အော်ဒါကြာင့်ကို မြန်မာတို့၏ နောက်ခံအမည်မရှိရချင်း အကြောင်းက

မြန်မာတို့၏ အမည်ပေးစနစ်သည် ‌အနောက်တိုင်းအမည်ပေးပုံစနစ်နှင့် ကွာခြားသည်။ မိခင်သို့မဟုတ် ဖခင်၏အမည်ကို ယူ၍မှည့်ပေးလေ့မရှိသဖြင့် မြန်မာတို့တွင်မိသားစုအမီ မရှိသည်ဟုဆိုနိုင်သည်။ အစိုးရ၏ထောက်ခံမှုမရှိဘဲ မြန်မာတို့သည် မိမိတို့၏အမည်များကို အလိုအလျောက် ပြောင်းလဲလိုက်သည်များလည်းရှိသည်။ ယေဘုယျအားဖြင့် မြန်မာတို့သည် “ဦး”၊ “ဒေါ်” စသော ဂုဏ်တင်သည့်အမည်များကို အသုံးပြုကြသည်။

အမည်ပေးစနစ်

မြန်မာအမည်များသည် ရှေးယခင်က စာလုံးတစ်လုံးတည်းသာဖြစ်သည် (သာဓက– ဦးနု-ဦးပု)။၁၈၉၀ ဝန်းကျင်တွင် အင်္ဂလိပ်ပညာရှင်များသည် မြန်မာလူမျိုးတို့က စာလုံးတစ်လုံးတည်းရှိသော အမည်များသာမှည့်ပေးနေခဲ့ကြစဉ် ရခိုင်တို့ကမူ စာလုံးသုံးလုံးအထိ မှည့်ပေးနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။ ၂၀ ရာစုရောက်မှသာ စာလုံးနှစ်လုံးအထိ စတင်အမည်မှည့်ပေးခဲ့ကြပြီး ယခုအခါ အမည်များသည် စာလုံးသုံးလုံး၊ လေးလုံးအထိရှိလာသည်။ သမိုင်းပညာရှင်သန့်မြင့်ဦးသည်လည်း ကုန်ဘောင်အင်ပါယာပျက်သုဉ်းပြီးချိန်တွင် မြန်မာတို့သည် ပါဠီစကားလုံးများသာမက “မင်း” ဟူသောအခေါ်အဝေါ်ကိုလည်း နာမည်အဖြစ်ထည့်သွင်းခဲ့ကြသည် ဟုဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မိဘအမည်များမှာ ဦးဖာနှင့်‌ဒေါ်စုတို့ဖြစ်ကြသည်။ အမည်ရင်းမှာ ထိန်လင်းဖြစ်သော်လည်း အစ်ကိုဖြစ်သူ အောင်သန်းကိုလိုက်၍ “အောင်ဆန်း”ဟု အမည်တွင်ခဲ့သည်။ သူ၏သမီးအမည်မှာ အောင်ဆန်းစုကြည်ဖြစ်သည်။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းအမည်မှ “အောင်ဆန်း”၊ ဖခင်ဘက်မှ အဖွားဖြစ်သူ ဒေါ်စုအမည်မှ “စု” နှင့် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ သူ၏သားအမည်မှာ အောင်ဆန်ဦး ဖြစ်သည်။ သူ၏သားသမီးများကို “အောင်ဆန်း” ဖြင့် အမည်မှည့်ပေးခဲ့သောကြောင့် “အောင်ဆန်း” အမည်သည် မိသားစု အမည် ဖြစ်သည် ဟူ၍မှတ်ယူနိုင်သည်။ ထို့အပြင် ဝန်ကြီးချုပ် ဦးနုသည်လည်း မိမိ၏သမီးများကို “စန်းစန်းနု”၊ “သန်းသန်းနု”၊ “ခင်အေးနု” ဟူ၍ “နု” အမည်ဖြင့် မှည့်ပေးထားသည်။ ယခုအခါ ထိုကဲ့သို့မှည့်ပေးမှုများ အနည်းအငယ်ရှိလာသည်။ သို့သော် ယေဘုယျအားဖြင့် အများစုကမိမိနှစ်သက်သလိုသာ အမည်မှည့်ပေးလျက်ရှိကြသည်

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*