ကလေးများတွင် အဖြစ်များသော ADHD ဆိုတာဘာလဲ

ADHD ဆိုသည်မှာ Attention Deficit Hyperactive Disorder ဆိုတဲ့ အာရုံစူးစိုက်ရခက်သော လှုပ်ရှားမှုများသော အခြေအနေတစ်ခုပါ။

ADHD သည် ကလေးဘဝမှာ စတင်ဖြစ်တတ်ပြီး အရွယ်ရောက်ပြီးသည်အထိ ဆက်လက်ဖြစ်ပွါးတတ်သည်။

စစ်တမ်းများအရ အသက် 2 နှစ်မှ 5 နှစ်ကြား ကလေးများ၏ 2.4% (388,000) နှင့် အသက် 6 နှစ်မှ 11 နှစ်ကြား ကလေးများ၏ 9.6% (2.4 million) သည် ADHD ရောဂါရှိကြောင်း တွေ့ရှိရသည်။

ယေဘုယျအားဖြင့် အမျိုးသားများသည် အမျိုးသမီးများထက် ADHD ရောဂါဖြစ်နိုင်ခြေ ပိုများပြီး အမျိုးသားနှင့် အမျိုးသမီးအချိုး ခန့်မှန်းခြေ 4:1 ရှိသည်။

ADHD ဖြစ်ကြောင်း ဘယ်လိုအချက်လေးတွေနဲ့ ကြည့်နိုင်မလဲ

အာရုံမစူးစိုက်နိုင်ခြင်း – အာရုံပျံ့လွင့်လွယ်ပြီး အာရုံစူးစိုက်ရသောအလုပ်များတွင် အခက်အခဲရှိသည်။  လမ်းညွှန်ချက်များကို ကောင်းစွာနားမထောင်နိုင်ပဲ အသေးစိတ်အချက်အလက်များကို လွဲချော်တတ်သည်။

အလွန်တက်ကြွခြင်း –  ဂနာမငြိမ်၊ မငြိမ်မသက်ဖြစ်ပြီး ငြီးငွေ့လွယ်တတ်သည်။  ငြိမ်ငြိမ်ထိုင်ရန် ခက်ခဲခြင်း သို့ လိုအပ်သည့်အခါ တိတ်ဆိတ်စွာနေရန် အခက်အခဲရှိနိုင်သည်။ အခြားသူများကို အနှောင့်အယှက်ဖြစ်စေသော နည်းလမ်းများဖြင့် ပြုမူနိုင်သည်။

စိတ်လိုက်မာန်ပါလုပ်တတ်ခြင်း – စိတ်မြန်လွန်းပြီး ခွင့်ပြုချက်မတောင်းဘဲ လုပ်ဆောင်နိုင်သည်၊ ၎င်းတို့နှင့်မဟုတ်သောအရာများကို ယူဆောင်သွားနိုင်သည်၊ သို့ အန္တရာယ်ရှိသော နည်းလမ်းများဖြင့် ပြုမူနိုင်သည်။

တခါတရံ မိဘများနှင့် ဆရာများသည် ကလေးအသက်အလွန်ငယ်ချိန်တွင် ADHD လက္ခဏာများကို သတိပြုမိတတ်ကြသည်။  

ကလေးတွေဟာ အာရုံပျံ့လွင့်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ စိတ်မရှည်တာ၊ ဒါမှမဟုတ် စိတ်မြန်တာတွေက ဖြစ်တတ်တဲ့အတွက် အဲ့လိုလက္ခဏာတွေ့တိုင်းလဲ ကလေးမှာ ADHD ဖြစ်နေတယ်လို့ အမြဲတမ်းမဆိုနိုင်ပါဘူး။

ကလေးများသည် ကြီးပြင်းလာသည်နှင့်အမျှ မိဘများနှင့် ဆရာများ၏အကူအညီဖြင့် အာရုံစူးစိုက်မှု၊ လှုပ်ရှားမှုနှင့် ချုပ်တည်းမှုတို့ကို သင်ယူရင်းကြီးထွားလာကြသည်။  

သို့သော် အချို့ကလေးများသည် အာရုံစိုက်ခြင်း၊ ထိုင်ခြင်း၊ နားထောင်ခြင်း သို့ စောင့်ဆိုင်းခြင်းတွင် ပိုမိုကောင်းမွန်လာခြင်းမရှိပဲ ကျောင်း၊ အိမ်၊ သူငယ်ချင်းများနှင့် ပြသနာများဆက်တိုက်ဖြစ်ပေါ်လာပါက ADHD ဖြစ်နိုင်သည်။

ADHD ကလေးကို ဘယ်လို manage လုပ်မလဲ

လုပ်ရလွယ်တဲ့ Activities အသေးလေးတွေ၊ အာရုံစူးစိုက်ရတဲ့ ကစားနည်းမျိုးလေးတွေကစားပေးခြင်း (ဥပမာ puzzle ဆက်ခြင်း၊ Lego ဆက်ခြင်း၊ ပန်းချီဆွဲခြင်း)

ဂီတ တူရိယာများ သင်ယူစေခြင်း 

လုပ်တာ အောင်မြင်လျှင် rewards လုပ်ပေးခြင်း

screen time ကို ထိန်းချုပ်ပေးခြင်း

သင့်တင့်မျှတသော အစာအဟာရကျွေးခြင်း (ငါးများများကျွေးခြင်း၊ အစိမ်းရောင်အသီးအနှံ ဟင်းသီးဟင်းရွက်များကျွေးခြင်း)

အပင်လေးများစိုက်ပျိုးခြင်း

Daily timetable လေးဆွဲပြီး တနေ့တာအလုပ်များ အစီအစဉ်တကျဖြစ်စေခြင်း တို့ဖြစ်သည်။

အချို့သောအစားအစာများသည် သင့်ကလေး၏ ADHD ရောဂါလက္ခဏာများကို ပိုဆိုးစေနိုင်သည်။

ADHD ကလေးများ ရှောင်သင့်တဲ့ အစာ ၇မျိုးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) သကြားလုံး(Candy) စားခြင်းကို ရှောင်ပါ

သကြားလုံးများတွင် သကြားနှင့် အရောင်ခြယ်ဆိုးဆေး‌တွေ ပါဝင်ပါတယ်။ ထိုအရာတွေက ADHD လက္ခဏာတွေကို ပိုပြီးမြင့်မားစေပါတယ်။

သကြားနှင့် အရောင်ခြယ်ပစ္စည်းတွေ ပါဝင်တဲ့ သကြားလုံးတွေဟာ ADHDကို ပိုဖြစ်စေနိုင်တဲ့ အထောင်အပံ့တွေ ဖြစ်တယ်လို့ (the ADD and ADHD Diet) ၏စာရေးဆရာ (Howard Peiper) မှ ပြောကြားခဲ့ပါသည်။

(၂) ဆိုဒါများ၊ ကဖိန်းဓာတ်နှင့် Fructose မြင့်မားသော ပြောင်းဖူးရည်များ ရှောင်ပါ

ဆိုဒါများ၊ ကဖိန်းဓာတ်နှင့် Fructose မြင့်မားသော ပြောင်းဖူးရည်များသည် ADHD ရောဂါလက္ခဏာများကို ဖြစ်စေနိုင်ပါသည်။

အထက်ပါ ချိုရည်တွေမှာ သကြားနှင့် အချိုဓာတ်အမျာအပြား ပါဝင်တဲ့အတွက် ADHD ကလေးများအတွက် လုံးဝမသောက်သုံးသင့်တဲ့ အရာဖြစ်ပါတယ်။

ဆိုဒါလို အချိုရည်မျိုးဟာ ADHD မဟုတ်ရတောင် မသောက်သုံးသင့်ပါဘူး။ ပြီးတော့ ဆိုဒါမှာ ADHD လက္ခဏာတွေကို ပိုဆိုးစေတဲ့ တခြားပါဝင်ပစ္စည်းတွေဖြစ်တဲ့ fructose ပြောင်းဖူးရည်နဲ့ ကဖိန်းဓာတ်တွေ ပါပါတယ်။

သကြားနှင့် ကဖိန်းဓာတ်လွန်ကဲစွာ စားသုံးမှု နှစ်ခုစလုံးသည် ဂဏာမငြိမ်ခြင်းနှင့် အာရုံထွေပြားခြင်း လွယ်ကူစေသည်” ဟု ဒေါက်တာ Barnhill ကဆိုသည်။ 2013 ခုနှစ် လေ့လာမှုတစ်ခုအရ ဆိုဒါသောက်သော အသက် 5 နှစ်အရွယ် ကလေးများသည် ရန်လိုမှုနှင့် လူမှုရေးပိုင်းမှာ ဆိုးရွားစေတယ်လို့ သိရပါသည်။

(၃) အေးခဲထားသော အရောင်တုများပါသော သစ်သီများနှင့် ဟင်းသီဟင်းရွက်များကို ရှောင်ခြင်း

သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသည် ADHD အစားအသောက်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော ရွေးချယ်မှုများဖြစ်သော်လည်း အချို့သော အေးခဲထားသောအမှတ်တံဆိပ်များတွင် အရောင်အတုများပါသောကြောင့် အညွှန်းအားလုံးကို သေချာစစ်ဆေးသင့်ပါတယ်။

Barnhill က အချို့သော အေးခဲထားသော အစားအစာများသည် ADHD ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ဆိုပါတယ်။

အင်းဆက်ထိန်းချုပ်မှုအတွက် organophosphates ဖြင့် ပြုလုပ်ထားသော အစားအစာများသည် ADHD နှင့် အခြားသော အပြုအမူဆိုင်ရာ ပြဿနာများစွာကို ဖြစ်စေတဲ့ အပြုအမူဆိုင်ရာ အာရုံကြော ပြဿနာများ ဖြစ်စေကြောင်း ပြသထားပါတယ်။

(၄) ရေခဲမုန့်နှင့် ရောစပ်ထားသော ကိတ်မုန့်များကို ရှောင်ခြင်း

အဆိုပါ ကိတ်မုန့်များတွင် မြင့်မားသော သကြားနှင့် အ‌ရောင်တုများပါဝင်ပြီး hyperactivity နှင့် အခြားသော ADHD လက္ခဏာများကို ဖြစ်စေနိုင်ပါတယ်။

Naheed Ali, MD, PhD(ADHD ကျွမ်းကျင်သူနဲ့ Diabetes and Youကို ရေးသားသူ) က အဆိုပါထုတ်ကုန်များတွင် မကြာခဏ အချိုဓာတ်အတုများစွာ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရေခဲနှင့် ရောစပ်ထားသော ကိတ်မုန့်များတွင် အချိုဓာတ် အတုများစွာ ပါဝင်သောကြောင့် သဘာဝအချိုဓာတ်များထက် ADHDလက္ခဏာများ ဖြစ်နိုင်ခြေ ပိုများစေတယ်လို့ ၎င်းကပြောကြားထားပါတယ်။

(၅) အားဖြည့်အချိုရည်များကို ရှောင်ခြင်း

အားဖြည့်အချိုရည်များသည် ဆယ်ကျော်သက်များတွင် ADHD ရောဂါလက္ခဏာများကို ပိုဆိုးစေနိုင်သည်။

အားဖြည့် အချိုရည်များသည် ကလေးငယ်များ အထူးသဖြင့် ဆယ်ကျော်သက် များကြားတွင် ရေပန်းစားလာပါသည်။

ကံမကောင်းစွာနဲ့ပဲ၊ သူတို့မှာ ADHD ရောဂါလက္ခဏာတွေကို ပိုဆိုးသွားစေနိုင်တဲ့ အရာတွေ ရှိပါတယ်။

 သကြား၊ အချိုဓာတ်အတု၊ အရောင်အတု၊ ကဖိန်းဓာတ်နဲ့ တခြားစိတ်ကြွဆေးတွေ အစရှိသည်တို့ဖြစ်ပါတယ်။

(၆) မာကျူရီ ပမာဏပါတဲ့ ငါးများနှင့် ပင်လယ်စာများကို ‌ရှောင်ခြင်း

မာကျူရီ ပမာဏ ပါတဲ့ ငါးနဲ့ တခြား ပင်လယ်စာတွေကို စားသုံးခြင်းက ရေရှည်မှာ ADHD ရောဂါ လက္ခဏာတွေကို ပိုမိုဆိုးရွားစေတယ်လို့ ဒေါက်တာ အလီ (Dr Ali)က ဆိုပါတယ်။

အဲ့ဒါတွေကတော့ (shark, king mackerel, swordfish, and tilefish) တို့ပဲဖြစ်ပါတယ်။

ဆဲလ်လူလိုစ့်ကဲ့သို့ မာကျူရီသည် အစာကြေရန်အလွန်ခက်ခဲပြီး အချိန်ကြာလာသည်နှင့် အမျှ ဦးနှောက်ထဲတွင် စုပုံလာတတ်သည်ဟု ဒေါက်တာအလီ (Dr Ali)က ရှင်းပြသည်။

“ဒါက hyperactivity ကိုဖြစ်ပေါ်စေနိုင်ပါတယ်”၎င်းက ဆိုပါတယ်။ ADHD အစားအသောက်များတွင် ထည့်သွင်းရန် အကောင်းဆုံးငါးအမျိုးအစားများအကြောင်း သင့်ဆရာဝန် သို့မဟုတ် ADHD အာဟာရပညာရှင်နှင့် ဆွေးနွေးသင့်ပါတယ်။

(၇) ADHD လက္ခဏာပေါ်လာစေတဲ့ အစားအသောက်များကို ရှောင်ခြင်း

အချို့သော အစားအစာများနှင့် ထိတွေ့ပြီးနောက် ကလေးများစွာသည် ADHD လက္ခဏာများ ပြသနိုင်သည်။

ADHD တုံ့ပြန်မှုကို ဖြစ်စေနိုင်သော သာမာန်အစားအစာအချို့တွင် နို့၊ ချောကလက်၊ ပဲပိစပ်၊ ဂျုံ၊ ဥ၊ ပဲ၊ ပြောင်း၊ ခရမ်းချဉ်သီး၊ စပျစ်သီးနှင့် လိမ္မော်သီးတို့ ပါဝင်သည်။

 သင့်ကလေး၏ ADHD ရောဂါလက္ခဏာများကို ထိခိုက်စေနိုင်သည်ဟု သံသယရှိပါက ADHD အစားအသောက်ပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

မိခင်တိုင်း စိတ်ချမ်းသာနိုင်ကြပါစေ။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*