မြန်မာပြည်သူများအတွက် အခမဲ့အင်တာနက်ပံ့ပိုးပေးရန် အီလွန်မတ်စ်ကို ယန်ဟီးလီ တောင်းဆို

Unicode

မြန်မာပြည်သူတွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအတွက် အခမဲ့အင်တာနက်ရရှိနိုင်ရေးအတွက် နည်းလမ်းတွေနဲ့ နည်းစနစ်များပံ့ပိုးပေးဖို့  ဂြိုလ်တုအင်တာနက်(Starlink)တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် Elon Musk ကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)မှ မစ္စယန်ဟီးလီက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

SpaceX ကုမ္ပဏီဟာ ကမ္ဘာအနှံ့ သုံးစွဲလို့ရတဲ့ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

အီလွန်မတ်စ် ပိုင်ဆိုင်တဲ့ X(Twitter)လူမှုကွန်ရက်မှတဆင့် ယန်ဟီးလီက တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး မြန်မာစစ်အာဏာရှင်ဟာ နိုင်ငံသားတွေကို အင်တာနက်ဖြတ်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို  ကမ္ဘာက သိရဖို့ အရမ်းခက်ခဲနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ထောက်ပြထားပါတယ်။

အင်တာနက်အခက်အခဲကြောင့် မြန်မာနိုင်ငံတွင်းက ပြည်သူတွေဟာ စစ်တပ်က လေကြောင်းတိုက်ခိုက်လာတော့မယ်ဆိုရင် ချက်ချင်း သတိမပေးနိုင်သလို မိသားစုဝင်တွေ ဘယ်ရောက်နေသလဲဆိုတာ မသိနိုင် ဖြစ်နေရတယ်လို့ ယန်ဟီးလီက X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ကမ္ဘာကြီးအနေနဲ့လည်း တရားမဝင်မြန်မာစစ်ကောင်စီက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ကြီးလေးတဲ့ရာဇဝတ်မှုတွေကို ဘာတွေ ဘယ်လို ကျူးလွန်နေသလဲဆိုတာ သိဖို့လိုအပ်ပါတယ်လို့ သူကဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မကြာသေးမီကပြဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေမှာ မြန်မာလူငယ်အမျိုးသား၊ အမျိုးသမီးအားလုံးအပေါ် ချမှတ်လိုက်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းစနစ်တွေကျင့်သုံးမှုဟာ ဥပမာတစ်ခုဖြစ်ကြောင်း ယန်ဟီးလီရေးသားထားပါတယ်။

ဒါကြောင့် နေ့စဉ် မြေပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကမ္ဘာကသိအောင် မြန်မာပြည်သူတွေ ချပြနိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်က ပိတ်ချလို့မရတဲ့ အင်တာနက်ကို အခမဲ့ရရှိနိုင်ရင် မြန်မာပြည်သူတွေအတွက် အမှန်တကယ် အကူအညီရမှာ ဖြစ်လို့ စဉ်းစားစီမံပေးဖို့ X လူမှုကွန်ရက်ကို ဝယ်ယူထားသူလည်း ဖြစ်တဲ့ အီလွန်မက်စ်ကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာပြည်သူတွေကို အင်တာနက် အခမဲ့ စီစဉ်ပေးတာဟာ လပေါ် သွားတာထက် ဈေးသက်သာပါတယ်လို့လည်း ရေးသားထားပါသေးတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားရေးအဖွဲ့ AThan(အသံ)ရဲ့  မတ်လ ရက်ထုတ်အစီရင်ခံစာအရ မြန်မာနိုင်ငံတဝန်း ဖုန်းလိုင်းနဲ့  အင်တာနက် ဖြတ်တောက်ခံခဲ့ရတဲ့ မြို့နယ်ပေါင်း၈၀ ကျော်ရှိပြီးစစ်ကိုင်းတိုင်းက ၂၇ မြို့နယ်အထိ ဖုန်းလိုင်း သို့မဟုတ် အင်တာနက် ဖြတ်တောက်ခံထားရမှု အများဆုံးဖြစ်ကာ ရက္ခိုင်ပြည်နယ်မှာလည်း ၁၇ မြို့နယ်စလုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ဆိုးရွားပြင်းထန်လာနေတဲ့ အခြေအနေတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မဖြစ်မနေ တုံ့ပြန် အရေးယူရမယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၁၅ ရက်နေ့က ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။

SAC-M ကို မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီ၊ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM ) ဥက္ကဋ္ဌဟောင်း မာဇူကီဒါရုစမန်၊ IIMM အဖွဲ့ဝင်ဟောင်း ခရစ္စဆီဒေါ့တီ တို့နဲ့ ဖွဲ့စည်းထားတာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကလည်း ကုလရဲ့ အကြီးအကဲ တစ်ဦးအနေနဲ့ မြန်မာပြည်သူတွေအတွက် သူ့ရဲ့ တာဝန်ရှိမှုကို ဥပေက္ခာပြုထားတယ်လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ SAC-M ဝေဖန်ထောက်ပြထားပါတယ်။

Zawgyi

ျမန္မာျပည္သူမ်ားအတြက္ အခမဲ့အင္တာနက္ပံ့ပိုးေပးရန္ အီလြန္မတ္စ္ကို ယန္ဟီးလီ ေတာင္းဆို

ျမန္မာျပည္သူေတြနဲ႔ တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႕ေတြအတြက္ အခမဲ့အင္တာနက္ရရွိႏိုင္ေရးအတြက္ နည္းလမ္းေတြနဲ႔ နည္းစနစ္မ်ားပံ့ပိုးေပးဖို႔ ၿဂိဳလ္တုအင္တာနက္(Starlink)တည္ေထာင္သူ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ အီလြန္မတ္စ္ Elon Musk ကို ျမန္မာႏိုင္ငံဆိုင္ရာအထူးအႀကံေပးေကာင္စီ(SAC-M)မွ မစၥယန္ဟီးလီက တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။
SpaceX ကုမၸဏီဟာ ကမာၻအႏွံ႔ သုံးစြဲလို႔ရတဲ့ Starlink ၿဂိဳဟ္တုအင္တာနက္ဝန္ေဆာင္မႈ ေပးေနတဲ့ ကုမၸဏီလည္း ျဖစ္ပါတယ္။
အီလြန္မတ္စ္ ပိုင္ဆိုင္တဲ့ X(Twitter)လူမႈကြန္ရက္မွတဆင့္ ယန္ဟီးလီက တိုက္တြန္းခဲ့ျခင္းျဖစ္ၿပီး ျမန္မာစစ္အာဏာရွင္ဟာ ႏိုင္ငံသားေတြကို အင္တာနက္ျဖတ္ေနတဲ့အတြက္ ျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတာေတြကို ကမာၻက သိရဖို႔ အရမ္းခက္ခဲေနတယ္လို႔ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး ကိုယ္စားလွယ္ေဟာင္း မစၥယန္ဟီးလီက ေထာက္ျပထားပါတယ္။
အင္တာနက္အခက္အခဲေၾကာင့္ ျမန္မာႏိုင္ငံတြင္းက ျပည္သူေတြဟာ စစ္တပ္က ေလေၾကာင္းတိုက္ခိုက္လာေတာ့မယ္ဆိုရင္ ခ်က္ခ်င္း သတိမေပးႏိုင္သလို မိသားစုဝင္ေတြ ဘယ္ေရာက္ေနသလဲဆိုတာ မသိႏိုင္ ျဖစ္ေနရတယ္လို႔ ယန္ဟီးလီက X လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။
ကမာၻႀကီးအေနနဲ႔လည္း တရားမဝင္ျမန္မာစစ္ေကာင္စီက စစ္ရာဇဝတ္မႈေတြနဲ႔ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ႀကီးေလးတဲ့ရာဇဝတ္မႈေတြကို ဘာေတြ ဘယ္လို က်ဴးလြန္ေနသလဲဆိုတာ သိဖို႔လိုအပ္ပါတယ္လို႔ သူကဆိုပါတယ္။
အာဏာသိမ္းစစ္ေကာင္စီက မၾကာေသးမီကျပဌာန္းလိုက္တဲ့ စစ္မႈမထမ္းမေနရဥပေဒမွာ ျမန္မာလူငယ္အမ်ိဳးသား၊ အမ်ိဳးသမီးအားလုံးအေပၚ ခ်မွတ္လိုက္တဲ့ ရက္စက္ၾကမ္းၾကဳတ္တဲ့ နည္းစနစ္ေတြက်င့္သုံးမႈဟာ ဥပမာတစ္ခုျဖစ္ေၾကာင္း ယန္ဟီးလီေရးသားထားပါတယ္။
ဒါေၾကာင့္ ေန႔စဥ္ ေျမျပင္မွာ ဘာေတြျဖစ္ေနတယ္ဆိုတာ ကမာၻကသိေအာင္ ျမန္မာျပည္သူေတြ ခ်ျပႏိုင္ဖို႔ လိုတယ္လို႔ ဆိုပါတယ္။
ျမန္မာစစ္တပ္က ပိတ္ခ်လို႔မရတဲ့ အင္တာနက္ကို အခမဲ့ရရွိႏိုင္ရင္ ျမန္မာျပည္သူေတြအတြက္ အမွန္တကယ္ အကူအညီရမွာ ျဖစ္လို႔ စဥ္းစားစီမံေပးဖို႔ X လူမႈကြန္ရက္ကို ဝယ္ယူထားသူလည္း ျဖစ္တဲ့ အီလြန္မက္စ္ကို တိုက္တြန္းခဲ့ပါတယ္။
ျမန္မာျပည္သူေတြကို အင္တာနက္ အခမဲ့ စီစဥ္ေပးတာဟာ လေပၚ သြားတာထက္ ေဈးသက္သာပါတယ္လို႔လည္း ေရးသားထားပါေသးတယ္။
လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္လႈပ္ရွားေရးအဖြဲ႕ AThan(အသံ)ရဲ႕ မတ္လ ၅ ရက္ထုတ္အစီရင္ခံစာအရ ျမန္မာႏိုင္ငံတဝန္း ဖုန္းလိုင္းနဲ႔ အင္တာနက္ ျဖတ္ေတာက္ခံခဲ့ရတဲ့ ၿမိဳ႕နယ္ေပါင္း၈၀ ေက်ာ္ရွိၿပီးစစ္ကိုင္းတိုင္းက ၂၇ ၿမိဳ႕နယ္အထိ ဖုန္းလိုင္း သို႔မဟုတ္ အင္တာနက္ ျဖတ္ေတာက္ခံထားရမႈ အမ်ားဆုံးျဖစ္ကာ ရကၡိဳင္ျပည္နယ္မွာလည္း ၁၇ ၿမိဳ႕နယ္စလုံး ဖုန္းလိုင္း၊ အင္တာနက္လိုင္း ျဖတ္ေတာက္ခံခဲ့ရေၾကာင္း ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ ျမန္မာႏိုင္ငံက ဆိုး႐ြားျပင္းထန္လာေနတဲ့ အေျခအေနေတြကို ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီအေနနဲ႔ မျဖစ္မေန တုံ႔ျပန္ အေရးယူရမယ္လို႔လည္း ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပးေကာင္စီ (SAC-M) က မတ္လ ၁၅ ရက္ေန႔က ေၾကညာခ်က္ထုတ္ ေတာင္းဆိုထားပါတယ္။
SAC-M ကို ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စားလွယ္ေဟာင္း မစၥယန္ဟီးလီ၊ ျမန္မာႏိုင္ငံ ဆိုင္ရာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈ ယႏၲရား (IIMM ) ဥကၠ႒ေဟာင္း မာဇူကီဒါ႐ုစမန္၊ IIMM အဖြဲ႕ဝင္ေဟာင္း ခရစၥဆီေဒါ့တီ တို႔နဲ႔ ဖြဲ႕စည္းထားတာပါ။
ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္ကလည္း ကုလရဲ႕ အႀကီးအကဲ တစ္ဦးအေနနဲ႔ ျမန္မာျပည္သူေတြအတြက္ သူ႔ရဲ႕ တာဝန္ရွိမႈကို ဥေပကၡာျပဳထားတယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလကထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာ SAC-M ေဝဖန္ေထာက္ျပထားပါတယ္။

Facebook Comments Box