တဲရော့ဟောစာတမ်း
တနင်္ဂနွေသားသမီးများအတွက်
ယခုလအတွင်းကံဇာတာကောင်းပါမည်။ ဒါပေမယ့် ဗုဒ္ဓဟူးနှင့် သောကြာသားသမီးများကြောင့် စိတ်ညစ်စရာကြုံနိုင်သည်။ လုပ်ကိုင်သမျှ အစစအရာအရာ အဆင်ပြေမှုများနဲ့ ကြုံပါလိမ့်မည်။ လုပ်စရာရှိတာကို နောက်ဆံမတင်းပဲ ယုံကြည်မှုအပြည့်နဲ့လုပ်ပါ အောင်မြင်မှုက သင့်လက်တစ်ကမ်းမှာပါ။ ချစ်သူရီစားများ အချစ်ရေး အဆင်ပြေ၍ အိမ်ထောင်သည်များ အိမ်ထောင်ရေးသုခ ရပါလိမ့်မည်။ ပန်းရောင်နှင့် အပြာရောင်တို့က ကံကောင်းစေပြီး အနက်ရောင်နှင့် ခရမ်းရောင်တို့က မသင့်တော်ပါ။ အညံအခိုက်များ ပြေပျောက်ပြီး ကံဇာတာကောင်းစေရန်အတွက် ဘုရားမှာသစ်သီး၅မျိုးလှူပြီး လိုရာဆုတောင်းပါ(အိမ်က ဘုရားလည်းရပါသည်)။
တနင်္လာသားသမီးများအတွက်
ယခုလအတွင်း မိမိကိုယ်ကိုထက် တစ်ပါးသူအရေးကိစ္စများကြောင့် စိတ်ညစ်စရာများ ကြုံရလိမ့်မည်။ လာဘ်လာဘ မဆိုစလောက်ပိတ်မည်။ ငွေကြေးကြောင့် စိတ်ညစ်ရနိုင်သည်။ ထို့ကြောင့် အာမခံဖြင့် ချေးငှား‌ပေးခြင်းနှင့် မိမိပိုင်ငွေကြေးအား ချေးငှားပေးခြင်းတို့ကို ရှောင်ပါ။ တစ်ပါးသူပြဿနာများအကြား ကြားဝင်ရတတ်၍ သူများပြဿနာ ကိုယ့်ပြဿနာ ဖြစ်တတ်သည် အထူးဂရုစိုက်ပါ။ အချစ်ရေး အိမ်ထောင်ရေးကြောင့် စိတ်မချမ်းမသာ ဖြစ်ရလိမ့်မည်။ ဆင်စွယ်ရောင်နှင့် မိုးပြာရောင်တို့သည် ကံကောင်းစေပြီး အနီရောင်နှင့် မီးခိုးရောင်တို့သည် မသင့်တော်ပါ။ အညံ့အခိုက်များ ပြေပျောက်ပြီး ကံကောင်းစေရန်အတွက် ဘုရားမှာ ဆီထမင်းတစ်ပန်ကန် ကပ်လှူပြီး လိုရာဆုတောင်းနိုင်သည်(အိမ်က ဘုရားလည်းရပါသည်)။
အင်္ဂါသားသမီးများအတွက်
ယခုလအတွင်း ခြေထောက်တစ်ဘက်ကြောင့် စိတ်မချမ်းမြှေ့စရာ ကြုံရတတ်သည်။ သွားရာလာရာတွင် အထူးသတိထားပြီး ဂရုစိုက်ဆင်ခြင်သင့်သည်။ ဆုံးရှူံးသွားပြီဟု ထင်ထားသော အခွင့်အရေး အခွင့်အလမ်းများ ပြန်ရနိုင်သော လဖြစ်သည်။ တစ်ခုခုလုပ်ရာတွင် စိတ်မတင်မကျ ဖြစ်စရာများ ကြုံရတတ်သည်။ လူလွတ်များ အချစ်ကံကောင်းပြီး အိမ်ထောင်သည်များ အိမ်ထောင်ရေးသုခနှင့် ပြည့်စုံမည်။ အစိမ်းရောင်နှင့် အဝါရောင်တို့သည် ကံကောင်စေပြီး အနက်ရောင်နှင့် ပန်းရောင်တို့သည် မသင့်‌တော်ပါ။ အညံ့အခိုက်များ ပြေပျောက်ပြီး ကံကောင်းစေရန်အတွက် ဘုရားမှာ ဘယာကြော်၅ခုကပ်လှူပြီး လိုရာဆုတောင်းပါ(အိမ်က ဘုရားလည်းရပါသည်)။
ဗုဒ္ဓဟူးသားသမီးများအတွက်
ယခုလအတွင်း ခင်မင်ရင်းနှီးရသော မိတ်ဆွေအပေါင်းအသင်းများနဲ့ စိတ်ဝမ်းကွဲစရာ ကြုံရတတ်သည်။ ဝမ်းသာစရာ မင်္ဂလာသတင်းတစ်ခု ကြားရတတ်သလို အမှူပြဿနာများဖြင့် ရင်ဆိုင်နေရသောသူများ အိမ်သို့ရောက်လာတတ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ အဝင်အထွက်ရှိပါက လာဘ်အထူးပွင့်လန်းပြီး အရာအားလုံးအဆင်ပြေမည်။ လူငယ်များ အချစ်ရေးကံကောင်း၍ အိမ်ထောင်သည်များ အိမ်ထောင်ရေးသာယာမည်။ အနက်ရောင်နှင့် အဖြူရောင်တို့သည် ကံကောင်စေပြီး အပြာရောင်နှင့် အညိုရောင်တို့သည် မသင့်တော်ပါ။ အညံ့အခိုက်များ ပြေပျောက်ပြီး ကံကောင်းစေရန်အတွက် ဘုရားမှာ အဝါရောင်ပန်း၅ပွင့် လှူဒါန်းပြီး လိုရာဆုတောင်းပါ(အိမ်က ဘုရားလည်းရပါသည်)။
ကြာသပတေးသားသမီးများအတွက်
ယခုလအတွင်း လာဘ်လာဘ အထူးကောင်းနေသည်။ အစစအရာအရာ ကံကောင်းခြင်းတွေရှိနေလို့ လုပ်စရာရှိတာကို စိတ်ဖြောင့်ဖြောင့်ဖြင့်သာလုပ်ပါ။ အောင်မြင်မှုက သင့်လက်တစ်ကမ်းမှာပါ။ ဆွေမျိုးသားချင်းထံမှ ကျန်းမာရေးညံ့သော သတင်းကြားရမည်။ အောက်လက်ငယ်သားနှင့် တပည့်တပန်းများကြောင့် စိတ်ညစ်စရာ ကြုံရမည်။ လူငယ်များအချစ်ရေး ကံကောင်ပြီး အိမ်ထောင်သည်များ အိမ်ထောင်ရေး သာယာမည့်လဖြစ်သည်။ အညိုရောင်နှင့် အနီရောင်တို့ကို ဆောင့်သင့်၍ အနက်ရောင်နှင့် အစိမ်းရောင်တို့ကို ရှေင်ပါ။ အညံ့အခိုက်များပြေပျောက်ပြီး ကံဇာတာကောင်းစေရန်အတွက် ဆွမ်းခံကြွလာသော ရဟန်း သံဃာကို ပန်းသီးတစ်လုံးလှူပြီး လိုရာဆုတောင်းနိုင်သည်။
သောကြာသားသမီးများအတွက်
ယခုလသည် အကျဉ်းအကြပ်ထဲ လှူပ်ရှားနေရပြီး စိတ်မောလူမောဖြစ်ရတဲ့ အချိန်အခါဖြစ်ပါသည်။ ငွေဝင်နိုင်ပေမယ့် သောကမကင်းဖြစ်၍နေလိမ့်မည်။ ဒါပေမယ့် စိတ်မပူပါနဲ့ ၇ရက်နေ့ကစပြီး အားလုံးကောင်းသွားပါမည်။ လူငယ်များ အချစ်ရေးအနည်းငယ်ညံ့နေပြီး အိမ်ထောင်သည်များ မဆိုစလောက် စိတ်အခန့်မသင့်တာ ကြုံရမည်။ ပန်းရောင်၊အဝါရောင်ကို ဆောင်သင့်ပြီး အဖြူရောင်နှင့်ခရမ်းရောင်ကို ရှောင်သင့်သည်။အညံ့အခိုက်များပြေပျောက်ပြီး ကံကောင်စေရန်အတွက် မိမိမွေးနာမ်ထောင့်ဘုရားမှာ ရေ၄ခွက်နှင့်ယပ်တောင်၄လက်လှူပြီး လိုရာဆုတောင်းနိုင်သည်။
စနေသားသမီးများအတွက်
ဘာသာရေးလုပ်လေ ကံကောင်းလေဖြစ်သောလဖြစ်၍ ယခုလအတွင်း ဘာသာရေးနှင့်ပတ်သက်သော အလှူတစ်ခုပြုရလိမ့်မည်။ ကံဇာတာ အလွန်မကောင်းသော်လည်း ညံ့သည့်ထဲတွင်မပါပါ။ အဖက်ဖက်မှ လာဘ်လာဘများ ဝင်လာကိန်းရှိနေသည်။ ဘာသာရေးကို ဖိလုပ်၍ ကုသိုလ်စိတ် အချိန်တော်တော်များများ ဝင်နေအောင် ကြိုးစားနေထိုင်ပါ။ အကောင်းမြင်စိတ်ဖြင့်နေပါ။ လူငယ်များအချစ်ရေး ကံကောင်း၍ အိမ်ထောင်သည်များ အိမ်ထောင်ရေးကံကောင်းလိမ့်မည်။ အစိမ်းရောင်နှင့် ဆင်စွယ်ရောင်တို့သည် ကံကောင်စေပြီး အဝါရောင်နှင့် အပြာရောင်တို့ကို ရှောင် ပါ။ ကံကောင်းပြီး ညံ့နေသောကံများ ပြေပျောက်စေရန်အတွက် ဘုရားမှာ စမူဆာသုတ်တစ်ပွဲလှူပြီး လိုရာဆုတောင်းပါ(အိမ်ကဘုရားမှာလည်း လှူဒါန်းနိုင်သည်)။
ZawGyi
စနေသားသမီးများအတွက်
Facebook Comments Box
Be the first to comment
Leave a Reply
Your email address will not be published.
*