
ခရီးသည် ၁၃၂ဦး စီးနှင်းလာတဲ့ Boeing737 လေယာဉ်ဟာ ကူမင်းမြို့ကနေ ကွမ်ကျိုးမြို့ကို ပြန်သန်းနေစဉ် တရုတ်နိုင်ငံတောင်ပိုင်း တောင်တန်းတွေပေါ်မှာ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လေယာဉ်ဟာ Eastern လေးကြောင်းလိုင်းပိုင် လေယာဉ်ဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ သေဆုံးသူစာရင်းနှင့် လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။ လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သူ မရှိလောက်ဘူးဆိုတဲ့ ယူဆချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ဘေးကင်းလုံခြုံမှု မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တရုတ် လေကြောင်းလိုင်းတွေဟာ လွန်းခဲ့တဲ့ ၁၂အတွင်း လေယာဉ်ပျက်ကျမှု အကြီးအကျယ် မရှိခဲ့ဘူးလို့ သိရပါတယ်။
လေယာဉ်ပျက်ကျတဲ့ နေရာကို ကယ်ဆယ်ရေးလုပ်သားတွေ ပို့ထားပြီး လေယာဉ်ပျက်ကျမှုကြောင့် မီးလောင်နေတဲ့ သစ်တောကို ငြိမ်းသတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
ဒီပျက်ကျသွားတဲ့ လေယာဉ်ဟာ သက်တမ်း ၇နှစ်ရှိပြီလို့လည်း သိရပါတယ်။
Boieng 737-800 na di မော်ဒယ် dem အမျိုးအစားဟာ ၂၀၁၈ခုနှစ်က လူအသေပျောက်များသော ပျက်ကျမှု အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့ပြီး ၂၀၁၉ခုနှစ်ကလည်း အီသီယိုးပီးယားမှာ လူအသေပျောက်များသော ပျက်ကျမှုဖြစ်ပွာခဲ့ပါတယ်။
ထို့ကြောင့် ယခုပျက်ကျမှု အပြီးမှာပဲ တရုတ်နိုင်ငံက di မော်ဒယ် အမျိုးအစားလေယာဉ်ကို တားမြစ်ထားလိုက်ပါတယ်။
China Eastern လေကြောင်းလိုင်းကလည်း ၎င်း၏ Boeing 737-800 ဂျက်လေယာဉ်အားလုံးကို အင်္ဂါနေ့မှစတင်၍ ရပ်နားထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မိသားစုအတွက် အရေးပေါ် တယ်လီဖုန်း အကူအညီ လိုင်းတစ်ခု ထူထောင်ထားပြီး လေကြောင်းလိုင်းက လေယာဉ်ပေါ်ရှိ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအား အထူးဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။
China Eastern ၏ ဝဘ်ဆိုဒ်၊ မိုဘိုင်းအက်ပ်နှင့် ၎င်း၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်းအချို့သည် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အဖြူအမည်းသို့ ပြောင်းလဲသွားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က လေယာဉ်ပျက်ကျပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် နံနက် ၉ နာရီ ၅၆ မိနစ်တွင် New Yorkမှာ Boeing ရှယ်ယာများသည် ၅.၆% မှ ၁၈၂.၀၂ ဒေါ်လာသို့ ကျဆင်းသွားပါတယ်။
Zawgyi နဲ့ဖတ်ရန်
ခရီးသည္ ၁၃၂ဦး စီးႏွင္းလာတဲ့ Boeing737 ေလယာဥ္ပ်က္က်
ခရီးသည္ ၁၃၂ဦး စီးႏွင္းလာတဲ့ Boeing737 ေလယာဥ္ဟာ ကူမင္းၿမိဳ႕ကေန ကြမ္က်ိဳးၿမိဳ႕ကို ျပန္သန္းေနစဥ္ တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ေတာင္တန္းေတြေပၚမွာ ပ်က္က်ခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ ေလယာဥ္ဟာ Eastern ေလးေၾကာင္းလိုင္းပိုင္ ေလယာဥ္ျဖစ္ပါတယ္။
ဒီျဖစ္စဥ္မွာ ေသဆုံးသူစာရင္းႏွင့္ ေလယာဥ္ပ်က္က်တဲ့ အေၾကာင္းရင္းကို မသိရေသးဘူးလို႔ ဆိုပါတယ္။ ေလယာဥ္ပ်က္က်မႈမွာ အသက္ရွင္က်န္ရစ္သူ မရွိေလာက္ဘူးဆိုတဲ့ ယူဆခ်က္ေတြနဲ႔ စိုးရိမ္ပူပန္မႈေတြ ရွိေနပါတယ္။
ေဘးကင္းလုံၿခဳံမႈ မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ တ႐ုတ္ ေလေၾကာင္းလိုင္းေတြဟာ လြန္းခဲ့တဲ့ ၁၂အတြင္း ေလယာဥ္ပ်က္က်မႈ အႀကီးအက်ယ္ မရွိခဲ့ဘူးလို႔ သိရပါတယ္။
ေလယာဥ္ပ်က္က်တဲ့ ေနရာကို ကယ္ဆယ္ေရးလုပ္သားေတြ ပို႔ထားၿပီး ေလယာဥ္ပ်က္က်မႈေၾကာင့္ မီးေလာင္ေနတဲ့ သစ္ေတာကို ၿငိမ္းသတ္ႏိုင္ခဲ့ၿပီလို႔ သိရပါတယ္။
ဒီပ်က္က်သြားတဲ့ ေလယာဥ္ဟာ သက္တမ္း ၇ႏွစ္ရွိၿပီလို႔လည္း သိရပါတယ္။
Boieng 737-800 na di ေမာ္ဒယ္ dem အမ်ိဳးအစားဟာ ၂၀၁၈ခုႏွစ္က လူအေသေပ်ာက္မ်ားေသာ ပ်က္က်မႈ အင္ဒိုနီးရွားမွာ ျဖစ္ပြားခဲ့ၿပီး ၂၀၁၉ခုႏွစ္ကလည္း အီသီယိုးပီးယားမွာ လူအေသေပ်ာက္မ်ားေသာ ပ်က္က်မႈျဖစ္ပြာခဲ့ပါတယ္။
ထို႔ေၾကာင့္ ယခုပ်က္က်မႈ အၿပီးမွာပဲ တ႐ုတ္ႏိုင္ငံက di ေမာ္ဒယ္ အမ်ိဳးအစားေလယာဥ္ကို တားျမစ္ထားလိုက္ပါတယ္။
China Eastern ေလေၾကာင္းလိုင္းကလည္း ၎၏ Boeing 737-800 ဂ်က္ေလယာဥ္အားလုံးကို အဂၤါေန႔မွစတင္၍ ရပ္နားထားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါသည္။
မိသားစုအတြက္ အေရးေပၚ တယ္လီဖုန္း အကူအညီ လိုင္းတစ္ခု ထူေထာင္ထားၿပီး ေလေၾကာင္းလိုင္းက ေလယာဥ္ေပၚရွိ ခရီးသည္မ်ားႏွင့္ ေလယာဥ္အမႈထမ္းမ်ားအား အထူးဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့သည္။
China Eastern ၏ ဝဘ္ဆိုဒ္၊ မိုဘိုင္းအက္ပ္ႏွင့္ ၎၏ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းအခ်ိဳ႕သည္ ဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္ အျဖဴအမည္းသို႔ ေျပာင္းလဲသြားခဲ့သည္။
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ေလယာဥ္ပ်က္က်ၿပီးေနာက္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ တိုက္တြန္းခဲ့ေၾကာင္း ႏိုင္ငံပိုင္႐ုပ္သံက ေဖာ္ျပခဲ့သည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ နံနက္ ၉ နာရီ ၅၆ မိနစ္တြင္ New Yorkမွာ Boeing ရွယ္ယာမ်ားသည္ ၅.၆% မွ ၁၈၂.၀၂ ေဒၚလာသို႔ က်ဆင္းသြားပါတယ္။
Ref: BBC & Bloomberg
Leave a Reply