လူမသိသေးတဲ့ ဂျက်ကီချန်း၏ စိတ်ဝင်စားစရာ အချက်၁၀ချက်နှင့် သူ့ရဲ့အောင်မြင်ရေးဒဿန

(၁)ဦးခေါင်းခွံထဲမှ Plastic Plug

ဂျက်ကီချန်းသည် Armour of God ရိုက်ကူးနေစဉ် မတော်တဆမှုတစ်ခုကြောင့် ၎င်း၏ဦးခေါင်းခွံတွင် ထာဝရပလပ်စတစ်ပလပ် တပ်ထားရပါတယ်။

(၂)ခရစ်ဒစ်အများဆုံး ရုပ်ရှင်တစ်ကား

ဂျက်ကီချန်းသည် ၂၀၁၂ခုနှစ်တွင် Chinese Zodiac ဇာတ်ကားအတွက် ကမ္ဘာ့ဂင်းနစ်စံချိန် နှစ်ခုရရှိခဲ့သည်။ တစ်ခုက “Most Stunts Performed by a Living Actor” နှင့် နောက်တစ်ခုက  “Most Credits in One Movie”တို့ဖြစ်သည်။ အဆိုပါ ဇာတ်ကားမှာ ဂျက်ကီချန်းဟာ ခရစ်ဒစ် ၁၅ခုထိ ရှိခဲ့ပါတယ်။

(၃)ငါးတစ်ကောင်ကို လေ့ကျင့်ပေးခြင်း

ဂျက်ကီချန်းသည် ငါးခူတစ်ကောင်ကို မန်ဒရင်းနှင့် အင်္ဂလိပ် ဘာသာစကားနှစ်ခုစလုံးနဲ့ tricks တွေကို သင်ပေးထားပါတယ်။

(၄)ဘာသာစကားမျိုးစုံသိခြင်း

ဂျက်ကီချန်းသည် ဘာသာစကား (၇)မျိုးဖြစ်တဲ့ ကန်တုံ၊ မန်ဒရင်း၊ အင်္ဂလိပ်၊ ဂျာမန်၊ ကိုးရီးယား၊ ဂျပန်နှင့် ထိုင်းနှင့် အမေရိကန် လက်ဟန်ပြဘာသာစကားတို့ကိုလည်း ပြောဆိုပါတယ်။

(၅)အဆိုတော်ဖြစ်ခြင်း

သူ့ရဲ့ ကလေးဘဝကတည်းက ပြင်းပြတဲ့ ကြိုးစားမှုတွေကြောင့် အဆိုတော်တစ်ဦး ဖြစ်လာခဲ့ပြီး ၁၉၈၄ခုနှစ်မှာ သူ့သီချင်းပါတဲ့ အယ်ဘမ်အပုဒ် ၂၀ကိုထုတ်ပြခဲ့ပါတယ်။

(၆)ရိုက်ကွင်းမှာ စိတ်ဆိုးပြီး လက်ဝှေ့သမားကို စိန်ခေါ်ခဲ့တဲ့ ဂျက်ကီ

1984 ခုနှစ်တွင် ‘Wheels on Meals’ ကို ရိုက်ကူးနေစဉ်တွင် Benny ‘The Jet’ Urquidez (World Kickboxing Champion) သည် ဂျက်ကီနှင့်အတူ တိုက်ခိုက်သည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးစဉ် ဒဏ်ရာရရှိသွားသလို  Jackie ဂျက်ကီလည်း ဒဏ်ရာရသွားပါတယ်။

Jackie သည် စိတ်ဆိုးဒေါသထွက်ပြီး တကယ့်ပြိုင်ပွဲအတွက် Urgidez ကို စိန်ခေါ်လိုက်သည်။

Erguidez က သူ့ကို ဒဏ်ရာ ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Jackie က kickboxer သမား မဟုတ်လို့ပါပဲ။

များမကြာမီတွင် အမှုထမ်းများသည် တဖက်နှင့်တဖက် လောင်းကြေးထပ်ကြသည်။ သူတို့အတွက် ကံမကောင်းပါဘူး။

ပြိုင်ပွဲက တကယ်မဖြစ်ခဲ့လို့ပါပဲ။ Jackie နှင့် Erguidez သည် ‘Dragons Forever’ (1988) တွင် ပြန်လည်ပါဝင်လာခဲ့ပါတယ်။

(၇)သူ့သားကို ပိုက်ဆံမပေးခြင်း

ဂျက်ကီချန်း၏သားသည် ၎င်း၏ ချမ်းသာကြွယ်ဝမှုထဲမှ ဒေါ်လာ သန်း ၁၃၀ ကို ရရှိမည်မဟုတ်ပေ။ သူ့အပြောအရ “သူ့မှာ တတ်နိုင်ရင် သူ့ဘာသာ ငွေရှာနိုင်တယ်။ ဒါမှမဟုတ်ရင် ငါ့ပိုက်ဆံတွေကို ဖြုန်းတီးနေလိမ့်မယ်” သိရပါတယ်။

(၈)သူ၏အမည်ရင်း

ဂျက်ကီချန်းသည် သြစတြေးလျနိုင်ငံ၊ ကင်ဘာရာတွင် ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်စဉ် Jackie ဟူသော အမည်ကို ရရှိခဲ့သည်။ သူ၏အမည်ရင်းမှာ Chan Kong-Sang ဖြစ်သည်။

(၉)သရုပ်ဆောင်ဘဝ၏ ပထမဆုံးခြေလှမ်း

ဂျက်ကီချန်းသည် Bruce Lee ဇာတ်ကားများ၊ Fist of Fury နှင့် Enter the Dragon တို့တွင် စတန့်သမားအဖြစ် သရုပ်ဆောင်ခဲ့သည်။

(၁၀)သက်စွန့်ဆံဖျား စတန့်

ဂျက်ကီချန်းသည် Armour of God ရုပ်ရှင်မှာ လေယာဉ်ပေါ်မှ အမှန်အကန် ခုန်ဆင်းကာ  လေပူဖောင်းဖြင့် မြေပြင်ပေါ် ဆင်းသက်ခဲ့သည်။

သူ့ဘဝနဲ့ သူ့ဒဿန

ဂျက်ကီချန်းကို တရုတ်ပြည်တွင်းစစ်ကာလ ၁၉၅၄ခုနှစ် ဧပြီလ ၇ရက်မှာ စစ်ပြေးဒုက္ခသည် မိဘနှစ်ပါးကနေ ဟောင်ကောင်မှာ မွေးဖွားခဲ့ပါတယ်။

ဂျက်ကီချန်းဟာ ငယ်စဉ်ကတည်းက အနုပညာပိုးထသလို ကျောင်းစားလည်း မလိုက်နိုင်တဲ့အတွက် မိသားစုစီးပွားရေး အခြေအနေအရ ဩစတြေးလျ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကလေးအလုပ်သမားအဖြစ် ဘဝကို စတင်ခဲ့ရပါတော့တယ်။

၁၉၇ဝ မှာတော့ ဂျက်ကီချန်းဟာ ဟောင်ကောင်မှာ လူကြမ်းမင်းသား အနေနဲ့ အနုပညာလောကထဲ ဝင်လာခဲ့ပါတော့တယ်။ အနှိမ်ခံလူကြမ်းမင်းသားဘဝနဲ့ ကျင်လည်ခဲ့ရပြီး သူ့ကို ခေါင်းဆောင် မင်းသားတင်ဖို့ ဘယ်သူကမှ စိတ်မကူးခဲ့ကြပါဘူး။

ဂျက်ကီချန်းဟာ ရုပ်ရှင်ကားကို စွန့်စားပြီး ၁၉၈ဝ မှာတော့ ကိုယ်နေတဲ့တိုက်ခန်းကို ရောင်းပြီး ကိုယ်တိုင် ဒါရိုက် တာ၊ မင်းသားအဖြစ် young master ရိုက်ကူးလိုက်ပါတော့တယ်။ ဒီကားဟာ ဟောင်ကောင်ရုပ်ရှင်လောကမှာ အကြီးအကျယ် အောင်ပွဲဆင်နိုင်ခဲ့ပါတယ်။

ဒီကတစ်ဆင့် Who Am I ဇာတ် ကားမှာ လူစားမထိုးဘဲ အကြိမ်ကြိမ် ဒဏ်ရာရ ဆေးရုံတက်ပြီး အနာခံ ရိုက်ကူးခဲ့ရာမှာ ကမ္ဘာ့စတန့်ပြကွက် အများဆုံးအဖြစ် ကမ္ဘာ့(ဂင်းနစ်)စံချိန်တင်နိုင်ခဲ့ပါ တယ်။

(ဂျက်ကီချန်းဟာ ယနေ့ အသက် အရွယ်ထိ ဘယ်တော့မှ လူစားထိုးပြီး မရိုက်တဲ့ ကမ္ဘာ့တစ်ဦးတည်းသော အက်ရှင်မင်းသား ဖြစ်ပါတယ်)

Dragon Lord ဇာတ်ကားမှာတော့ ဇာတ်ဝင်ခန်းကို စိတ်ကြိုက်မရ မချင်း ၂၉၇ဝ ကြိမ်ရိုက်ခဲ့တဲ့အတွက် forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့ အကြိုးစားဆုံးလူသားအဖြစ် ဖော်ပြခြင်း ခံခဲ့ရပါတယ်။

Zodiac (၂၀၁၂) ဇာတ်ကားမှာလည်း ဘယ်အနုပညာရှင်မှ မလုပ်နိုင် သေးတဲ့ စာရေးဆရာ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ မင်းသား အစရှိတဲ့ ရုပ်ရှင်ရဲ့ အရေးအကြီးဆုံးတာဝန် (၁၇) ခုကို တစ်ပြိုင်တည်း အစွမ်းပြ လုပ်ဆောင်နိုင်တဲ့အတွက် ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့ ဘက်စုံတာဝန်ယူနိုင်သူ အဖြစ် ကမ္ဘာ့စံချိန်ထပ်ပြီး တင်နိုင်ခဲ့ပါတယ်။

ဒီလို စွမ်းဆောင်ရည်တွေကြောင့်လည်း အသက် ၆၃ နှစ်အရွယ်မှာ တောင် အက်ရှင်မင်းသားတစ်ယောက်အနေနဲ့ ကမ္ဘာ့ ဒုတိယကြေးအမြင့် ဆုံးမင်းသားအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျက်ကီချန်းဟာ ကြိုးစားတဲ့နေရာမှာ ပြိုင်ဘက်ကင်းခဲ့သလို ကြိုးစားပြီး စုဆောင်းရရှိလာတဲ့ ဥစ္စာဓနတွေနဲ့ လောကကြီးကို ပြန်လည်ပေးဆပ်ရာ မှာလည်း ပြိုင်ဘက်ကင်းသူတစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့အောင်မြင်ရေးဒဿဖြစ်တဲ့ “ငွေကို ရအောင်မရှာနိုင်ပဲ ငွေမလိုချင်ဘူးလို့ အသံကောင်း ဟစ်နေတာဟာ အောင်မြင်မှု မဟုတ်သလို ငွေကိုရှာနိုင်ရဲ့သားနဲ့ အများကောင်းကျိုး မသယ်ပိုးတာဟာ အောင်မြင်မှုမဟုတ်ပါဘူး”လို့ အမြဲပြောလေ့ရှိပါတယ်။

သူ့ရဲ့ ဒဿနအတိုင်း ငွေကိုရအောင်ရှာနိုင်ခဲ့သလို ရလာတဲ့ ငွေတွေနဲ့ အများကောင်းကျိုးတွေလည်း သယ်ပိုးခဲ့ပါတယ်။

တစ်ရက် အခမ်းအနားတစ်ခုမှာ သူအရမ်းချစ်ရတဲ့ သားတစ်ယောက်ရှိထားတာသိတဲ့ သတင်းထောက်တွေက သူ့သားကို အမွေပေးဖို့ အစီအစဉ်ရှိမရှိ မေးရာ “သူ့မှာ ကိုယ်ပိုင်အရည်အချင်းရှိရင် ပေးစရာမလိုဘူး၊ သူ့ဟာသူ ရှာနိုင်မှာပါ။

အရည်အချင်းမရှိဘူးဆိုရင် ပေးလိုက်လည်း သုံးဖြုန်းလို့ ကုန်သွားမှာပဲ၊ ပေးနေလို့ ဘာမှမထူးဘူး”လို့ ယတိပြတ် ဖြေကြားသွားပါတယ်။

ဒါကြောင့်လည်း သူ့သားကို သူ့လို အောင်မြင်တဲ့ မင်းသားတစ်ယောက် ဖြစ်လာအောင်ပဲ အစွမ်းကုန် ပျိုးထောင်ပေးခဲ့ပါတယ်။

ဒီကြားထဲက ၂၀၁၄ မှာ သူ့သားဟာ မူးယစ်ဆေးဝါးအမှုနဲ. ရင်ဆိုင်ခဲ့ရချိန်မှာတော့ သူဟာ ပရိသတ်ကို တောင်းပန်ခဲ့သလို သူ့သားကိုလည်း မီဒီယာက တစ်ဆင့် တောင်းပန်စေခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေနဲ့ ရင်းနှီးတဲ့ ဂျက်ကီချန်းဟာ သူ့သားပြစ်ဒဏ် လျော့ပေါ့စေဖို့ သူ့ရဲ့ သြဇာအရှိန် အဝါကို လုံးဝ မသုံးစွဲရုံသာမက သူ့သားကိုလည်း ပြစ်ဒဏ်ကို ကြည် ကြည်ဖြူဖြူ လက်ခံစေခဲ့ပါတယ်။

တကယ်တော့ ဂျက်ကီချန်းဟာ အထူး ချွန်ဆုံး မင်းသားဖြစ်သလို သူ့ဇာတ်ကားတွေမှာ ကာမရာဂ (sex) ကိစ္စ တွေ၊ ယုတ်မာတဲ့ အကြမ်းဖက်မှုတွေ ကင်းစင်ပြီးတော့ အသန့်ရှင်းဆုံး မင်းသားတစ်ဦးအနေနဲ့ ပါ ရပ်တည်နိုင်ခဲ့ပါတယ်။

ဂျက်ကီချန်းဟာ ကမ္ဘာ့အဆင့် အောင်မြင်မှု ရရှိခဲ့ပေမယ့် ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် ဖောင်ဒေးရှင်းတွေထောင်ပြီး … သဘာဝ ဘေး အန္တရာယ် ကယ်ဆယ်ရေး အပါအဝင် ဘက်စုံ ကူညီပေးခဲ့ပါတယ်။ အထူးသဖြင့် ငယ်စဉ်က စာပေပါရမီအားနည်းလို့ ကျောင်းထွက်ခဲ့ရတဲ့ ဂျက်ကီချန်းဟာ တရုတ်ကျောင်းသားလေးတွေအတွက် ပညာသင်ဆု ပေါင်း မြောက်များစွာကို ထောက်ပံ့ပေးခဲ့ပါတယ်။

သူ ငယ်စဉ်က အလုပ်ကြမ်းသမားဘဝနဲ့ ငွေရှာခဲ့ရတဲ့ သြစတြေးလျမှာ လည်း အဆင့်မြင့် ဆေးပညာသုတေသနတွေ လုပ်နိုင်ဖို့ ဂျက်ကီချန်း သိပ္ပံစင်တာကြီးကို တည်ထောင်ပေးခဲ့ပါတယ်။

ဒါ့အပြင် သူ့ ရဲ့ အောင်မြင်တဲ့ ပုံရိပ်ကို အသုံးချပြီး Unicef ရဲ့ အဆင့် မြင့် သံတမန်တစ်ဦးအနေနဲ့ ကမ္ဘာတစ်လွှား ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ မိခင် နဲ့ ကလေးတွေရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

Zawgyi









(၅)အဆိုတော်ဖြစ်ခြင်း






(၈)သူ၏အမည်ရင်း






သူ့ဘဝနဲ့ သူ့ဒဿန


















Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*