
ပွင့်ထွက်သွားတဲ့ ညတစ်ည
ဇင်မာလင်းကို တစ်ဆွေလုံးတစ်မျိုးလုံးက ဝိုင်းပယ်ထားသည်။ ပြောဆိုဆက်ဆံခြင်းမလုပ်ကြဟုဆိုလျှင် ဇင်မာလင်း ဘယ်လောက်ဆိုးသလဲဆိုတာ သိသွားနိုင်သည်။ နောက် ဇင်မာလင်း ဘာတွေမှားခဲ့သလဲဟုလည်း စဉ်းစားစရာဖြစ်လာရသည်။ ဇင်မာလင်းက အသိုင်းအဝိုင်းတစ်ခုလုံးက ခွင့်မလွှတ်နိုင်သော အမှားကို ကျူးလွန်မိခဲ့သည်။ ဦးခင်မောင်နှင့် ဒေါ်မေသူတို့မှာ ဗိုလ်ချုပ်ဈေးထဲတွင် ရတနာဆိုင်ကြီးဖွင့်ထားသည့် ရတနာကုန်သည်တွေဖြစ်သည်။ သူတို့တွင် တစ်ဦးတည်းသော သမီးလေး တစ်ယောက်ထဲရှိသည်။ […]