ဂဏာန်းဗေဒင် ကြည့်ကြမည်

တစ်ဂဏန်းသမားများအတွက်

အင်္ဂလိပ်လ ဘယ်လမဆို( ၁ )ရက် ( 10 )ရက် ( ၁၉ )ရက် ( ၂၈ ) ရက်နေ့များတွင် မွေးဖွားသူများကို ဂဏာန်းဗေဒင်နည်းအရ ၁ဂဏာန်းသမားများဟု ခေါ်ဆိုသည်။ ၁ – ဂဏန်းကို တနင်္ဂနွေ ဂြိုလ်မင်းကြီးစိုးသည်။ ဤဂဏာန်းသမားများသည် တီထွင်ခြင်း ကိုယ်ထူးကိုယ်ချွန်လုပ်ကိုင်ခြင်း၊ ဇွဲ လုံးလထက်သန်သလို ထက်မြက်ခြင်းခေါင်းမာခြင်း ရှိမည်။ အသစ်အဆန်းတီ ထွင်တတ်သည်။ ရည်မှန်းချက် မြင့်မားသလို မာနကြီးမည်။ မည်သည့်လုပ်ငန်းမဆို ပြီးပြတ်အောင် လုပ်ကိုင်တတ်သည်။ ခန့်ညားသော အသွင်အပြင်ရှိသလို စိတ်ကောက်တတ်သည်။ စိတ်ဆိုးလွယ်သည်။ အဆင့်အတန်း မြင့်သောလုပ်ငန်းတွင် ရှိတတ်သည်။ နောက်လိုက်အဖြစ်မနေတတ်လို အထက်တန်းက ရှိနေတတ်သည်။ စကားပြော ပြတ်သလို ငယ်သားတို့ ရိုသေအောင် နေထိုင်တတ်သည်။ တစ်ဂဏန်းသမားတို့သည် မည်သည့်လုပ်ငန်းလုပ်လုပ် ရှေ့ဆုံးကလုပ်ရမှ အားရကျေနပ်တတ်သည်။ ရောင်ခြည်တစ်ထောင် အလင်းဆောင်သော တနင်္ဂနွေဂြိုလ်မင်းသည် ကမ္ဘာလောကကြီးပေါ်ရှိသက်ရှိသက်မဲ့တို့၏ အသက်ရှင်ရေးကို ဖန်တီးနိုင်သလို လောကမှာလည်း တစ်ဂဏန်းသမားများကို မင်းစိုးရာဇာများ၊ ခေါင်ဆောင်ကြီးများအဖြစ် တွေ့ရှိနိုင်သည်။ အလက်ဇန္ဒားသည်ဂရိတ်သည် ဇူလှိုင်( ၁ )ရက်နေ့တွင် မွေးဖွားသည်။ သမ္မတဟူးဗားသည် သြဂုတ်လ ( ၁၀ )ရက် မွေးဖွားသည်ကို ကြည့်ပါက သိရှိနိုင်ပေသည်။ တစ်ဂဏန်းသမားတို့သည် ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ရက် တို့မှာ လုပ်ကိုင်ဆောင်ရွက် အကောင်အထည်ဖော်ရန် လိုသည်။ မိတ်ဂဏန်းဖြစ်သော ၂ ၊ ၄ ၊ ၇ ဂဏန်းကျသော ရက်များလည်းကောင်းသည်။ လာဘ်ကောင်းသော နေ့များမှာ တနင်္ဂနွေနှင့် တနင်္လာနေ့တို့ဖြစ်သည်။ လာဘ်ကောင်းသောရတနာမှာ ရွှေ၊ ပယင်း၊ စိန်၊ ဥဿဖယားတို့ဖြစ်သည်။ ကံကောင်းသော အရောင်မှာ အဝါ၊ ရွှေရောင်၊ လိမ္မော်ရောင်တို့ဖြစ်သည်။ အသက် ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၃၇ ၊ ၄၆ ၊ ၅၅ ၊ ၆၄ ၊ ၇၃ နှစ် များတွင် ထူးခြားသော ဖြစ်စဥ်များနှင့် ကြုံတွေ့ရတတ်ပေသည်။

နှစ်ဂဏာန်းသမားများအတွက်

မည်သည့် အင်္ဂလိပ်လမဆို ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက် မွေးဖွားသောသူများကို ၂ဂဏာန်းဖွားများဟုခေါ်သည်။ နှစ်ဂဏာန်းမှာ တနင်္လာဂြိုလ် ဆိုးမိုးသော ဂဏန်းဖြစ်သည်။ သဘာဝအားဖြင့် သိမ်မွေ့နူးညံ့သလို စိတ်ကူးယဥ်တတ်သည်။ အနုပညာဆန်သည်၊ အတွေးအခေါ်ဆန်းပြားသည်။ တီထွင်ကြံဆနိုင်သော်လည်း အကောင်အထည်ဖော်ဆောင်ရာတွင် အင်းတိုက်အားတိုက်မရှိကြပေ။ မိမိတို့ကိုယ်ကို မိမိတို့ ယုံကြည်မူနည်းခြင်းရှိသလို မိမိတို့သည် စိတ်ထိခိုက် လွယ်ခြင်းရှိသည်။ အဆင်မပြေလျှင် စိတ်လျော့တတ်သည်။ တစ်ကမ္ဘာလုံးကို စိုးမိုးရန် စစ်မီးမွေးခဲ့သူ နာဇီဟစ်တလာသည် ၂ဂဏာန်းသမားဖြစ်သလို ပေါ်လွင်ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူသည်စိတ်ကူးဉာဏ်ကောင်းသလောက် လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် နောက်ဆုံး ဆုံးရှုံးခဲ့ရရှာသည်။ သူကားဧပြီ လ (၂၀ )ရက်တွင် မွေးဖွားခဲ့သည်။

နှစ်ဂဏန်းသမားတို့သည် ၇ ၊ ၁၆ ၊ ၂၅ ရက်တို့တွင် မွေးဖွားသော သူတို့နှင့် ပေါင်းသင်းဆက်ဆံက ကောင်းသည်။ အမှူကိစ္စ လုပ်ငန်းများကို ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက် များနှင့် ၇ ၊ ၁၆ ၊ ၂၅  ရက် ( ၇ ) ဂဏန်းကျသော ရက်များတွင် လုပ်ငန်းကို စတင်ဆောင်ရွက် လုပ်ကိုင်လျှင် အောင်မြင်လိမ့်မည်။ ဝတ်ဆင်သင့်သော လာဘ်ကောင်းသောအရောင်မှာ အဖြူ နံ့သာ ၊ အစိမ်းရောင်တို့ကို ဝတ်ဆင်ရမည်။ ဝတ်ဆင်သင့်သော လာဘ်ကောင်းသောရတနာမှာ ပုလဲ ၊ မြ ၊ ကျောက်စိမ်းတို့ဖြစ်သည်။ နှစ်ဂဏန်းသမားတို့သည် အသက် ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၃၈ ၊ ၄၇ ၊ ၅၆ ၊ ၆၅ ၊ ၇၄ နှစ်တို့တွင် ထူးခြားသော ဖြစ်စဥ်တို့နှင့် တွေ့ကြုံရတတ်ပေသည်။

သုံးဂဏာန်းသမားများအတွက်

မည်သည့်အင်္ဂလိပ်လမဆို ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက်များတွင် မွေးဖွားသောသူများသည် သုံးဂဏန်းသမားများဖြစ်ကြသည်။ ကြာသပတေးဂြိုလ်စိုးမိုးသည်။ စိတ်ကူးဉာဏ်ကောင်းခြင်း၊ တီထွင်တတ်ခြင်း၊ ဘွဲ့ထူးဂုဏ်ထူးရခြင်း၊ စိတ်နှလုံးကောင်းခြင်း ဖြောင့်မှန်ခြင်း ရှိကြသည်။ သူတို့သည် အမိန့်အာဏာနှင့် စည်းမျဥ်း ဥပဒေကို ရိုသေမြတ်နိုးကျသူများ ဖြစ်ကြသည်။ သုံးဂဏာန်းသမားတို့သည် ထင်ပေါ်​ကျော်ကြားသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ အထူးသဖြင့် အခြားသူများက ယုံကြည်စွာလွဲအပ်သော လုပ်ငန်းများနှင့် တာဝန်ခံ လုပ်ငန်းများတို့တွင် တွေ့နိုင်ပေသည်။ သုံးဂဏန်းသမားတို့သည် ဘဝအစတွင် နိမ့်ကျဆင်းရဲကြသော်လည်း နောက်ဆုံး၌ ဘဝအမြင့်ဆုံးအဆင့်သို့ ရောက်ရှိကြသည်သာများသည်။ သာမန်ထင်းခုတ်သမားဘဝမှ သမ္မတကြီး ဘဝသို့ ကြီးမြင့်သွားသော သမ္မတကြီး လင်ကွန်းကား ထင်ရှားသော သာဓကဖြစ်ပေသည်။ သူ့အား ဖေဖော်ဝါရီလ ၁၂ ရက်တွင် မွေးဖွားခဲ့သည်။ စတုတ္တမြောက် ဂျော့ဘုရင်သည် သြဂုတ်လ ၁၂ ရက်တွင်လည်ကောင်း၊ နန်းရင်းဝန်ကြီး ဝင်စတန်ချာချီသည် နိုဝင်ဘာ ၃၀ ရက်တွင်လည်ကောင်း မွေးဖွားခဲ့သည်ကို သာဓကအဖြစ် တွေ့နိုင်ပေသည်။ သုံးဂဏာန်းသမားများအတွက် လာဘ်ကောင်းသောနံပါတ်မှာ သုံးဂဏာန်းသာလျှင်ဖြစ်သည်။ သူတို့၏ မိတ်ဖက်ဂဏာန်းများမှာ ၆ နှင့် ၉ ဂဏာန်းများဖြစ်သည်။ လာဘ်ကောင်းသောရက်များမှာ ၃ ၊ ၁၂   ၊ ၂၁ ၊ ၃၀ ရက်တို့ဖြစ်သည်။ အဆိုပါရက်များတွင် လာဘ်ကောင်းသောအရောင်ကို ဝတ်ဆင်၍ ထီထိုးခြင်းများ ပြုလုပ်နိုင်သည်။ လာဘ်ကောင်းသော အရောင်များမှာ မရမ်းရောင်၊ ပန်းရောင်၊ အပြာရောင်နှင့် အနီရောင်များဖြစ်ကြသည်။ လာဘ်ကောင်းသောရတနာများမှာ ပတ္တမြား၊ ကျောက်နီတို့ ဖြစ်ကြသည်။ သုံးဂဏန်းသမားတို့သည် ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၃၉ ၊ ၄၈ ၊ ၅၇ ၊ ၆၆ စသော အသက်ပိုင်းတို့တွင် ထူးခြားသော ဖြစ်ရပ်များနှင့် ကြုံတွေ့ရတတ်သည်။

လေးဂဏာန်းသမားများအတွက်

မည်သည့် အင်္ဂလိပ်လမဆို ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တို့တွင် မွေးဖွားသောသူများသည် လေးဂဏာန်းသမားများ ဖြစ်ကြသည်။ လေးဂဏာန်းသည် ယူရေးနစ်ဂြိုလ် ကြီးစိုးသည်နှင့်အညီ တနင်္ဂနွေဂြိုလ်နှင့် ဆက်စပ်လျှက်ရှိသည်။ တနင်္ဂနွေဂြိုလ်မှာ ၁ ဂဏာန်း ယူရေးနစ်ဂြိုလ်မှာ ၄ ဂဏာန်း။ ထိုကြောင့် ၁ နှင့် ၄ ဂဏာန်းတို့သည် မိတ်ဖက်ဂဏာန်းများဖြစ်ကြသည်။ လေးဂဏာန်းသမားတို့၏ စိတ်နေစိတ်ထားကို သိရှိရန်မလွယ်ကူပေ။ ပတ်ဝန်းကျင် လောကနှင့် အစဥ်သဖြင့် ဆန့်ကျင်လေ့ရှိကြသည်။ သူတို့သည် အများနှင့်မတူ ကွဲလွဲသော အယူအဆ အတွေးအခေါ်တို့ ရှိကြသည်။ အများနှင့် ဆန့်ကျင်နေတတ်သည်။ ထို့ကြောင့်လည်း မိမိကို တိတ်တဆိတ်မုန်းနေသူများ ရန်ငြိုးရန်စများ ရှိနေတတ်သည်။ လေးဂဏာန်းသမားတို့သည် စည်းစိမ်ဥစ္စာကို မက်မောသူများ မဟုတ်သလို မိတ်ဆွေ အပေါင်းအဖော်လည်း နည်းပါးတတ်သည်။ အိမ်ထောင်ဖက်နှင့်လည်း အဆင်မပြေ ဖြစ်တတ်ကြသည်။ လေးဂဏာန်းသမားတို့ကို ကြည့်မည်ဆိုသော် အမေရိကန် တော်လှန်ရေးခေါင်းဆောင်ကြီး ဂျော့ဝါရှင်တန်သည် ဖေဖော်ဝါရီလ ၂၂ ရက်တွင် မွေးဖွားခဲ့သည်။ မြန်မာနိုင်ငံ တော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှာ ဖေဖော်ဝါရီလ ၁၃ ရက်တွင် မွေးဖွားခဲ့သည်တို့ကို ကြည့်၍သိနိုင်ပေသည်။ မိတ်ဖက်များမှာ ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်တို့တွင် မွေးဖွားသောသူများနှင့် မိတ်သင့်သောကြောင့် ပေါင်းသင်းဆက်ဆံသင့်သည်။ အကျိုးပေးသည် နေ့များမှာ စနေ ၊ တနင်္ဂနွေ ၊ တနင်္လာနေ့များ ဖြစ်သည်။ လာဘ်ကောင်းသော အရောင်အဆင်းမှာ အဝါရောင် မီးခိုးရောင် အပြာနု စသောအရောင်တို့ကိုဝတ်ဆင်နိုင်သည်။ လာဘ်ကောင်းသော ရတနာမှာ နီလာ ၊ ကြောင် တို့ဖြစ်သည်။ ၄ဂဏာန်းသမားများသည် အသက် ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၄၀ ၊ ၅၈ ၊ ၆၇ အသက်ပိုင်းတို့တွင် ထူးခြားသော အဖြစ်အပျက်တို့နှင့် ရင်ဆိုင်ရတတ်သည်။

ငါးဂဏန်းသမားများအတွက်

မည်သည့် အင်္ဂလိပ်လမဆို ၅ ၊ ၁၄ ၊ ၂၃ ရက်တွင် မွေးဖွားသောသူများသည် ငါးဂဏန်းသမားများ ဖြစ်ကြသည်။ ဗုဒ္ဓဟူးဂြိုလ်၏ အထိမ်းအမှတ် ခရီးသွားလာ၍ ရောင်းဝယ်ဖောက်ကားရသော အလုပ်ကိုလုပ်ကိုင်တတ်သည်။ လျှင်မြန်သည် ဖျက်လက်သည် မိတ်ဖွဲ့တတ်သည်။ အသစ်အဆန်း တီထွင်ခြင်းကို ဝါသနာပါသလို ငွေရမြန်သော ငွေဖြစ်မြန်သော လုပ်ငန်းများကို လုပ်ကိုင်ချင်ကြသည်။ မကောင်းမူဒုစရိုက်ပြုလျှင်လည်း မကောင်းမှန်းသိလျှက် ပြုလုပ်တတ်သည်။ ကောင်းမူပြုလျှင်လည်း အမြဲတမ်း ပြုနေတတ်သည်။ အကြံအစည်များသောကြောင့် စိတ်အာရုံများတတ်သည်။ နောက်ပြောင် ပြက်ရယ်ပြုမှုခြင်းများကို မနှစ်သက်ကြ‌ပေ။ ဘာမဆို အလိုရှိလျှင် စွန့်စားပြီးလုပ်ကိုင်ဖို့ လိုအပ်လာပါက ‌နောက်မတွန့်တတ်ပေ။ ခေတ်မှီသော အသစ်အဆန်းဖြစ်သော အရာဝတ္တုတို့ကို နှစ်သက်သည်။ လောင်းကစား ဝါသနာပါတတ်သည်။ မော်တော်ကားလုပ်ငန်း ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် ချမ်းသာကြွယ်ဝနိုင်၍ လုပ်ကိုင်သင့်ပေသည်။ မင်း သို့မဟုတ် အကြီးအကဲများဖြစ်တတ်သည်။ ငါးဂဏန်းတွင် ထူးချွန်သော ပုဂ္ဂိုလ်များမှာ ပြင်သစ်ဘုရင် စိန်လူးဝစ် သည် မေ ၂၃ ရက်တွင် မွေးဖွားသည်။ ( ၆ )ကြိမ်မြောက် ဂျော့ဘုရင် သည် ဒီဇင်ဘာ ၁၄ ရက်တွင် မွေးဖွားခဲ့သည်။ မိတ်ဖက် ၅ ၊ ၁၄ ၊ ၂၃ ရက်တို့တွင် မွေးဖွားသူများနှင့် အိမ်ထောင်ဖက် မိတ်ဖက် ဖြစ်သည်။ သင့်တော်သည်။ လာဘ်ကောင်းသောနေ့များမှာ ဗုဒ္ဓဟူး၊ သောကြာတို့ဖြစ်ကြသည်။ လာဘ်ကောင်းသောအရောင်မှာ အဖြူ မီးခိုး အရောင်စုံများနှင့် သင့်မြတ်သည်။ လာဘ်ကောင်းသောရတနာတို့မှာ စိန်၊ ဥဿဖယား၊ ပုလဲ၊ ကြောင်တို့ ဖြစ်သည်။

ခြောက်ဂဏာန်းသမားများအတွက်                                           

 ၆ ဂဏာန်းသည် သောကြာဂြိုလ်ကို ကိုယ်စားပြုသည်။ မည်သည့်အင်္ဂလိပ်လမဆို ၆၊ ၁၅၊ ၂၄ ရက်တွင် မွေးဖွားသောသူများသည် ခြောက်ဂဏာန်းသမားများဖြစ်ကြသည်။ ခြောက်ဂဏန်းသမားတို့သည် သာယာအဆင်ပြေခြင်းကို မြင်လိုကြသည်။ မိမိလည်း သာယာ အဆင်ပြေခြင်းကို အလိုရှိသည်။ အဆင့်မြင့်မြင့် နေချင်ကြသည်။ စကားအပြောအဆို ညက်ညောမည်။ ခေါင်းမာတတ်သလို လူချစ်လူခင်ပေါများမည်။ ခေတ်မှီသောအရာဝတ္ထုတို့ကို နှစ်သက်မြတ်နိုးသည်။ စိတ်သဘောကောင်းသည်။ မတရားသော အမှုတို့ကို မလုပ်တတ်ပေ။ သတင်းစာဆရာ၊ စာရေးဆရာ၊ အနုပညာဘက်တွင် ဝါသနာပါတတ်သည်။ အနုပညာဘက်တွင် နာမည်ကျော်တတ်သည်။ ၆ ဂဏန်းသမားတို့သည် အထက်တန်းသို့ ရောက်ရှိတတ်သည်။ အင်္ဂလန်မှ ဘုရင်မကြီး ဝိတိုးရီးယားသည် မေ ၂၄ ရက်တွင်လည်ကောင်း၊ ပြင်သစ် စစ်ဘုရင်ကြီး နပိုလီယန်သည် သြဂုတ်လ (၁၅) ရက်တွင်လည်ကောင်း မွေးဖွားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ အသက် ၆၊ ၁၅၊ ၂၄၊ ၃၃၊ ၄၂၊ ၅၁၊ ၆၈ နှစ်တို့တွင် ထူးခြားသောအဖြစ်များနှင့် ကြုံတွေ့ရတတ်သည်။ လာဘ်ကောင်းသောရက်များမှာ ၆၊၁၅၊၂၄ နှင့် ၃၊၁၂ ၊၂၁၊၃၀၊၉၊၁၈၊၂၇ ရက်တို့ဖြစ်သည်။ လာဘ်ကောင်းသော အရောင်းအဆင်းမှာ အဖြူ ၊အပြာ ၊ မရမ်းရောင်တို့ဖြစ်သည်။ လာဘ်ကောင်းသောရတနာမှာ နီလာ၊ပုလဲ မြတို့ ဖြစ်သည်။

ခုနှစ်ဂဏာန်းသမားများအတွက်                                          

အင်္ဂလိပ်လ ဘယ်လမဆို ၇၊ ၁၆၊ ၂၅၊ ရက်တို့တွင် မွေးဖွားသူများသည် ၇ဂဏာန်းသမားဖြစ်သည်။ ၇ ဂဏန်းသည် နက်(ပ်) ကျွန်းဂြိုလ်၏ အထိမ်းအမှတ်ဖြစ်သည်။ ထိုသူတို့သည် ဉာဏ်ရှိသူများ ဖြစ်ကြသည်။ နိုင်ငံခြားမှာလာသော ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်းတို့ကို ကြိုက်နှစ်သက်သည်။ အတွေးအခေါ် မှန်မှန်ကန်ကန်တွေးခေါ်တတ်သည်။ ခရီးသွားလာခြင်းတို့ကို နှစ်သက်သည်။ မိမိစိတ်ကူးဖြင့် အရောင်းအဝယ်လုပ်သောကြောင့် ကြွယ်ဝချမ်းသာတတ်သည်။ ဥစ္စာပစ္စည်း မခင်တွယ်တတ်ပေ။ နိုင်ငံရပ်ခြားသို့ ခရီးသွားလို့စိတ်ရှိသည်။ နိုင်ငံခြားသားတို့ နေပုံထိုင်ပုံ ရေးသားသော စာပေတို့ကို အမြဲတစေ ကြည့်ရူဖတ်နေတတ်သည်။ ကမ္ဘာအရပ်ရပ်မှ သတင်းများကို စိတ်ပါဝင်းစားနေတတ်သည်။ ခုနှစ်ဂဏန်းသမားတို့သည် ကြီးကျယ်သော လုပ်ငန်းရှင်ကြီးများ ဖြစ်တတ်သည်။ သူတို့သည် သင်္ဘောပိုင်ရှင်ကြီးများ ကုန်သည်ကြီးများနေရာတွင် ရှိတတ်သည်။ အကြားအမြင်ဆရာများ၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ထူးများလည် ဖြစ်နေတတ်သည်။ အဲလီဇဘက် ဘုရင်မသည် စက်တင်ဘာ (၇) တွင် မွေးဖွားသည်ကို ကြည့်ကာသိနိုင်သည်။ သူတိုသည်  ၂၊ ၇၊ ၅ ဂဏန်းသမားများနှင့် ပေါင်းသင်း ဆက်ဆံသော် ကောင်းသည်။ လာဘ်ကောင်းသော နေ့မှာ တနင်္လာနေ့ဖြစ်သည်။ လာဘ်ကောင်းသောရက်မှာ ၇၊ ၁၆၊ ၂၅ ဖြစ်၍ အဆိုပါနေတို့တွင် အရေးကြီးကိစ္စများ လုပ်ကိုင်နိုင်သည်။ လာဘ်ကောင်းသောအရောင်မှာ အစိမ်း၊ အဖြူ၊ အဝါ၊ မဲပြာ ရောင်များဖြစ်သည်။ လာဘ်ကောင်းသော ရတနာမှာ  မြ၊ ပုလဲ၊ ကျောက်  စသောရတနာတို့ဖြစ်သည်။

ရှစ်ဂဏန်းသမားများအတွက်                                                

အင်္ဂလိပ်လ ဘယ်လမဆို ၈၊ ၁၇၊ ၂၆၊ ရက်တို့တွင် မွေဖွားသောသူများသည် ရှစ်ဂဏန်းသမားဖြစ်သည်။ စနေဂြိုလ်စိုးမိုးသည့် စနေ့ဂြိုလ်၏ဂဏန်းမှာ ရှစ်ဂဏန်းဖြစ်သည်။ မိမိတို့မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ လုပ်ကိုင်တတ်သည်။ ထို့ကြောင့် လူမုန်းများတတ်သည်။ အေးတိအေးစက် နေထိုင်တတ်ကာ မိမိအပြစ်ကို လူမသိအောင် မျိုသိပ်ထားတတ်သည်။ ဘာသာရေးတွင်လည် အယူသီးလွန်းသူ၊ တစ်ဖက်စွန်းကျလွန်သူများ ဖြစ်တတ်ကြသည်။ ထို့ကြောင့်လည်း မိမိအား မုန်းသူများ ရှိနေတတ်သည်။ မိမိသည် ကံစီမံသည့်အတိုင်း မဟုတ်ဘဲ အခြားသူများအတွက် ကိုယ်က ဓားစားခံ ဖြစ်ရတတ်သည်။ ၈ ဂဏာန်းသမားများသည် အကြီးအကျယ် ခံစားတတ်သည်။ အရေးနိမ့်တတ်သည်။ သတိထားပါ။ အရာရာ အပြောအဆို ဆင်ခြင်ပါ။ အများနှင့် ဆန့်ကျင့်နေတတ်သည်။ ၄ ဂဏာန်းနှင့် ၈ ဂဏာန်း သမားတို့သည် ကြေကွဲ ဝမ်းနည်းဖွယ်ရာအခန်းတွင် ပါဝင်နေသောကြောင့် ထိုဂဏာန်းရှင်များသည် လူသူမနီးသော တောတောင်တွင် တရားအားထုတ်နေလျှင် အလွန်ကောင်းသည်။ အများနှင့် နေလျှင် မေးလျှင်ပြော မမေးလျှင် မပြောပါနှင့်။ နေရာတကာ တိတ်ဆိတ်နေလျှင် ကောင်းသည်။ ရှစ်ဂဏန်း သမားတို့တွင် ကျော်ကြားသောသူတို့မှာ ဆွိီဒင်ဘုရင်ဘာနာဒေါ့ ဖြစ်ကာ ဇန်နဝါရီ ၂၆ ရက် တွင်မွေးဖွားခဲ့သည်။ နောက်တစ်ဦးမှာ စကော့ဘုရင်မကြီး မေရီ ဒီဇင်ဘာ ၈ ရက် တွင် မွေးဖွားခဲ့သည်။ အရေးကြီး အထူးကိစ္စရပ်များ အကြံအစည်ပြုရန် ရက်များမှာ ၈၊ ၁၇၊ ၂၆၊ ရက်များတွင် လုပ်ဆောင်သင့်သည်။ နေ့ကောင်းများမှာ စနေ၊ တနင်္ဂနွေ၊ တနင်္လာနေ့ များကောင်းသည်။ လာဘ်ကောင်းသော အရောင်အဆင်းမှာ အနက်၊ နက်ပြာ၊ ခရမ်းရောင်များဖြစ်သည်။ လာဘ်ကောင်းသော ရတနာမှာ ဂေါ်မုတ်၊ နီလာ၊ ပုလဲ တို့နှင့် သင့်မြတ်သည်။ မိတ်ဖက်အတွက် ၈၊ ၁၇၊ ၂၆ ရက်များတွင် မွေးဖွားသော သူတို့နှင့် ပေါင်းသင်း ဆက်ဆံလျှင်ကောင်းသည်။

ကိုးဂဏာန်းသမားများအတွက်                                              

 အင်္ဂလိပ်လ ဘယ်လမဆို ၉၊ ၁၈၊ ၂၇ ရက် မွေးဖွားသောသူများသည် ကိုးဂဏာန်းသမားများဖြစ်သည်။ အင်္ဂါဂြိုလ် စိုးမိုးသည်။ စိတ်ဓာတ်ပြင်းထန်ခြင်း၊ ဒေါသကြီးခြင်း ရှိသောကြောင့် မိမိအား အုပ်ထိန်းရသော သူများပင် လက်လျှော့ရတတ်သည်။ နေရာတကာ အတိုက်အခံများ တွေ့ရတတ်သည်။ မိမိတို့သည် တဇွတ်ထိုး တဇောက်ကန်း ပြုလုပ်တတ်သည်။ ထို့ကြောင့်ပင် ရန်မုန်းများ အမြဲရှိတတ်သည်။ မိုက်ကန်းသောစိတ် ရှိတတ်သည့် ကိုးဂဏန်း သမားတို့တွင် အထက်တန်း ရောက်သော ပုဂ္ဂိုလ်များမှာ အမေရိကန်သမ္မတ သီအိုဒိုးရုစဘဲ့မှာ အောက်တိုဘာ ၂၇ ရက်တွင် မွေးဖွားသည်။ ရုရှားဆီဇာဘုရင် ဒုတိယမြောက် နီကိုလတ်သည် မေ ၁၈ ရက်တွင် မွေးဖွားခဲ့သည်ကို ကြည့်ကာ သိနိုင်သည်။ ကိုးဂဏာန်းသမားများသည် ထူးခြားသော ပုဂ္ဂိုလ်များဖြစ်သည်။ လာဘ်ကောင်းသောရက် ၉၊ ၁၈၊ ၂၇ ရက်များတွင် အကြံအစည် ပြုလုပ် ကောင်းသည်။ လာဘ်ကောင်းသောနေ့ ကြာသာပတေး၊ သောကြာ ထိုနေ့များကောင်းသည်။ လာဘ်ကောင်းသော အရောင်အဆင်းမှာ ကြက်သွေး၊ အနီရောင်၊ ပန်းရောင်များနှင့် သင့်လျှော်သည်။ လာဘ်ကောင်းသော ရတနာများမှာ ပတ္တမြား၊ ကျောက်နီတို့ ဖြစ်သည်။ အိမ်ထောင်ဖက်အတွက် ၉၊ ၁၈၊ ၂၇ ရက် မွေးဖွားသူများနှင့် ပေါင်းသင်းက သာ၍ကောင်းသည်။

Zawgyi

တစ္ဂဏန္းသမားမ်ားအတြက္

အဂၤလိပ္လ ဘယ္လမဆို( ၁ )ရက္ ( 10 )ရက္ ( ၁၉ )ရက္ ( ၂၈ ) ရက္ေန႔မ်ားတြင္ ေမြးဖြားသူမ်ားကို ဂဏာန္းေဗဒင္နည္းအရ ၁ဂဏာန္းသမားမ်ားဟု ေခၚဆိုသည္။ ၁ – ဂဏန္းကို တနဂၤေႏြ ၿဂိဳလ္မင္းႀကီးစိုးသည္။ ဤဂဏာန္းသမားမ်ားသည္ တီထြင္ျခင္း ကိုယ္ထူးကိုယ္ခြၽန္လုပ္ကိုင္ျခင္း၊ ဇြဲ လုံးလထက္သန္သလို ထက္ျမက္ျခင္းေခါင္းမာျခင္း ရွိမည္။ အသစ္အဆန္းတီ ထြင္တတ္သည္။ ရည္မွန္းခ်က္ ျမင့္မားသလို မာနႀကီးမည္။ မည္သည့္လုပ္ငန္းမဆို ၿပီးျပတ္ေအာင္ လုပ္ကိုင္တတ္သည္။ ခန႔္ညားေသာ အသြင္အျပင္ရွိသလို စိတ္ေကာက္တတ္သည္။ စိတ္ဆိုးလြယ္သည္။ အဆင့္အတန္း ျမင့္ေသာလုပ္ငန္းတြင္ ရွိတတ္သည္။ ေနာက္လိုက္အျဖစ္မေနတတ္လို အထက္တန္းက ရွိေနတတ္သည္။ စကားေျပာ ျပတ္သလို ငယ္သားတို႔ ႐ိုေသေအာင္ ေနထိုင္တတ္သည္။ တစ္ဂဏန္းသမားတို႔သည္ မည္သည့္လုပ္ငန္းလုပ္လုပ္ ေရွ႕ဆုံးကလုပ္ရမွ အားရေက်နပ္တတ္သည္။ ေရာင္ျခည္တစ္ေထာင္ အလင္းေဆာင္ေသာ တနဂၤေႏြၿဂိဳလ္မင္းသည္ ကမာၻေလာကႀကီးေပၚရွိသက္ရွိသက္မဲ့တို႔၏ အသက္ရွင္ေရးကို ဖန္တီးႏိုင္သလို ေလာကမွာလည္း တစ္ဂဏန္းသမားမ်ားကို မင္းစိုးရာဇာမ်ား၊ ေခါင္ေဆာင္ႀကီးမ်ားအျဖစ္ ေတြ႕ရွိႏိုင္သည္။ အလက္ဇႏၵားသည္ဂရိတ္သည္ ဇူလႈိင္( ၁ )ရက္ေန႔တြင္ ေမြးဖြားသည္။ သမၼတဟူးဗားသည္ ၾသဂုတ္လ ( ၁၀ )ရက္ ေမြးဖြားသည္ကို ၾကည့္ပါက သိရွိႏိုင္ေပသည္။ တစ္ဂဏန္းသမားတို႔သည္ ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ရက္ တို႔မွာ လုပ္ကိုင္ေဆာင္႐ြက္ အေကာင္အထည္ေဖာ္ရန္ လိုသည္။ မိတ္ဂဏန္းျဖစ္ေသာ ၂ ၊ ၄ ၊ ၇ ဂဏန္းက်ေသာ ရက္မ်ားလည္းေကာင္းသည္။ လာဘ္ေကာင္းေသာ ေန႔မ်ားမွာ တနဂၤေႏြႏွင့္ တနလၤာေန႔တို႔ျဖစ္သည္။ လာဘ္ေကာင္းေသာရတနာမွာ ေ႐ႊ၊ ပယင္း၊ စိန္၊ ဥႆဖယားတို႔ျဖစ္သည္။ ကံေကာင္းေသာ အေရာင္မွာ အဝါ၊ ေ႐ႊေရာင္၊ လိေမၼာ္ေရာင္တို႔ျဖစ္သည္။ အသက္ ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၃၇ ၊ ၄၆ ၊ ၅၅ ၊ ၆၄ ၊ ၇၃ ႏွစ္ မ်ားတြင္ ထူးျခားေသာ ျဖစ္စဥ္မ်ားႏွင့္ ႀကဳံေတြ႕ရတတ္ေပသည္။

ႏွစ္ဂဏာန္းသမားမ်ားအတြက္

မည္သည့္ အဂၤလိပ္လမဆို ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက္ ေမြးဖြားေသာသူမ်ားကို ၂ဂဏာန္းဖြားမ်ားဟုေခၚသည္။ ႏွစ္ဂဏာန္းမွာ တနလၤာၿဂိဳလ္ ဆိုးမိုးေသာ ဂဏန္းျဖစ္သည္။ သဘာဝအားျဖင့္ သိမ္ေမြ႕ႏူးညံ့သလို စိတ္ကူးယဥ္တတ္သည္။ အႏုပညာဆန္သည္၊ အေတြးအေခၚဆန္းျပားသည္။ တီထြင္ႀကံဆႏိုင္ေသာ္လည္း အေကာင္အထည္ေဖာ္ေဆာင္ရာတြင္ အင္းတိုက္အားတိုက္မရွိၾကေပ။ မိမိတို႔ကိုယ္ကို မိမိတို႔ ယုံၾကည္မူနည္းျခင္းရွိသလို မိမိတို႔သည္ စိတ္ထိခိုက္ လြယ္ျခင္းရွိသည္။ အဆင္မေျပလွ်င္ စိတ္ေလ်ာ့တတ္သည္။ တစ္ကမာၻလုံးကို စိုးမိုးရန္ စစ္မီးေမြးခဲ့သူ နာဇီဟစ္တလာသည္ ၂ဂဏာန္းသမားျဖစ္သလို ေပၚလြင္ထင္ရွားေသာ ပုဂၢိဳလ္တစ္ဦးျဖစ္သည္။ သူသည္စိတ္ကူးဉာဏ္ေကာင္းသေလာက္ လက္ေတြ႕အေကာင္အထည္ ေဖာ္ေဆာင္ရာတြင္ ေနာက္ဆုံး ဆုံးရႈံးခဲ့ရရွာသည္။ သူကားဧၿပီ လ (၂၀ )ရက္တြင္ ေမြးဖြားခဲ့သည္။

ႏွစ္ဂဏန္းသမားတို႔သည္ ၇ ၊ ၁၆ ၊ ၂၅ ရက္တို႔တြင္ ေမြးဖြားေသာ သူတို႔ႏွင့္ ေပါင္းသင္းဆက္ဆံက ေကာင္းသည္။ အမႉကိစၥ လုပ္ငန္းမ်ားကို ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက္ မ်ားႏွင့္ ၇ ၊ ၁၆ ၊ ၂၅  ရက္ ( ၇ ) ဂဏန္းက်ေသာ ရက္မ်ားတြင္ လုပ္ငန္းကို စတင္ေဆာင္႐ြက္ လုပ္ကိုင္လွ်င္ ေအာင္ျမင္လိမ့္မည္။ ဝတ္ဆင္သင့္ေသာ လာဘ္ေကာင္းေသာအေရာင္မွာ အျဖဴ နံ႔သာ ၊ အစိမ္းေရာင္တို႔ကို ဝတ္ဆင္ရမည္။ ဝတ္ဆင္သင့္ေသာ လာဘ္ေကာင္းေသာရတနာမွာ ပုလဲ ၊ ျမ ၊ ေက်ာက္စိမ္းတို႔ျဖစ္သည္။ ႏွစ္ဂဏန္းသမားတို႔သည္ အသက္ ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၃၈ ၊ ၄၇ ၊ ၅၆ ၊ ၆၅ ၊ ၇၄ ႏွစ္တို႔တြင္ ထူးျခားေသာ ျဖစ္စဥ္တို႔ႏွင့္ ေတြ႕ႀကဳံရတတ္ေပသည္။

သုံးဂဏာန္းသမားမ်ားအတြက္

မည္သည့္အဂၤလိပ္လမဆို ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက္မ်ားတြင္ ေမြးဖြားေသာသူမ်ားသည္ သုံးဂဏန္းသမားမ်ားျဖစ္ၾကသည္။ ၾကာသပေတးၿဂိဳလ္စိုးမိုးသည္။ စိတ္ကူးဉာဏ္ေကာင္းျခင္း၊ တီထြင္တတ္ျခင္း၊ ဘြဲ႕ထူးဂုဏ္ထူးရျခင္း၊ စိတ္ႏွလုံးေကာင္းျခင္း ေျဖာင့္မွန္ျခင္း ရွိၾကသည္။ သူတို႔သည္ အမိန႔္အာဏာႏွင့္ စည္းမ်ဥ္း ဥပေဒကို ႐ိုေသျမတ္ႏိုးက်သူမ်ား ျဖစ္ၾကသည္။ သုံးဂဏာန္းသမားတို႔သည္ ထင္ေပၚ​ေက်ာ္ၾကားေသာ ပုဂၢိဳလ္မ်ားျဖစ္ၾကသည္။ အထူးသျဖင့္ အျခားသူမ်ားက ယုံၾကည္စြာလြဲအပ္ေသာ လုပ္ငန္းမ်ားႏွင့္ တာဝန္ခံ လုပ္ငန္းမ်ားတို႔တြင္ ေတြ႕ႏိုင္ေပသည္။ သုံးဂဏန္းသမားတို႔သည္ ဘဝအစတြင္ နိမ့္က်ဆင္းရဲၾကေသာ္လည္း ေနာက္ဆုံး၌ ဘဝအျမင့္ဆုံးအဆင့္သို႔ ေရာက္ရွိၾကသည္သာမ်ားသည္။ သာမန္ထင္းခုတ္သမားဘဝမွ သမၼတႀကီး ဘဝသို႔ ႀကီးျမင့္သြားေသာ သမၼတႀကီး လင္ကြန္းကား ထင္ရွားေသာ သာဓကျဖစ္ေပသည္။ သူ႔အား ေဖေဖာ္ဝါရီလ ၁၂ ရက္တြင္ ေမြးဖြားခဲ့သည္။ စတုတၱေျမာက္ ေဂ်ာ့ဘုရင္သည္ ၾသဂုတ္လ ၁၂ ရက္တြင္လည္ေကာင္း၊ နန္းရင္းဝန္ႀကီး ဝင္စတန္ခ်ာခ်ီသည္ ႏိုဝင္ဘာ ၃၀ ရက္တြင္လည္ေကာင္း ေမြးဖြားခဲ့သည္ကို သာဓကအျဖစ္ ေတြ႕ႏိုင္ေပသည္။ သုံးဂဏာန္းသမားမ်ားအတြက္ လာဘ္ေကာင္းေသာနံပါတ္မွာ သုံးဂဏာန္းသာလွ်င္ျဖစ္သည္။ သူတို႔၏ မိတ္ဖက္ဂဏာန္းမ်ားမွာ ၆ ႏွင့္ ၉ ဂဏာန္းမ်ားျဖစ္သည္။ လာဘ္ေကာင္းေသာရက္မ်ားမွာ ၃ ၊ ၁၂   ၊ ၂၁ ၊ ၃၀ ရက္တို႔ျဖစ္သည္။ အဆိုပါရက္မ်ားတြင္ လာဘ္ေကာင္းေသာအေရာင္ကို ဝတ္ဆင္၍ ထီထိုးျခင္းမ်ား ျပဳလုပ္ႏိုင္သည္။ လာဘ္ေကာင္းေသာ အေရာင္မ်ားမွာ မရမ္းေရာင္၊ ပန္းေရာင္၊ အျပာေရာင္ႏွင့္ အနီေရာင္မ်ားျဖစ္ၾကသည္။ လာဘ္ေကာင္းေသာရတနာမ်ားမွာ ပတၱျမား၊ ေက်ာက္နီတို႔ ျဖစ္ၾကသည္။ သုံးဂဏန္းသမားတို႔သည္ ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၃၉ ၊ ၄၈ ၊ ၅၇ ၊ ၆၆ စေသာ အသက္ပိုင္းတို႔တြင္ ထူးျခားေသာ ျဖစ္ရပ္မ်ားႏွင့္ ႀကဳံေတြ႕ရတတ္သည္။

ေလးဂဏာန္းသမားမ်ားအတြက္

မည္သည့္ အဂၤလိပ္လမဆို ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တို႔တြင္ ေမြးဖြားေသာသူမ်ားသည္ ေလးဂဏာန္းသမားမ်ား ျဖစ္ၾကသည္။ ေလးဂဏာန္းသည္ ယူေရးနစ္ၿဂိဳလ္ ႀကီးစိုးသည္ႏွင့္အညီ တနဂၤေႏြၿဂိဳလ္ႏွင့္ ဆက္စပ္လွ်က္ရွိသည္။ တနဂၤေႏြၿဂိဳလ္မွာ ၁ ဂဏာန္း ယူေရးနစ္ၿဂိဳလ္မွာ ၄ ဂဏာန္း။ ထိုေၾကာင့္ ၁ ႏွင့္ ၄ ဂဏာန္းတို႔သည္ မိတ္ဖက္ဂဏာန္းမ်ားျဖစ္ၾကသည္။ ေလးဂဏာန္းသမားတို႔၏ စိတ္ေနစိတ္ထားကို သိရွိရန္မလြယ္ကူေပ။ ပတ္ဝန္းက်င္ ေလာကႏွင့္ အစဥ္သျဖင့္ ဆန႔္က်င္ေလ့ရွိၾကသည္။ သူတို႔သည္ အမ်ားႏွင့္မတူ ကြဲလြဲေသာ အယူအဆ အေတြးအေခၚတို႔ ရွိၾကသည္။ အမ်ားႏွင့္ ဆန႔္က်င္ေနတတ္သည္။ ထို႔ေၾကာင့္လည္း မိမိကို တိတ္တဆိတ္မုန္းေနသူမ်ား ရန္ၿငိဳးရန္စမ်ား ရွိေနတတ္သည္။ ေလးဂဏာန္းသမားတို႔သည္ စည္းစိမ္ဥစၥာကို မက္ေမာသူမ်ား မဟုတ္သလို မိတ္ေဆြ အေပါင္းအေဖာ္လည္း နည္းပါးတတ္သည္။ အိမ္ေထာင္ဖက္ႏွင့္လည္း အဆင္မေျပ ျဖစ္တတ္ၾကသည္။ ေလးဂဏာန္းသမားတို႔ကို ၾကည့္မည္ဆိုေသာ္ အေမရိကန္ ေတာ္လွန္ေရးေခါင္းေဆာင္ႀကီး ေဂ်ာ့ဝါရွင္တန္သည္ ေဖေဖာ္ဝါရီလ ၂၂ ရက္တြင္ ေမြးဖြားခဲ့သည္။ ျမန္မာႏိုင္ငံ ေတာ္လွန္ေရးေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းမွာ ေဖေဖာ္ဝါရီလ ၁၃ ရက္တြင္ ေမြးဖြားခဲ့သည္တို႔ကို ၾကည့္၍သိႏိုင္ေပသည္။ မိတ္ဖက္မ်ားမွာ ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက္တို႔တြင္ ေမြးဖြားေသာသူမ်ားႏွင့္ မိတ္သင့္ေသာေၾကာင့္ ေပါင္းသင္းဆက္ဆံသင့္သည္။ အက်ိဳးေပးသည္ ေန႔မ်ားမွာ စေန ၊ တနဂၤေႏြ ၊ တနလၤာေန႔မ်ား ျဖစ္သည္။ လာဘ္ေကာင္းေသာ အေရာင္အဆင္းမွာ အဝါေရာင္ မီးခိုးေရာင္ အျပာႏု စေသာအေရာင္တို႔ကိုဝတ္ဆင္ႏိုင္သည္။ လာဘ္ေကာင္းေသာ ရတနာမွာ နီလာ ၊ ေၾကာင္ တို႔ျဖစ္သည္။ ၄ဂဏာန္းသမားမ်ားသည္ အသက္ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၄၀ ၊ ၅၈ ၊ ၆၇ အသက္ပိုင္းတို႔တြင္ ထူးျခားေသာ အျဖစ္အပ်က္တို႔ႏွင့္ ရင္ဆိုင္ရတတ္သည္။

ငါးဂဏန္းသမားမ်ားအတြက္

မည္သည့္ အဂၤလိပ္လမဆို ၅ ၊ ၁၄ ၊ ၂၃ ရက္တြင္ ေမြးဖြားေသာသူမ်ားသည္ ငါးဂဏန္းသမားမ်ား ျဖစ္ၾကသည္။ ဗုဒၶဟူးၿဂိဳလ္၏ အထိမ္းအမွတ္ ခရီးသြားလာ၍ ေရာင္းဝယ္ေဖာက္ကားရေသာ အလုပ္ကိုလုပ္ကိုင္တတ္သည္။ လွ်င္ျမန္သည္ ဖ်က္လက္သည္ မိတ္ဖြဲ႕တတ္သည္။ အသစ္အဆန္း တီထြင္ျခင္းကို ဝါသနာပါသလို ေငြရျမန္ေသာ ေငြျဖစ္ျမန္ေသာ လုပ္ငန္းမ်ားကို လုပ္ကိုင္ခ်င္ၾကသည္။ မေကာင္းမူဒုစ႐ိုက္ျပဳလွ်င္လည္း မေကာင္းမွန္းသိလွ်က္ ျပဳလုပ္တတ္သည္။ ေကာင္းမူျပဳလွ်င္လည္း အၿမဲတမ္း ျပဳေနတတ္သည္။ အႀကံအစည္မ်ားေသာေၾကာင့္ စိတ္အာ႐ုံမ်ားတတ္သည္။ ေနာက္ေျပာင္ ျပက္ရယ္ျပဳမႈျခင္းမ်ားကို မႏွစ္သက္ၾက‌ေပ။ ဘာမဆို အလိုရွိလွ်င္ စြန႔္စားၿပီးလုပ္ကိုင္ဖို႔ လိုအပ္လာပါက ‌ေနာက္မတြန႔္တတ္ေပ။ ေခတ္မွီေသာ အသစ္အဆန္းျဖစ္ေသာ အရာဝတၱဳတို႔ကို ႏွစ္သက္သည္။ ေလာင္းကစား ဝါသနာပါတတ္သည္။ ေမာ္ေတာ္ကားလုပ္ငန္း ပစၥည္း ေရာင္းဝယ္ျခင္းတို႔ျဖင့္ ခ်မ္းသာႂကြယ္ဝႏိုင္၍ လုပ္ကိုင္သင့္ေပသည္။ မင္း သို႔မဟုတ္ အႀကီးအကဲမ်ားျဖစ္တတ္သည္။ ငါးဂဏန္းတြင္ ထူးခြၽန္ေသာ ပုဂၢိဳလ္မ်ားမွာ ျပင္သစ္ဘုရင္ စိန္လူးဝစ္ သည္ ေမ ၂၃ ရက္တြင္ ေမြးဖြားသည္။ ( ၆ )ႀကိမ္ေျမာက္ ေဂ်ာ့ဘုရင္ သည္ ဒီဇင္ဘာ ၁၄ ရက္တြင္ ေမြးဖြားခဲ့သည္။ မိတ္ဖက္ ၅ ၊ ၁၄ ၊ ၂၃ ရက္တို႔တြင္ ေမြးဖြားသူမ်ားႏွင့္ အိမ္ေထာင္ဖက္ မိတ္ဖက္ ျဖစ္သည္။ သင့္ေတာ္သည္။ လာဘ္ေကာင္းေသာေန႔မ်ားမွာ ဗုဒၶဟူး၊ ေသာၾကာတို႔ျဖစ္ၾကသည္။ လာဘ္ေကာင္းေသာအေရာင္မွာ အျဖဴ မီးခိုး အေရာင္စုံမ်ားႏွင့္ သင့္ျမတ္သည္။ လာဘ္ေကာင္းေသာရတနာတို႔မွာ စိန္၊ ဥႆဖယား၊ ပုလဲ၊ ေၾကာင္တို႔ ျဖစ္သည္။

ေျခာက္ဂဏာန္းသမားမ်ားအတြက္                                           

 ၆ ဂဏာန္းသည္ ေသာၾကာၿဂိဳလ္ကို ကိုယ္စားျပဳသည္။ မည္သည့္အဂၤလိပ္လမဆို ၆၊ ၁၅၊ ၂၄ ရက္တြင္ ေမြးဖြားေသာသူမ်ားသည္ ေျခာက္ဂဏာန္းသမားမ်ားျဖစ္ၾကသည္။ ေျခာက္ဂဏန္းသမားတို႔သည္ သာယာအဆင္ေျပျခင္းကို ျမင္လိုၾကသည္။ မိမိလည္း သာယာ အဆင္ေျပျခင္းကို အလိုရွိသည္။ အဆင့္ျမင့္ျမင့္ ေနခ်င္ၾကသည္။ စကားအေျပာအဆို ညက္ေညာမည္။ ေခါင္းမာတတ္သလို လူခ်စ္လူခင္ေပါမ်ားမည္။ ေခတ္မွီေသာအရာဝတၳဳတို႔ကို ႏွစ္သက္ျမတ္ႏိုးသည္။ စိတ္သေဘာေကာင္းသည္။ မတရားေသာ အမႈတို႔ကို မလုပ္တတ္ေပ။ သတင္းစာဆရာ၊ စာေရးဆရာ၊ အႏုပညာဘက္တြင္ ဝါသနာပါတတ္သည္။ အႏုပညာဘက္တြင္ နာမည္ေက်ာ္တတ္သည္။ ၆ ဂဏန္းသမားတို႔သည္ အထက္တန္းသို႔ ေရာက္ရွိတတ္သည္။ အဂၤလန္မွ ဘုရင္မႀကီး ဝိတိုးရီးယားသည္ ေမ ၂၄ ရက္တြင္လည္ေကာင္း၊ ျပင္သစ္ စစ္ဘုရင္ႀကီး နပိုလီယန္သည္ ၾသဂုတ္လ (၁၅) ရက္တြင္လည္ေကာင္း ေမြးဖြားခဲ့သည္ကို ၾကည့္ျခင္းအားျဖင့္ သိႏိုင္သည္။ အသက္ ၆၊ ၁၅၊ ၂၄၊ ၃၃၊ ၄၂၊ ၅၁၊ ၆၈ ႏွစ္တို႔တြင္ ထူးျခားေသာအျဖစ္မ်ားႏွင့္ ႀကဳံေတြ႕ရတတ္သည္။ လာဘ္ေကာင္းေသာရက္မ်ားမွာ ၆၊၁၅၊၂၄ ႏွင့္ ၃၊၁၂ ၊၂၁၊၃၀၊၉၊၁၈၊၂၇ ရက္တို႔ျဖစ္သည္။ လာဘ္ေကာင္းေသာ အေရာင္းအဆင္းမွာ အျဖဴ ၊အျပာ ၊ မရမ္းေရာင္တို႔ျဖစ္သည္။ လာဘ္ေကာင္းေသာရတနာမွာ နီလာ၊ပုလဲ ျမတို႔ ျဖစ္သည္။

ခုႏွစ္ဂဏာန္းသမားမ်ားအတြက္                                          

အဂၤလိပ္လ ဘယ္လမဆို ၇၊ ၁၆၊ ၂၅၊ ရက္တို႔တြင္ ေမြးဖြားသူမ်ားသည္ ၇ဂဏာန္းသမားျဖစ္သည္။ ၇ ဂဏန္းသည္ နက္(ပ္) ကြၽန္းၿဂိဳလ္၏ အထိမ္းအမွတ္ျဖစ္သည္။ ထိုသူတို႔သည္ ဉာဏ္ရွိသူမ်ား ျဖစ္ၾကသည္။ ႏိုင္ငံျခားမွာလာေသာ ကုန္ပစၥည္းမ်ား ေရာင္းဝယ္ျခင္းတို႔ကို ႀကိဳက္ႏွစ္သက္သည္။ အေတြးအေခၚ မွန္မွန္ကန္ကန္ေတြးေခၚတတ္သည္။ ခရီးသြားလာျခင္းတို႔ကို ႏွစ္သက္သည္။ မိမိစိတ္ကူးျဖင့္ အေရာင္းအဝယ္လုပ္ေသာေၾကာင့္ ႂကြယ္ဝခ်မ္းသာတတ္သည္။ ဥစၥာပစၥည္း မခင္တြယ္တတ္ေပ။ ႏိုင္ငံရပ္ျခားသို႔ ခရီးသြားလို႔စိတ္ရွိသည္။ ႏိုင္ငံျခားသားတို႔ ေနပုံထိုင္ပုံ ေရးသားေသာ စာေပတို႔ကို အၿမဲတေစ ၾကည့္႐ူဖတ္ေနတတ္သည္။ ကမာၻအရပ္ရပ္မွ သတင္းမ်ားကို စိတ္ပါဝင္းစားေနတတ္သည္။ ခုႏွစ္ဂဏန္းသမားတို႔သည္ ႀကီးက်ယ္ေသာ လုပ္ငန္းရွင္ႀကီးမ်ား ျဖစ္တတ္သည္။ သူတို႔သည္ သေဘၤာပိုင္ရွင္ႀကီးမ်ား ကုန္သည္ႀကီးမ်ားေနရာတြင္ ရွိတတ္သည္။ အၾကားအျမင္ဆရာမ်ား၊ ထြက္ရပ္ေပါက္ ပုဂၢိဳလ္ထူးမ်ားလည္ ျဖစ္ေနတတ္သည္။ အဲလီဇဘက္ ဘုရင္မသည္ စက္တင္ဘာ (၇) တြင္ ေမြးဖြားသည္ကို ၾကည့္ကာသိႏိုင္သည္။ သူတိုသည္  ၂၊ ၇၊ ၅ ဂဏန္းသမားမ်ားႏွင့္ ေပါင္းသင္း ဆက္ဆံေသာ္ ေကာင္းသည္။ လာဘ္ေကာင္းေသာ ေန႔မွာ တနလၤာေန႔ျဖစ္သည္။ လာဘ္ေကာင္းေသာရက္မွာ ၇၊ ၁၆၊ ၂၅ ျဖစ္၍ အဆိုပါေနတို႔တြင္ အေရးႀကီးကိစၥမ်ား လုပ္ကိုင္ႏိုင္သည္။ လာဘ္ေကာင္းေသာအေရာင္မွာ အစိမ္း၊ အျဖဴ၊ အဝါ၊ မဲျပာ ေရာင္မ်ားျဖစ္သည္။ လာဘ္ေကာင္းေသာ ရတနာမွာ  ျမ၊ ပုလဲ၊ ေက်ာက္  စေသာရတနာတို႔ျဖစ္သည္။

ရွစ္ဂဏန္းသမားမ်ားအတြက္                                                

အဂၤလိပ္လ ဘယ္လမဆို ၈၊ ၁၇၊ ၂၆၊ ရက္တို႔တြင္ ေမြဖြားေသာသူမ်ားသည္ ရွစ္ဂဏန္းသမားျဖစ္သည္။ စေနၿဂိဳလ္စိုးမိုးသည့္ စေန႔ၿဂိဳလ္၏ဂဏန္းမွာ ရွစ္ဂဏန္းျဖစ္သည္။ မိမိတို႔မွားသည္ ျဖစ္ေစ၊ မွန္သည္ ျဖစ္ေစ လုပ္ကိုင္တတ္သည္။ ထို႔ေၾကာင့္ လူမုန္းမ်ားတတ္သည္။ ေအးတိေအးစက္ ေနထိုင္တတ္ကာ မိမိအျပစ္ကို လူမသိေအာင္ မ်ိဳသိပ္ထားတတ္သည္။ ဘာသာေရးတြင္လည္ အယူသီးလြန္းသူ၊ တစ္ဖက္စြန္းက်လြန္သူမ်ား ျဖစ္တတ္ၾကသည္။ ထို႔ေၾကာင့္လည္း မိမိအား မုန္းသူမ်ား ရွိေနတတ္သည္။ မိမိသည္ ကံစီမံသည့္အတိုင္း မဟုတ္ဘဲ အျခားသူမ်ားအတြက္ ကိုယ္က ဓားစားခံ ျဖစ္ရတတ္သည္။ ၈ ဂဏာန္းသမားမ်ားသည္ အႀကီးအက်ယ္ ခံစားတတ္သည္။ အေရးနိမ့္တတ္သည္။ သတိထားပါ။ အရာရာ အေျပာအဆို ဆင္ျခင္ပါ။ အမ်ားႏွင့္ ဆန႔္က်င့္ေနတတ္သည္။ ၄ ဂဏာန္းႏွင့္ ၈ ဂဏာန္း သမားတို႔သည္ ေၾကကြဲ ဝမ္းနည္းဖြယ္ရာအခန္းတြင္ ပါဝင္ေနေသာေၾကာင့္ ထိုဂဏာန္းရွင္မ်ားသည္ လူသူမနီးေသာ ေတာေတာင္တြင္ တရားအားထုတ္ေနလွ်င္ အလြန္ေကာင္းသည္။ အမ်ားႏွင့္ ေနလွ်င္ ေမးလွ်င္ေျပာ မေမးလွ်င္ မေျပာပါႏွင့္။ ေနရာတကာ တိတ္ဆိတ္ေနလွ်င္ ေကာင္းသည္။ ရွစ္ဂဏန္း သမားတို႔တြင္ ေက်ာ္ၾကားေသာသူတို႔မွာ ဆြိီဒင္ဘုရင္ဘာနာေဒါ့ ျဖစ္ကာ ဇန္နဝါရီ ၂၆ ရက္ တြင္ေမြးဖြားခဲ့သည္။ ေနာက္တစ္ဦးမွာ စေကာ့ဘုရင္မႀကီး ေမရီ ဒီဇင္ဘာ ၈ ရက္ တြင္ ေမြးဖြားခဲ့သည္။ အေရးႀကီး အထူးကိစၥရပ္မ်ား အႀကံအစည္ျပဳရန္ ရက္မ်ားမွာ ၈၊ ၁၇၊ ၂၆၊ ရက္မ်ားတြင္ လုပ္ေဆာင္သင့္သည္။ ေန႔ေကာင္းမ်ားမွာ စေန၊ တနဂၤေႏြ၊ တနလၤာေန႔ မ်ားေကာင္းသည္။ လာဘ္ေကာင္းေသာ အေရာင္အဆင္းမွာ အနက္၊ နက္ျပာ၊ ခရမ္းေရာင္မ်ားျဖစ္သည္။ လာဘ္ေကာင္းေသာ ရတနာမွာ ေဂၚမုတ္၊ နီလာ၊ ပုလဲ တို႔ႏွင့္ သင့္ျမတ္သည္။ မိတ္ဖက္အတြက္ ၈၊ ၁၇၊ ၂၆ ရက္မ်ားတြင္ ေမြးဖြားေသာ သူတို႔ႏွင့္ ေပါင္းသင္း ဆက္ဆံလွ်င္ေကာင္းသည္။

ကိုးဂဏာန္းသမားမ်ားအတြက္                                              

 အဂၤလိပ္လ ဘယ္လမဆို ၉၊ ၁၈၊ ၂၇ ရက္ ေမြးဖြားေသာသူမ်ားသည္ ကိုးဂဏာန္းသမားမ်ားျဖစ္သည္။ အဂၤါၿဂိဳလ္ စိုးမိုးသည္။ စိတ္ဓာတ္ျပင္းထန္ျခင္း၊ ေဒါသႀကီးျခင္း ရွိေသာေၾကာင့္ မိမိအား အုပ္ထိန္းရေသာ သူမ်ားပင္ လက္ေလွ်ာ့ရတတ္သည္။ ေနရာတကာ အတိုက္အခံမ်ား ေတြ႕ရတတ္သည္။ မိမိတို႔သည္ တဇြတ္ထိုး တေဇာက္ကန္း ျပဳလုပ္တတ္သည္။ ထို႔ေၾကာင့္ပင္ ရန္မုန္းမ်ား အၿမဲရွိတတ္သည္။ မိုက္ကန္းေသာစိတ္ ရွိတတ္သည့္ ကိုးဂဏန္း သမားတို႔တြင္ အထက္တန္း ေရာက္ေသာ ပုဂၢိဳလ္မ်ားမွာ အေမရိကန္သမၼတ သီအိုဒိုး႐ုစဘဲ့မွာ ေအာက္တိုဘာ ၂၇ ရက္တြင္ ေမြးဖြားသည္။ ႐ုရွားဆီဇာဘုရင္ ဒုတိယေျမာက္ နီကိုလတ္သည္ ေမ ၁၈ ရက္တြင္ ေမြးဖြားခဲ့သည္ကို ၾကည့္ကာ သိႏိုင္သည္။ ကိုးဂဏာန္းသမားမ်ားသည္ ထူးျခားေသာ ပုဂၢိဳလ္မ်ားျဖစ္သည္။ လာဘ္ေကာင္းေသာရက္ ၉၊ ၁၈၊ ၂၇ ရက္မ်ားတြင္ အႀကံအစည္ ျပဳလုပ္ ေကာင္းသည္။ လာဘ္ေကာင္းေသာေန႔ ၾကာသာပေတး၊ ေသာၾကာ ထိုေန႔မ်ားေကာင္းသည္။ လာဘ္ေကာင္းေသာ အေရာင္အဆင္းမွာ ၾကက္ေသြး၊ အနီေရာင္၊ ပန္းေရာင္မ်ားႏွင့္ သင့္ေလွ်ာ္သည္။ လာဘ္ေကာင္းေသာ ရတနာမ်ားမွာ ပတၱျမား၊ ေက်ာက္နီတို႔ ျဖစ္သည္။ အိမ္ေထာင္ဖက္အတြက္ ၉၊ ၁၈၊ ၂၇ ရက္ ေမြးဖြားသူမ်ားႏွင့္ ေပါင္းသင္းက သာ၍ေကာင္းသည္။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*