အလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါ ဇနီးသည်ရဲ့ ပြုပြင်ထားတဲ့ မျက်ခုံးမွှေးအသစ်ကို မြင်ပြီး ခင်ပွန်းဖြစ်သူ ရှော့ရသွားခဲ့တဲ့အဖြစ်

မျက်ခုံးမွှေးတက်တူးထိုးခြင်းက အမျိုးသမီးအများစုနှစ်သက်တဲ့ အလှတရားတစ်ခုဖြစ်ပေမယ့် တက်တူးဆရာကို ယုံကြည်မှုထားတဲ့အခါ လူတိုင်းက လှပတဲ့မျက်ခုံးမွေးရလောက်အောင် ကံကောင်းတာမဟုတ်ပါဘူး။ မကြာသေးမီက ဆိုရှယ်မီဒီယာအသုံးပြုသူများဟာ အမျိုးသမီးတစ်ဦးရဲ့ မျက်ခုံးမွေးအလှကြောင့် မျက်ရည်များထွက်ရတဲ့အထိ ရယ်မောခဲ့ရပါတယ်။

အထူးသဖြင့် ခင်ပွန်းဖြစ်သူက သူ့ရဲ့ဇနီးမျက်ခုံးမွှေးထိုးပြီးနောက် ရလဒ်ကို ဆိုရှယ်မီဒီပေါ် မျှဝေခဲ့ပါတယ်။ ခင်ပွန်းသည်က အလုပ်မှ အိမ်ကို ပြန်ရောက်တဲ့အခါ ပြုပြင်ပြီးတဲ့ဇနီးသည်ရဲ့ မျက်ခုံးမွှေးကို မြင်လိုက်လို့ လန့်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ တင်ထားတဲ့ပုံကနေတစ်ဆင့် ဇနီးဖြစ်သူရဲ့ မျက်ခုံးပုံသဏ္ဍာန်ကို ပြုပြင်ပြီးတဲ့အခါ တောင့်တင်းတဲ့ပုံစံ၊ မည်းနက်လွန်းပြီး မျက်နှာနဲ့ မလိုက်ဖက်တဲ့ပုံစံဖြစ်သွားတာကို တွေ့မြင်ရပါတယ်။

၎င်းကို post တင်ပြီးပြီးချင်းမှာပဲ ဇနီးဖြစ်သူရဲ့ မျက်ခုံးမွှေးတွေက အင်တာနက်သုံးသူကို မြန်မြန်ဆန်ဆန် စွဲဆောင်သွားပါတယ်။ ထို့အပြင် ဓားရှည်တစ်လက်လို တောင့်တင်းပြီး မည်းနက်တဲ့ မျက်ခုံးများကို ကြည့်ပြီး လူအများက ရယ်မောခဲ့ရပါတယ်။

Zawgyi

အလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါ ဇနီးသည်ရဲ့ ပြုပြင်ထားတဲ့ မျက်ခုံးမွှေးအသစ်ကို မြင်ပြီး ခင်ပွန်းဖြစ်သူ ထိတ်လန့်သွားခဲ့တဲ့အဖြစ်



Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*