လူလည်ကြီး အိန္ဒိယ ရုရှားဆီက ရေနံတွေ အောက်ကြေးနဲ့ နှိုက်

ရုရှားအစိုးရဟာ ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်တာခံနေရတဲ့အတွက် ရေနံဆက်လက်တင်ပို့ရောင်းချဖို့အတွက် ဈေးကွက်သစ်တွေ ရှာနေပါတယ်။ အိန္ဒိယနိုင်ငံကတော့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဈေးလျှော့ပေး‌နေတဲ့ ရုရှားရေနံတွေကို ပိုပီးဝယ်ယူနေပါတယ်။

ရုရှားရေနံတွေကို ယခုလို အိန္ဒိယ သွင်းနေတဲ့ပုံစံက ရုရှားကို စီးပွားရေးပိတ်ဆို့ မှုတွေနဲ့ ငြိစွန်းမှုမရှိဘူးလို့ အမေရိကန်က ပြောဆိုထားပါတယ်(စာရေးသူ အာဘော်-အိန္ဒိယနဲ့ အမေရိကန် ပေါင်းရိုက်နေတာလား)။ ဒါပေမယ့် အခုလို လုပ်တာဟာ ရုရှားကို ထောက်ပံ့တာ ဖြစ်နေတယ်လို့ ဝေဖန်ထားပါတယ်။

ရုရှားကို ထောက်ပံ့တယ်ဆိုတာ ရုရှားရဲ့ လက်ရှိ ယူကရိန်းကျူးကျော်စစ်ကို ထောက်ပံ့တာနဲ့ အတူတူပဲ ဖြစ်တယ်။ ကြီးမားတဲ့ဆိုးကျိုးဟာလည်း သိသာနေတယ်လို့ အမေရိကန်က ပြောဆိုထားပါတယ်။

ကမ္ဘာပေါ်မှာ အမေရိကန်နဲ့ တရုတ်တို့ကလွှဲရင် အိန္ဒိယနိုင်ငံဟာ ရေနံအများဆုံး အသုံးပြုတဲ့ နိုင်ငံဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ နှစ်စဉ်အသုံးပြုတဲ့ ရေနံစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းရပါတယ်။ ကျန်၂၀ရာခိုင်နှုန်းကိုသာ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပါတယ်။

၂၀၂၂ ပထမ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ နှစ်လအတွင်း ရေနံ တင်သွင်းမှု လုံးဝမရှိခဲ့ပါဘူး။ ဒါပေမယ့် မတ်လနဲ့  ဧပြီလ အတွက် ရေနံ ဝယ်ယူဖို့ ရုရှားနဲ့ စာချုပ်ချုပ်တဲ့ ပမာဏဟာ ရေနံစည် ၆ သန်းဖိုးခန့်အထိ ရှိနေပြီလို့ Kpler စားသုံးကုန် လေ့လာရေး အုပ်စုအဖွဲ့ ရဲ့ အစီအရင်ခံစာက ဖော်ပြထားပါတယ်။

အိန္ဒိယအစိုးရက သူတို့ ရုရှားကနေ ရေနံတွေ တိုးပြီး ဝယ်ယူဖြစ်ရင်တောင် သူတို့ နှစ်စဉ် ဝယ်ယူနေကျ ရေနံ တပုံးစာ ထဲက တကယ့်ကို တစက် လောက်ပဲ ပမာဏရှိမယ့် ရေနံ ဝယ်ယူတာမျိုးနဲ့သာ ကိုက်ညီမယ်လို့ ပြောကြားထားပါတယ်။

ရှားက ယူကရိန်းကို ကျူးကျော်အပြီးမှာ သူတို့ရဲ့ ယူရယ် ရေနံစိမ်း ဝယ်ယူမယ့်သူ နည်းသွားတာနဲ့ အတူ တန်ဖိုးတွေလည်း ကျဆင်းသွားခဲ့ပါတယ်။

ယူရယ် ရေနံ ဆိုတာကတော့ ရုရှားက တင်ပို့လေ့ရှိတဲ့ ရေနံစိမ်း အမျိုးအစားတခုဖြစ်ပါတယ်။ ရုရှားရဲ့ ယူရယ်နဲ့ ဘော်လဂါဒေသက ရေနံအလေးနဲ့ ဆိုက်ဘေးရီးယား အနောက်ပိုင်းဒေသကလာတဲ့ ရေနံ အပေါ့ ရောထားတဲ့ ရေနံစိမ်းကို ခေါ်တာဖြစ်တယ်လို့ သိရပါတယ်။

Kpler က လေ့လာသုံးသပ်သူ တဦးဖြစ်တဲ့ မက်စမစ်ရဲ့ အဆိုအရ ရေနံပေါ့ ဘရန့် ရေနံစိမ်းဈေးနဲ့ ရုရှား ယူရယ် ရေနံစိမ်းဈေးတို့ရဲ့ ကွာဟချက်က ရေနံတစည်ကို အမေရိကန်ဒေါ်လာ ၃၀ လောက်အထိ ရှိနိုင်မယ်လို့ ဆိုပါတယ်။

ယခင်က ဆိုရင်တော့ အဲဒီ ဘရန့် ရေနံနဲ့ ယူရယ် ရေနံ တို့ရဲ့ ဈေးနှုန်းက တတိမ်းမယိမ်းလောက်သာ ရှိတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လမှာတော့ အဲဒီ ရေနံနှစ်မျိုး ဈေးနှုန်းကွာဟမှုက စံချိန်တင်တဲ့အထိ ဖြစ်သွားခဲ့ပြီး ဒီကာလမှာ တရုတ်နဲ့ အိန္ဒိယတို့က အတော်များများ ဈေးလျော့ပြီး ဝယ်ယူလိုက်ကြနိုင်တယ်လို့လည်း မက်စမစ်က ပြောပါတယ်။

ရုရှားဘဏ်တွေကို စီးပွားရေးပိတ်ဆို့ မှုတွေ လုပ်နေတဲ့အတွက်  ရုရှားရေနံဈေး ကျတယ်ဆိုပေမယ့် ပိတ်ဆို့ထားတဲ့အတွက် ဝယ်ယူဖို့ အခက်အခဲတွေလည်း ရှိနေပါတယ်။

ထိုအခြေအနေမှာပဲ အိန္ဒိယရဲ့ ရေနံစိမ်းသန့်စင်တဲ့ ကုမ္ပဏီတွေက ရုရှားဆီက ရေနံတွေ လျှော့ဈေးနဲ့ များများဝယ်ယူနိုင်ဖို့ အတွက် ငွေအရင်းအနှီး အသစ်တွေကို အပူတပြင်းရှာဖွေနေကြတယ်လို့ သိရပါတယ်(လူလည်ကြီးတွေ .. ဒို့နိုင်ငံ လူတစ်ချို့ အဲ့လိုများလည်ရင် ဆီဈေး အတော်အသင့်ကျပေါ့)။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဟာ အိန္ဒိယကို ရောက်ရှိလာခဲ့ပါတယ်။ ယူကရိန်းအရေးမှာ တဖက်သတ် အမြင်နဲ့ မရှုမြင်တဲ့ အိန္ဒိယကိုလည်း ချီးကျူးစကားပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂမှာ ယူကရိန်းကို ရုရှားကျူးကျော်မှုနဲ့ ပတ်သက်လို့ ရှုတ်ချတဲ့ မဲခွဲမှုမှာ အိန္ဒိယက မဲမပေးခဲ့ပါဘူး။

Zawgyi

႐ုရွားအစိုးရဟာ ဥေရာပႏိုင္ငံေတြရဲ႕ စီးပြားေရးပိတ္ဆို႔ ဒဏ္ခတ္မႈေတြ လုပ္တာခံေနရတဲ့အတြက္ ေရနံဆက္လက္တင္ပို႔ေရာင္းခ်ဖို႔အတြက္ ေဈးကြက္သစ္ေတြ ရွာေနပါတယ္။ အိႏၵိယႏိုင္ငံကေတာ့ ဒီအေျခအေနကို အခြင့္ေကာင္းယူၿပီး ေဈးေလွ်ာ့ေပး‌ေနတဲ့ ႐ုရွားေရနံေတြကို ပိုပီးဝယ္ယူေနပါတယ္။

႐ုရွားေရနံေတြကို ယခုလို အိႏၵိယ သြင္းေနတဲ့ပုံစံက ႐ုရွားကို စီးပြားေရးပိတ္ဆို႔ မႈေတြနဲ႔ ၿငိစြန္းမႈမရွိဘူးလို႔ အေမရိကန္က ေျပာဆိုထားပါတယ္(စာေရးသူ အာေဘာ္-အိႏၵိယနဲ႔ အေမရိကန္ ေပါင္း႐ိုက္ေနတာလား)။ ဒါေပမယ့္ အခုလို လုပ္တာဟာ ႐ုရွားကို ေထာက္ပံ့တာ ျဖစ္ေနတယ္လို႔ ေဝဖန္ထားပါတယ္။

႐ုရွားကို ေထာက္ပံ့တယ္ဆိုတာ ႐ုရွားရဲ႕ လက္ရွိ ယူကရိန္းက်ဴးေက်ာ္စစ္ကို ေထာက္ပံ့တာနဲ႔ အတူတူပဲ ျဖစ္တယ္။ ႀကီးမားတဲ့ဆိုးက်ိဳးဟာလည္း သိသာေနတယ္လို႔ အေမရိကန္က ေျပာဆိုထားပါတယ္။
ကမာၻေပၚမွာ အေမရိကန္နဲ႔ တ႐ုတ္တို႔ကလႊဲရင္ အိႏၵိယႏိုင္ငံဟာ ေရနံအမ်ားဆုံး အသုံးျပဳတဲ့ ႏိုင္ငံျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံမွာ ႏွစ္စဥ္အသုံးျပဳတဲ့ ေရနံစုစုေပါင္းရဲ႕ ၈၀ ရာခိုင္ႏႈန္းကို ျပည္ပက တင္သြင္းရပါတယ္။ က်န္၂၀ရာခိုင္ႏႈန္းကိုသာ ျပည္တြင္းမွာ ထုတ္လုပ္ႏိုင္ပါတယ္။

၂၀၂၂ ပထမ ဇန္နဝါရီလနဲ႔ ေဖေဖာ္ဝါရီလ ႏွစ္လအတြင္း ေရနံ တင္သြင္းမႈ လုံးဝမရွိခဲ့ပါဘူး။ ဒါေပမယ့္ မတ္လနဲ႔ ဧၿပီလ အတြက္ ေရနံ ဝယ္ယူဖို႔ ႐ုရွားနဲ႔ စာခ်ဳပ္ခ်ဳပ္တဲ့ ပမာဏဟာ ေရနံစည္ ၆ သန္းဖိုးခန႔္အထိ ရွိေနၿပီလို႔ Kpler စားသုံးကုန္ ေလ့လာေရး အုပ္စုအဖြဲ႕ ရဲ႕ အစီအရင္ခံစာက ေဖာ္ျပထားပါတယ္။
အိႏၵိယအစိုးရက သူတို႔ ႐ုရွားကေန ေရနံေတြ တိုးၿပီး ဝယ္ယူျဖစ္ရင္ေတာင္ သူတို႔ ႏွစ္စဥ္ ဝယ္ယူေနက် ေရနံ တပုံးစာ ထဲက တကယ့္ကို တစက္ ေလာက္ပဲ ပမာဏရွိမယ့္ ေရနံ ဝယ္ယူတာမ်ိဳးနဲ႔သာ ကိုက္ညီမယ္လို႔ ေျပာၾကားထားပါတယ္။

ရွားက ယူကရိန္းကို က်ဴးေက်ာ္အၿပီးမွာ သူတို႔ရဲ႕ ယူရယ္ ေရနံစိမ္း ဝယ္ယူမယ့္သူ နည္းသြားတာနဲ႔ အတူ တန္ဖိုးေတြလည္း က်ဆင္းသြားခဲ့ပါတယ္။

ယူရယ္ ေရနံ ဆိုတာကေတာ့ ႐ုရွားက တင္ပို႔ေလ့ရွိတဲ့ ေရနံစိမ္း အမ်ိဳးအစားတခုျဖစ္ပါတယ္။ ႐ုရွားရဲ႕ ယူရယ္နဲ႔ ေဘာ္လဂါေဒသက ေရနံအေလးနဲ႔ ဆိုက္ေဘးရီးယား အေနာက္ပိုင္းေဒသကလာတဲ့ ေရနံ အေပါ့ ေရာထားတဲ့ ေရနံစိမ္းကို ေခၚတာျဖစ္တယ္လို႔ သိရပါတယ္။

Kpler က ေလ့လာသုံးသပ္သူ တဦးျဖစ္တဲ့ မက္စမစ္ရဲ႕ အဆိုအရ ေရနံေပါ့ ဘရန႔္ ေရနံစိမ္းေဈးနဲ႔ ႐ုရွား ယူရယ္ ေရနံစိမ္းေဈးတို႔ရဲ႕ ကြာဟခ်က္က ေရနံတစည္ကို အေမရိကန္ေဒၚလာ ၃၀ ေလာက္အထိ ရွိႏိုင္မယ္လို႔ ဆိုပါတယ္။

ယခင္က ဆိုရင္ေတာ့ အဲဒီ ဘရန႔္ ေရနံနဲ႔ ယူရယ္ ေရနံ တို႔ရဲ႕ ေဈးႏႈန္းက တတိမ္းမယိမ္းေလာက္သာ ရွိတာ ျဖစ္ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ မတ္လမွာေတာ့ အဲဒီ ေရနံႏွစ္မ်ိဳး ေဈးႏႈန္းကြာဟမႈက စံခ်ိန္တင္တဲ့အထိ ျဖစ္သြားခဲ့ၿပီး ဒီကာလမွာ တ႐ုတ္နဲ႔ အိႏၵိယတို႔က အေတာ္မ်ားမ်ား ေဈးေလ်ာ့ၿပီး ဝယ္ယူလိုက္ၾကႏိုင္တယ္လို႔လည္း မက္စမစ္က ေျပာပါတယ္။

႐ုရွားဘဏ္ေတြကို စီးပြားေရးပိတ္ဆို႔ မႈေတြ လုပ္ေနတဲ့အတြက္ ႐ုရွားေရနံေဈး က်တယ္ဆိုေပမယ့္ ပိတ္ဆို႔ထားတဲ့အတြက္ ဝယ္ယူဖို႔ အခက္အခဲေတြလည္း ရွိေနပါတယ္။

ထိုအေျခအေနမွာပဲ အိႏၵိယရဲ႕ ေရနံစိမ္းသန႔္စင္တဲ့ ကုမၸဏီေတြက ႐ုရွားဆီက ေရနံေတြ ေလွ်ာ့ေဈးနဲ႔ မ်ားမ်ားဝယ္ယူႏိုင္ဖို႔ အတြက္ ေငြအရင္းအႏွီး အသစ္ေတြကို အပူတျပင္းရွာေဖြေနၾကတယ္လို႔ သိရပါတယ္(လူလည္ႀကီးေတြ .. ဒို႔ႏိုင္ငံ လူတစ္ခ်ိဳ႕ အဲ့လိုမ်ားလည္ရင္ ဆီေဈး အေတာ္အသင့္က်ေပါ့)။

လြန္ခဲ့တဲ့ ရက္ပိုင္းအတြင္းက ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂး လက္ဗေရာ့ဟာ အိႏၵိယကို ေရာက္ရွိလာခဲ့ပါတယ္။ ယူကရိန္းအေရးမွာ တဖက္သတ္ အျမင္နဲ႔ မရႈျမင္တဲ့ အိႏၵိယကိုလည္း ခ်ီးက်ဴးစကားေျပာၾကားခဲ့ပါတယ္။

ကုလသမဂၢမွာ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈနဲ႔ ပတ္သက္လို႔ ရႈတ္ခ်တဲ့ မဲခြဲမႈမွာ အိႏၵိယက မဲမေပးခဲ့ပါဘူး။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*