွေဟာ လမ်းလျှောက်များကြပါတယ်။

လူဦးရေ သိပ်သည်းတဲ့ ကျွန်းနိုင်ငံဖြစ်တဲ့အတွက် သူတို့ဟာ ရထားကိုသာ ပို၍အသုံးပြုရတာကြောင့် လမ်းပိုလျှောက်ဖြစ်ကြပါတယ်။

လမ်းလျှောက်ခြင်းဟာ ကိုယ်အလေးချိန် ကျဆင်းခြင်းနှင့် နှလုံးသွေးကြော ကျန်မာရေးကို အထောက်အကူပြုပါတယ်။

 ထို့ပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။

(၇) လေ့ကျင့်ခန်းလုပ်ခြင်း

ဂျပန်လူမျိုးတော်တော်များဟာ ကရာတေး၊ ဂျူဒိုနှင့် အိုက်ခီဒို လိုမျိုး ကိုယ်ခံပညာ လေ့ကျင့်ခန်းတွေကို လုပ်လေ့ရှိကြပါတယ်။

ဒီလို လေ့ကျင့်ခန် လုပ်ခြင်းဟာ နှလုံးသွေကြော ကျန်းမာရေးကို ကောင်းမွန်စေပြီး ကြွက်သားတွေကို သန်မာစေတဲ့အပြင် ကိုယ်အလေးချိန်ကို ကျဆင်းစေခြင်းနှင့် အိုမင်း ရင့်ရော်မှုဖြစ်ကိုလည်း နှေးကွေးစေပါတယ်။

(၈) ရေပူစမ်းမှာ ရေစိမ်၊ ရေချိုးခြင်း

ဂျပန်လူမျိုးတွေဟာ ရေပူစမ်းမှာ ရေစိမ်၊ ရေချိုးကြပါတယ်။ ဒါကြောင့် သူတို့ဟာ ကျန်းမာရေး ကောင်းကြပါတယ်။

ဘာကြောင့်လည်းဆိုတော့ ရေးနွေးနှင့် ရေပူစမ်းမှာ ပါဝင်တဲ့ ဆီလီကာ၊ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ် နှင့် နိုင်ယာစင်လို သတ္ထုတွေကြောင့် ဖြစ်ပါတယ်။

ရေပူစမ်းမှာ ရေစိမ်၊ ရေချိုးခြင်းအားဖြင့် ဒီသတ္ထုဓာတ်တွေက အရေပြားကနေ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး သွေးလည်းပတ်မှု ကောင်းမွန်လာပြီး အောက်စီဂျင်ရရှိမှု များလာတာတဲ့အတွက် စိတ်ဖိစီးမှုတွေကို လျှော့နည်းသွားစေတာကြောင့် နှစ်ခြိုက်စွာ အိပ်စက်နိုင်ပြီး အရေပြား ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

အထက်ပါ(၈) ချက်ကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် ဂျပန်အမျိုးသမီးများကဲ့သို့ သေးသွယ်လှပပြီး အရွယ်တင်နုပျိုနိုင်ကြပါစေ။

(Zawgyi)

ဂ်ပန္အမ်ိဳးသမီးမ်ား အ႐ြယ္တင္ႏုပ်ိဳရျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္မ်ား
ဂ်ပန္လူမ်ိဳးအမ်ားစုဟာ အသက္ရွည္ၾကၿပီး အသက္၁၀၀ေက်ာ္အထိ ေနထိုင္ၾကပါတယ္။ ဂ်ပန္အမ်ိဳးသမီးမ်ားဟာလည္း အ႐ြယ္တင္ႏုပ်ိဳၿပီး ေသးသြယ္တဲ့ ခႏၶာကိုယ္နဲ႔ လွပၾကပါတယ္။

ဂ်ပန္ႏိုင္ငံဟာ ပစိဖိတ္သမုဒၵရာ၏ ေျမာက္ဘက္စြန္းမွာရွိတဲ့ ကြၽန္းႏိုင္ငံျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံရဲ႕ အက်ယ္အဝန္းဟာ ၃၇၇၉၇၅ စတုရန္း ကီလိုမီတာ က်ယ္ဝန္ၿပီး ဂ်ပန္ႏိုင္ငံ၏ လက္ရွိလူဦးေရမွာ ၂၀၂၂ခုႏွစ္ မတ္လ ၁၇ရက္အထိ ေဒတာမ်ားအရ ၁၂၅,၈၁၇,၆၂၇ ဦးေရ ျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံဟာ ကြၽန္းႏိုင္ငံျဖစ္လို႔ စိမ္းလန္းတဲ့ ေတာင္တန္းေတြ၊ ပင္လယ္ျပာေတြနဲ႔ လွပသလို ဂ်ပန္မေလးေတြဟာလည္း ေသးသြယ္တဲ့ ခႏၶာကိုယ္ေလးေတြနဲ႔ အ႐ြယ္တင္ႏုပ်ိဳၾကပါတယ္။ဂ်ပန္လူမ်ိဳးေတြရဲ႕ အ႐ြယ္တင္ႏုပ်ိဳၿပီး အသက္ရွည္ရျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။


(၁) အခ်ဥ္ေဖာက္ထားတဲ့ အစားအစားမ်ားစားျခင္း


ကြန္ပိုခ်ား၊ မီဇို၊ ကင္မ္ခ်ီးတို႔လို အခ်ဥ္ေဖာက္ထားတဲ့ အစားအစာေတြကို ဂ်ပန္လူမ်ိဳးမ်ားဟာ မၾကာခဏ စားသုံးေလ့ရွိၾကပါတယ္။

အခ်ဥ္ေဖာက္မယ့္ အစားအစာေတြကို အခ်ဥ္ေဖာက္လိုက္တဲ့အခါ အခ်ဥ္ေဖာက္ေနစဥ္အတြင္း အစာထဲမွာပါတဲ့ ကစီဓာတ္နဲ႔ သၾကားဓာတ္ေတြကို ဘတ္တီးရီးယားေတြက စားသုံးလိုက္ၾကပါတယ္။


ထို႔ေနာက္ လက္တစ္အက္ဆစ္ေတြ(Lactic Acid)ေတြ ထြက္လာပါတယ္။ လူကိုအက်ိဳးျပဳတဲ့ အက္ဆစ္ျဖစ္ပါတယ္။
ထို႔အျပင္ အိုမီဂါ ၃အဆီ၊ ဗီတာမင္ဘီႏွင့္ လူကိုအက်ိဳးျပဳေစတဲ့ ဘက္တီးရီးယားမ်ားနဲ႔ အင္ဇိုင္းေတြပါ အခ်ဥ္ဖတ္ေတြမွာ ပါဝင္လာပါတယ္။

ထိုေၾကာင့္ ဒီအခ်ဥ္ေဖာက္ထားတဲ့ အစားအစာေတြက အစာေၾကလြယ္ေစတဲ့အျပင္ ကိုယ္အေလးခ်ိန္ က်ဆင္းေအာင္နဲ႔ တစ္သွ်ဴးႏွင့္ ဆဲတို႔မွ အဆိပ္အေတာက္ ဖယ္ရွားျခင္းတို႔ကို လုပ္ေဆာင္ေပးပါတယ္။


(၂) မက္ခ်ာလို႔ေခၚတဲ့ Green Teaကို ေန႔စဥ္ေသာက္သုံးျခင္း


မက္ခ်ာ(matcha)လို႔ေခၚတဲ့ (green tea)အမ်ိဳးအစားဟာ အမႈန႔္အမ်ိဳးအစားျဖစ္ၿပီး အမႈန႔္မဟုတ္တဲ့ဟာကို တန္ခ်ာ(tencha)လို႔ ေခၚပါတယ္။

အမ်ိဳးအစားေကာင္းတဲ့ မက္ခ်ာ အမ်ိဳးအစားဟာ ေတာက္ပတဲ့ အစိမ္းေရာင္ရွိပါတယ္။


မက္ခ်ာရဲ႕ အက်ိဳးေက်းဇူးမ်ားကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။


အစြမ္းထက္ (EGCg) အပါအဝင္ ဓာတ္တိုးဆန႔္က်င္ပစၥည္း မ်ား ပါဝင္သည္။


ဇီဝျဖစ္ပ်က္မႈကို ျမႇင့္တင္ေပးၿပီး ကယ္လိုရီမ်ားကို ေလာင္ကြၽမ္းေစပါသည္။


အဆိပ္အေတာက္မ်ားကို သဘာဝအတိုင္း ထိေရာက္စြာ ဖယ္ရွားေပးသည္။


စိတ္ကို ေအးခ်မ္းေစၿပီး ခႏၶာကိုယ္ကို ေျပေလ်ာ့ေစတယ္။


အမွ်င္ဓာတ္၊ ကလို႐ိုဖီးလ္ႏွင့္ ဗီတာမင္မ်ား ႂကြယ္ဝသည္။


စိတ္ခံစားခ်က္ကို ျမႇင့္တင္ေပးၿပီး အာ႐ုံစူးစိုက္မႈကို အေထာက္အကူျပဳပါတယ္။


ဗီတာမင္စီ၊ ဆီလီနီယမ္၊ ခ႐ိုမီယမ္၊ ဇင့္ႏွင့္ မဂၢနီဆီယမ္တို႔ကို ေထာက္ပံ့ေပးသည္။


ေရာဂါကာကြယ္ေပးသည္။


ကိုလက္စထေရာႏွင့္ ေသြးတြင္းသၾကားဓာတ္ကို ေလွ်ာ့ခ်ေပးသည္။


ထို႔ေၾကာင့္ အတိုးခ်ဳံးရရင္ ဓာတ္တိုးဆန႔္က်င္ ပစၥည္းမ်ားစြာပါဝင္လို႔ အိုမင္းရင့္ေရာ္မႈကို ‌ေႏွးေကြးေစတဲ့အျပင္ ကိုယ္အေလးခ်ိန္ က်ဆင္းေအာင္လည္း ကူညီေပးႏိုင္သလို ႏုလုံးေရာဂါႏွင့္ ကင္ဆာျဖစ္ႏိုင္ေျခကိုလည္း ေလွ်ာ့ခ်‌ေပးပါတယ္။
ဒီမက္ခ်ာ ‌ေခၚ (green tea) ကို တစ္ေန႔ ၅ခြက္ႏႈန္း ေသာက္ျခင္းကလည္း ဂ်ပန္အမ်ိဳးသမီး ခႏၶာကိုယ္ ေသးသြယ္လွပၿပီး အ႐ြယ္တင္ႏုပ်ိဳရျခင္း အေၾကာင္းေတြထဲက တစ္ခ်က္ျဖစ္ပါတယ္။


(၃) ပင္လယ္စာ(sea food)မ်ားကို အမ်ားဆုံးစားသုံးျခင္း


ဂ်ပန္လူမ်ိဳးေတြဟာ အနီေရာင္အသားမ်ားကို သိပ္စားေလ့စားထ မရွိၾကပါဘူး။ အနီေရာင္ အသားမ်ားဟာ အဝလြန္တာ၊ ကိုလက္စထေရာ ျမင့္မားတာႏွင့္ ေရာင္းရမ္းမႈ စတဲ့ က်န္းမာေရးျပႆနာမ်ားသက္ဆိုင္တဲ့ ေရာဂါအမ်ားစုကို ျဖစ္ေစပါတယ္။
ဂ်ပန္ႏိုင္ငံဟာ ေရပတ္လည္းဝိုင္းေနတဲ့ ကြၽန္းႏိုင္ငံျဖစ္တဲ့အတြက္ ပင္လယ္စာေတြ ေပါမ်ားသလို ဂ်ပန္လူမ်ိဳးမ်ားဟာ ပင္လယ္စာကိုပဲ အစားမ်ားၾကပါတယ္။
ပင္လယ္စာေတြက ကိုယ္တြင္းေရာင္ရမ္းမႈျဖစ္တာေတြကို ေလွ်ာ့ခ်‌ေပးၿပီး အာ႐ုံေၾကာစနစ္အတြက္ အလြန္အက်ိဳးမ်ားပါတယ္။
ငါးေတြမွာ အလြန္ေကာင္းမြန္တဲ့ ပ႐ိုတင္း ပါဝင္ၿပီး သူ႔မွာပါဝင္တဲ့ အိုမီဂါ ၃ အဆီက ဦးေႏွာက္၊ ႏွလုံး ႏွင့္ အျခားကိုယ္တြင္းအဂၤါေတြကို အက်ိဳးမ်ားေစပါတယ္။
ဒီအိုမီဂါ ၃ အဆီဟာဆိုရင္ ဝမ္းဗိုက္ အဆီက်ဖို႔၊ အသားအရည္ ေတာက္ေျပာင္ေစဖို႔ နဲ႔ အေရျပားကင္ဆာေတြ မျဖစ္ေအာင္ ကူညီ‌ေပးပါတယ္။


(၄) အစားအစာကို အနည္းငယ္သာ စားသုံးျခင္း


ဂ်ပန္လူမ်ိဳးမ်ားဟာ အစားစားတဲ့အခါ အနည္းငယ္သာ စားသုံးၾကပါတယ္။ အစားကို လိုတာထက္ပိုၿပီး မစားသုံးျခင္းက ခႏၶာကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ေပးႏိုင္သလို က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။


(၅) က်န္းမာေရးႏွင့္ ညီၫႊတ္စာ ခ်က္ျပဳတ္စားေသာက္ျခင္း


ဂ်ပန္လူမ်ိဳးေတြဟာ ခ်က္ျပဳတ္တဲ့အခါ ဆီမ်ားမ်ားသုံးေလ့မရွိပါဘူး။ ဆီနဲ႔ေၾကာ္ထားတဲ့ အစားအစာေတြ စားသုံးတာ အလြန္နည္းပါတယ္။
တကယ္လို႔ အေၾကာ္စာေတြ စားျဖစ္ခဲ့တယ္ဆိုရင္လည္း တျခားအစားအစာေတြနဲ႔ တြဲဖက္ၿပီး အနည္းငယ္သာ စားသုံးေလ့ရွိပါတယ္။


(၆) လမ္းေလွ်ာက္မ်ားျခင္း


ဂ်ပန္လူမ်ိဳးေတြဟာ လမ္းေလွ်ာက္မ်ားၾကပါတယ္။
လူဦးေရ သိပ္သည္းတဲ့ ကြၽန္းႏိုင္ငံျဖစ္တဲ့အတြက္ သူတို႔ဟာ ရထားကိုသာ ပို၍အသုံးျပဳရတာေၾကာင့္ လမ္းပိုေလွ်ာက္ျဖစ္ၾကပါတယ္။
လမ္းေလွ်ာက္ျခင္းဟာ ကိုယ္အေလးခ်ိန္ က်ဆင္းျခင္းႏွင့္ ႏွလုံးေသြးေၾကာ က်န္မာေရးကို အေထာက္အကူျပဳပါတယ္။
ထို႔ျပင္ စိတ္ဖိစီးမႈကိုလည္း ေလ်ာ့က်ေစပါတယ္။


(၇) ေလ့က်င့္ခန္းလုပ္ျခင္း


ဂ်ပန္လူမ်ိဳးေတာ္ေတာ္မ်ားဟာ ကရာေတး၊ ဂ်ဴဒိုႏွင့္ အိုက္ခီဒို လိုမ်ိဳး ကိုယ္ခံပညာ ေလ့က်င့္ခန္းေတြကို လုပ္ေလ့ရွိၾကပါတယ္။
ဒီလို ေလ့က်င့္ခန္ လုပ္ျခင္းဟာ ႏွလုံးေသြေၾကာ က်န္းမာေရးကို ေကာင္းမြန္ေစၿပီး ႂကြက္သားေတြကို သန္မာေစတဲ့အျပင္ ကိုယ္အေလးခ်ိန္ကို က်ဆင္းေစျခင္းႏွင့္ အိုမင္း ရင့္ေရာ္မႈျဖစ္ကိုလည္း ေႏွးေကြးေစပါတယ္။


(၈) ေရပူစမ္းမွာ ေရစိမ္၊ ေရခ်ိဳးျခင္


ဂ်ပန္လူမ်ိဳးေတြဟာ ေရပူစမ္းမွာ ေရစိမ္၊ ေရခ်ိဳးၾကပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ က်န္းမာေရး ေကာင္းၾကပါတယ္။

ဘာေၾကာင့္လည္းဆိုေတာ့ ေရးေႏြးႏွင့္ ေရပူစမ္းမွာ ပါဝင္တဲ့ ဆီလီကာ၊ ကယ္လစီယမ္၊ မဂၢနီဆီယမ္ ႏွင့္ ႏိုင္ယာစင္လို သတၳဳေတြေၾကာင့္ ျဖစ္ပါတယ္။

ေရပူစမ္းမွာ ေရစိမ္၊ ေရခ်ိဳးျခင္းအားျဖင့္ ဒီသတၳဳဓာတ္ေတြက အေရျပားကေန ခႏၶာကိုယ္ထဲ ဝင္ေရာက္သြားၿပီး ေသြးလည္းပတ္မႈ ေကာင္းမြန္လာၿပီး ေအာက္စီဂ်င္ရရွိမႈ မ်ားလာတာတဲ့အတြက္ စိတ္ဖိစီးမႈေတြကို ေလွ်ာ့နည္းသြားေစတာေၾကာင့္ ႏွစ္ၿခိဳက္စြာ အိပ္စက္ႏိုင္ၿပီး အေရျပား က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစပါတယ္။
အထက္ပါ(၈) ခ်က္ကို လိုက္နာလုပ္ေဆာင္ျခင္းျဖင့္ ဂ်ပန္အမ်ိဳးသမီးမ်ားကဲ့သို႔ ေသးသြယ္လွပၿပီး အ႐ြယ္တင္ႏုပ်ိဳႏိုင္ၾကပါေစ။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*