ဦးပိန်တံတားနှင့် တံတားတည်ဆောက်သူ လူဆိုးလေး မောင်ပိန်အကြောင်း

U-Bridge, Taungthaman LAke, Amarapura, Mandalay Division, Myanmar

ဦးပိန်တံတားသည် ကိုဩဒိနိတ်21°53′29.14″N 96°3′22.12″Eမှာတည်ရှိပါတယ်။ မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ တောင်းသမန်အင်းကို ဖြတ်ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။

တောင်သမန်အင်းကို ဖြတ်ကျော်ပြီး အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ်တည်ဆောက်ထားတဲ့ ဦးပိန်တံတားဟာ ကမ္ဘာကျော်ရှုခင်းကောင်း တစ်ခုအဖြစ် ကျော်ကြားသလို အပန်းဖြေလေ့လာရန် နေရာတစ်ခုအဖြစ်လည်း နာမည်ကြီးပါတယ်။

ဦးပိန်တံတားသည် ၃၉၆၇ပေ ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံး ကျွန်သားတံတား ဖြစ်ပါတယ်။

ဦးပိန်တံတားသည် တိုင်ပေါင်း ၁၀၈၆ တိုင်ပါဝင်ပြီး အခန်းပေါင်း ၄၈၂ ခန်းပါဝင်ပါတယ်။ လူတွေနားနေဖို့အတွက် တံတားရဲ့ အစအဆုံးမှာ ဇရပ်၂လုံးပါဝင်ပြီး အလယ်မှာ ဇရပ် ၂လုံး စုစုပေါင်း ဇရပ် ၄လုံးပါဝင်ပါတယ်။

တံတားရဲ့တိုင်တွေကို အောက်ထဲ ကျွံကျမသွားဖို့ မြေထဲမှာ လူတစ်ရပ်ကျော်ကျော် စိုက်ထားပါတယ်။ လက်တစ်လံခန့် တိုင်ကိုကန့်လန့် ထိုးဖောက်ပြီး ကြက်ခြေခတ်ပုံစံ သပ်သဖွယ်ပြုလုပ်ပြီး စိုက်ထားပါတယ်။

တက္ကသိုလ်နေဝင်း ဘာသာပြန်စာအုပ်ထဲမှာ အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့ဆိုတဲ့ စာအုပ်ထဲမှာ ဒီဦးပိန်တံတားဟာ ဘေးအကာအရံ လက်ကိုင်တန်းတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တံတားရဲ့ ဘေးလက်ကိုင်တန်းတွေမှာ မြန်မာမှု မြန်မာ့လက်ရာတွေနဲ့ လက်ကိုင်တန်းတွေကို လှလှပပ တပ်ဆင်ထားတယ်လို့ အဆိုရှိခဲ့ပါတယ်။ ယခုတော့ မရှိတော့ပါဘူး။

တံတားဆောက်တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဝိဝါဒ ကွဲပြားပြီး မှတ်ချက်အမျိုးမျိုး ရှိကြတာကိုလည်း တချို့စာအုပ်တွေမှာ ပြောထားရေးထားတာ တွေ့ရပါတယ်။

မည်သို့ပင်ဆိုစေ ဒီတံတားဟာ ထိုအချိန်ကတည်းကနေ ယနေ့ကာလအထိ ထိုအနီးတဝိုက်ကလူတွေ အသုံးပြုခဲ့ကြသလို သမိုင်းဝင် ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားဖြစ်ပါတယ်။

ဦးပိန်တံတားကို အင်္ဂလိပ်သက္ကရာဇ် ၁၈၄၉ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၈၅၁မှာ ပြီးစီးခဲ့ပါတယ်။ ယခုဆိုရင် ၁၇၁နှစ် သက်တမ်းကြာရှိပြီ ဖြစ်ပါတယ်။

ဦးပိန်တံတားခေါ် တောင်သမန်တံတားကို ကုန်ဘောင်းခေတ် ပုဂံမင်းလက်ထက် အမရပူရမြို့ဝန် ဘိုင်ဆပ်နှင့် သူတပည့် မြို့စာရေး မောင်ပိန်တို့ ဦးဆောင် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ပုဂံမင်းသည် ကြက်၊ ငှက်အစရှိသော တိရိစ္ဆာန်များ ဖမ်းပြီး တိုက်ကစားရသည်ကို အလွန်ဝါသနာထုံပါတယ်။

တိုင်းရေးပြည်ရာများကို စိတ်မဝင်စားပဲ နေ့စဉ် သောက်စား ပျော်ပါးပြီး တိရိစ္ဆာန်တိုက်ပွဲများ ကျင်းပလေ့ရှိသည်။

မင်းတုန်းမင်းနှင့် ကနောင်မင်းသားကသာ တိုင်းရေးပြည်ရာများကို ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။

ပုဂံမင်း၏ တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ်ဟုခေါ်သည့် မွတ်စလင်တစ်ဦးဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် အမရပူရ မြို့ဝန်အဖြစ် ချီးမြှောက်ခဲ့သည်။

ထိုဘိုင်ဆပ်နှင့်အတူ ချီးမြှောက်ခံရသူမှာ ၎င်း၏တပည့် မောင်ပိန်ဆိုသူဖြစ်ပြီး မြို့စာရေးအဖြစ် ချီမြှောက်ခံရသည်။

သူတို့နှစ်ဦးမှာ သောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံး ချောက်ချားရသည်ဟု သိရသည်။

သူတို့နှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသလို လှန်ဝံ့သူမရှိဟုသိရသည်။

နောက်ဆုံးတွင် ၎င်းတို့၏အပြစ်များကို ပုဂံမင်း သိရှိသွာကာ ဖမ်းဆီးပြီး အပေါင်းအပါများနှင့်တကွ ကွပ်မျက်ခဲ့သည်။

မြို့စာ‌ရေး ဦးပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ် အတွင်းက အမရပူရမြို့တော်မှ တောင်သမန်အင်းကို ဖြတ်၍ တံတားကြီးတစ်ခု တည်ဆောက်လေသည်။

ထိုတံတားကား တောင်သမန်တံတားခေါ် ဦးပိန်တံတားဖြစ်လေသည်။

Zawgyi



















Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*