နေတိုးအဖွဲ့ဝင် နိုင်ငံတွေက အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ ယူကရိန်းကို ဘယ်လိုနည်းနဲ့ ဘာ‌တွေထောက်ပံ့နေလည်း

နေတိုးအဖွဲ့ဆိုတာ ၁၉၄၉ ဧပြီလ ၄ရက်နေ့ ဝါရှင်တန် ဒီစီ မှာ စတင်ဖွဲ့စည်းခဲ့တဲ့ စစ်ရေး မဟာမိတ်ဖြစ်ပါတယ်။ နေတိုး(Nato)ရဲ့ အဓိပ္ပယ်ကတော့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ the (North Atlantic Treaty Organization) ဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ အိုက်စလန်၊ အီတလီ၊ လူဇင်ဘတ်၊ နယ်သာလန်၊ နော်ဝေး၊ ပေါ်တူဂီ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန် စတဲ့နိုင်ငံ ၁၂နိုင်ငံက ဒုတိယကမ္ဘာစစ်ပြီးခေတ် ဥရောပမှာ ရုရှားက ချဲ့ထွင်လာမယ့် ခြိမ်းခြောက်မှုကို တန်ပြန်ဖို့အတွက်ဆိုတဲ့  ကနဦး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။

ယခုအခါမှာတော့ နိုင်ငံပေါင်း ၃၀ရှိပြီ ဖြစ်ပါတယ်။ ဆိုဗီယက် ရုရှားကလည်း သူ့ရဲ့ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံတွေ အကြားမှာ ဝါဆောစာချုပ်နဲ့ သူတို့ရဲ့ စစ်ရေးမဟာမိတ် အဖွဲ့ဖွဲ့ကာ တုံ့ပြန်ပါတယ်။

၁၉၉၁ ခုနှစ်က ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် ဝါဆော စာချုပ်အဖွဲ့ဝင်နိုင်ငံ တချို့က ဘက်ပြောင်းပြီး နေတိုး အဖွဲ့ကိုဝင်ကြပါတယ်။ ဝါဆောစာချုပ်အဖွဲ့ ဆိုတာကတော့ အရှေ့ဥရောပနှင့် အလယ်ပိုင်း ဥရောပမှ နိုင်ငံများ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဝါဆောစာချုပ် အဖွဲ့ဝင်နိုင်ငံတွေကတော့ အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ပိုလန်၊ ရိုမေးနီးယား၊ ဆိုဗီယက်ပြည်ထောင်စုနဲ့ အရှေ့ဂျာမဏီတို့ဖြစ်ပါတယ်။

နေတိုးအဖွဲ့အကြောင်း ပြန်ဆက်ရရင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ သူတို့အဖွဲ့ဝင်နိုင်ငံတွေထဲက နိုင်ငံတခုခု စစ်ရေးအရ တိုက်ခိုက်ခံရပြီဆိုရင် ကျန်တဲ့အဖွဲ့ဝင်နိုင်ငံတွေက ကူညီကြမယ်လို့ ကတိပြုထားကြပါတယ်။

ယခုဖြစ်နေတဲ့ ရုရှား ယူကရိန်း စစ်ပွဲမှာ ယူကရိန်းဟာ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် တိုက်ရိုက်ကြီး ကူညီလို့ မရပါဘူး။ ၂၀၀၈ခုနှစ်မှာ နေတိုးဟာ ယူကရိန်းကို နေတိုးအဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် တချို့အကြောင်းတွေကြောင့် ယူကရိန်းဟာ အဖွဲ့ဝင်နိုင်ငံဖြစ်ရေး ဦးစားပေး မလုပ်ဆောင်ခဲ့ပါဘူး။ ၂၀၁၄ခုနှစ်မှာ ရုရှားက ခရိုင်းမီးယား‌ဒေသကို ဝင်သိမ်းလိုက်တဲ့အခါကျမှ ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ဦးစားပေး ကြိုးစားပါတော့တယ်။

ဒါပေမယ့် ရုရှားက ကန့်ကွက်ထားတဲ့အတွက် ဖြစ်မလာခဲ့ဘူး။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်း ရုရှားရဲ့ ကန့်ကွက်မှုကို ဆန့်ကျင်ပြီး ယူကရိန်းကို နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်ဖို့ အတင်းအကျပ် မကြိုးစားကြပါဘူး။ ရုရှားနဲ့ ထိပ်တိုက်တွေ့ပြီး အနောက်ကမ္ဘာမှာ စစ်ပွဲတွေဖြစ်လာမှာ စိုးရိမ်ပုံရပါတယ်။

ဒါကြောင့် ယခု ရုရှား ယူကရိန်း စစ်ပွဲမှာ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ ယူကရိန်းကို တပ်ဖွဲ့တွေ စေလွတ်ပြီး ကူညီလို့ မရပါဘူး။ ဒါပေမယ့် ငွေကြေး၊ လက်နက်၊ စားနပ်ရိက္ခာနှင့် စစ်အသုံးအဆောင် ပစ္စည်းတွေကိုတော့ ကူညီကြပါတယ်။

ဘရပ်ဆဲလ်မြို့က နေတိုးအစည်းအဝေး မတိုင်ခင်မှာ မစ်ဇိုင်း လက်နက် ၆၀၀၀ နဲ့ ယူကရိန်း စစ်တပ်က တပ်ဖွဲ့ဝင်တွေကို လစာပေးနိုင်ဖို့ စတာလင် ပေါင် ၂၅ သန်း ယူကရိန်းကို ထောက်ပံ့မယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

ဗြိတိန်ဟာ  ယူကရိန်းကို ပုခုံးထမ်းပစ်နိုင်တဲ့ တင့်ကားပစ် မစ်ဇိုင်းလက်နက် အရေအတွက် ၄၀၀၀ ကျော် ပေးထားပြီး နောက်ထပ် ကျည်ကာဝတ်စုံတွေ၊ ခေါင်းဆောင်းတွေ၊  စစ်ဖိနပ်တွေကိုလည်း ယူကရိန်းကို ထပ်မံပေးပို့ထားပါတယ်။

အမေရိကန်က ကနဦးမှာ ဒေါ်လာ သန်း ၂၀၀ ဖိုး လက်နက်တွေ ကူညီခဲ့ပြီး နောက်ပိုင်းမှာ ဒေါ်လာ သန်း ၃၅၀ဖိုး လက်နက်တွေ ပို့ပေးခဲ့ပါတယ်လို့ သိရပါတယ်။

အဲဒီထဲမှာ Javelin တင့်ကားဖျက် မစ်ဇိုင်းတွေ၊ Stinger လေယာဉ်ပစ် မစ်ဇိုင်းတွေ ပါဝင်ပြီး နောက်ထပ်အနေနဲ့ အမေရိကန်က ဒေါ်လာ ၁ ဘီလျံဖိုး လက်နက်တွေ ကူညီမယ်လို့လည်း ကြေညာထားပါတယ်။

အဲဒါတွေကတော့ Swithchblade တင့်ကားဖျက် ဒရုမ်းတွေလိုမျိုး အဆင့်မြင့် တာဝေးသုံး လက်နက်တွေလည်း ပါဝင်ပါလိမ့်မယ်လို့ သိရပါတယ်။

ချက်ဇ် ပြည်သူ့သမ္မတနိုင်ငံက ယူကရိန်းကို အမေရိကန် ဒေါ်လာ ၄၅ သန်း ဖိုး လက်နက်တွေ ထောက်ပံ့ခဲ့ပြီး တင့်ကားတွေ၊ ခြေလျင်တပ်သုံး ယာဉ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဥရောပ သမဂ္ဂက ယူကရိန်းကာကွယ်ရေးအတွက် ယူရိုငွေ သန်း ၄၅၀ သုံးစွဲ ကူညီမယ်လို့ ပြောထားပါတယ်။ ဥရောပ သမဂ္ဂ အဖို့ စစ်ပွဲဇုန်အတွက် လက်နက်တွေထောက်ပံ့တာဟာ သမိုင်းမှာ ဒါဟာ ပထမဆုံးပါလို့ သိရပါတယ်။

ဂျာမနီနိုင်ငံလည်း ယူကရိန်းကို ခြေလျင်တပ်သုံး ယာဉ်တွေ အရေအတွက် ဒါဇင်ပေါင်းများစွာ ပို့ပေးခြင်းအားဖြင့် နှစ်ပေါင်းများစွာ ရပ်တည်ကိုင်စွဲလာခဲ့တဲ့ စစ်ပွဲနေရာတွေကို လက်နက်တွေ မထောက်ပံ့ဘူးလို့ ဆိုတဲ့မူကို ပြောင်းလဲလိုက်ပါပြီ။

ထို့ပြင် နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ အက်စတိုးနီးယား၊ လက်ဗီးယား၊ စလိုဗက်ကီးယား စတဲ့နိုင်ငံတွေကလည်း ယူကရိန်းကို ခဲယမ်းမီးကျောက်တွေ၊ လောင်စာဆီတွေ၊ ရိက္ခာတွေ အပါအဝင် စစ်ဘက်ဆိုင်ရာ ပတ်သက်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးနေပါတယ်။

Zawgyi

ေနတိုးအဖြဲ႕ဆိုတာ ၁၉၄၉ ဧၿပီလ ၄ရက္ေန႔ ဝါရွင္တန္ ဒီစီ မွာ စတင္ဖြဲ႕စည္းခဲ့တဲ့ စစ္ေရး မဟာမိတ္ျဖစ္ပါတယ္။ ေနတိုး(Nato)ရဲ႕ အဓိပၸယ္ကေတာ့ ေျမာက္အတၱလန္တိတ္ စာခ်ဳပ္အဖြဲ႕ the (North Atlantic Treaty Organization) ျဖစ္ပါတယ္။

အဖြဲ႕ဝင္ႏိုင္ငံေတြျဖစ္တဲ့ ဘယ္လ္ဂ်ီယံ၊ ကေနဒါ၊ ဒိန္းမတ္၊ ျပင္သစ္၊ အိုက္စလန္၊ အီတလီ၊ လူဇင္ဘတ္၊ နယ္သာလန္၊ ေနာ္ေဝး၊ ေပၚတူဂီ၊ ယူႏိုက္တက္ကင္းဒမ္းႏွင့္ အေမရိကန္ စတဲ့ႏိုင္ငံ ၁၂ႏိုင္ငံက ဒုတိယကမာၻစစ္ၿပီးေခတ္ ဥေရာပမွာ ႐ုရွားက ခ်ဲ႕ထြင္လာမယ့္ ၿခိမ္းေျခာက္မႈကို တန္ျပန္ဖို႔အတြက္ဆိုတဲ့  ကနဦး ရည္႐ြယ္ခ်က္နဲ႔ ဖြဲ႕စည္းခဲ့ၾကပါတယ္။

ယခုအခါမွာေတာ့ ႏိုင္ငံေပါင္း ၃၀ရွိၿပီ ျဖစ္ပါတယ္။ ဆိုဗီယက္ ႐ုရွားကလည္း သူ႔ရဲ႕ အေရွ႕ဥေရာပ ကြန္ျမဴနစ္ႏိုင္ငံေတြ အၾကားမွာ ဝါေဆာစာခ်ဳပ္နဲ႔ သူတို႔ရဲ႕ စစ္ေရးမဟာမိတ္ အဖြဲ႕ဖြဲ႕ကာ တုံ႔ျပန္ပါတယ္။

၁၉၉၁ ခုႏွစ္က ဆိုဗီယက္ ျပည္ေထာင္စု ၿပိဳကြဲၿပီးတဲ့ေနာက္ ဝါေဆာ စာခ်ဳပ္အဖြဲ႕ဝင္ႏိုင္ငံ တခ်ိဳ႕က ဘက္ေျပာင္းၿပီး ေနတိုး အဖြဲ႕ကိုဝင္ၾကပါတယ္။ ဝါေဆာစာခ်ဳပ္အဖြဲ႕ ဆိုတာကေတာ့ အေရွ႕ဥေရာပႏွင့္ အလယ္ပိုင္း ဥေရာပမွ ႏိုင္ငံမ်ား ဖြဲ႕စည္းထားတဲ့ အဖြဲ႕ျဖစ္ပါတယ္။

ဝါေဆာစာခ်ဳပ္ အဖြဲ႕ဝင္ႏိုင္ငံေတြကေတာ့ အယ္လ္ေဘးနီးယား၊ ဘူလ္ေဂးရီးယား၊ ခ်က္ကိုစလိုဗက္ကီးယား၊ ဟန္ေဂရီ၊ ပိုလန္၊ ႐ိုေမးနီးယား၊ ဆိုဗီယက္ျပည္ေထာင္စုနဲ႔ အေရွ႕ဂ်ာမဏီတို႔ျဖစ္ပါတယ္။

ေနတိုးအဖြဲ႕အေၾကာင္း ျပန္ဆက္ရရင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြဟာ သူတို႔အဖြဲ႕ဝင္ႏိုင္ငံေတြထဲက ႏိုင္ငံတခုခု စစ္ေရးအရ တိုက္ခိုက္ခံရၿပီဆိုရင္ က်န္တဲ့အဖြဲ႕ဝင္ႏိုင္ငံေတြက ကူညီၾကမယ္လို႔ ကတိျပဳထားၾကပါတယ္။

ယခုျဖစ္ေနတဲ့ ႐ုရွား ယူကရိန္း စစ္ပြဲမွာ ယူကရိန္းဟာ အဖြဲ႕ဝင္ႏိုင္ငံမဟုတ္တဲ့အတြက္ တိုက္႐ိုက္ႀကီး ကူညီလို႔ မရပါဘူး။ ၂၀၀၈ခုႏွစ္မွာ ေနတိုးဟာ ယူကရိန္းကို ေနတိုးအဖြဲ႕ထဲဝင္ဖို႔ ကမ္းလွမ္းခဲ့ပါေသးတယ္။

ဒါေပမယ့္ တခ်ိဳ႕အေၾကာင္းေတြေၾကာင့္ ယူကရိန္းဟာ အဖြဲ႕ဝင္ႏိုင္ငံျဖစ္ေရး ဦးစားေပး မလုပ္ေဆာင္ခဲ့ပါဘူး။ ၂၀၁၄ခုႏွစ္မွာ ႐ုရွားက ခ႐ိုင္းမီးယား‌ေဒသကို ဝင္သိမ္းလိုက္တဲ့အခါက်မွ ယူကရိန္းဟာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေရး ဦးစားေပး ႀကိဳးစားပါေတာ့တယ္။

ဒါေပမယ့္ ႐ုရွားက ကန႔္ကြက္ထားတဲ့အတြက္ ျဖစ္မလာခဲ့ဘူး။ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြကလည္း ႐ုရွားရဲ႕ ကန႔္ကြက္မႈကို ဆန႔္က်င္ၿပီး ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံျဖစ္ဖို႔ အတင္းအက်ပ္ မႀကိဳးစားၾကပါဘူး။ ႐ုရွားနဲ႔ ထိပ္တိုက္ေတြ႕ၿပီး အေနာက္ကမာၻမွာ စစ္ပြဲေတြျဖစ္လာမွာ စိုးရိမ္ပုံရပါတယ္။

ဒါေၾကာင့္ ယခု ႐ုရွား ယူကရိန္း စစ္ပြဲမွာ အဖြဲ႕ဝင္ႏိုင္ငံမဟုတ္တဲ့ ယူကရိန္းကို တပ္ဖြဲ႕ေတြ ေစလြတ္ၿပီး ကူညီလို႔ မရပါဘူး။ ဒါေပမယ့္ ေငြေၾကး၊ လက္နက္၊ စားနပ္ရိကၡာႏွင့္ စစ္အသုံးအေဆာင္ ပစၥည္းေတြကိုေတာ့ ကူညီၾကပါတယ္။

ဘရပ္ဆဲလ္ၿမိဳ႕က ေနတိုးအစည္းအေဝး မတိုင္ခင္မွာ မစ္ဇိုင္း လက္နက္ ၆၀၀၀ နဲ႔ ယူကရိန္း စစ္တပ္က တပ္ဖြဲ႕ဝင္ေတြကို လစာေပးႏိုင္ဖို႔ စတာလင္ ေပါင္ ၂၅ သန္း ယူကရိန္းကို ေထာက္ပံ့မယ္လို႔ ၿဗိတိန္အစိုးရက ေျပာပါတယ္။

ၿဗိတိန္ဟာ  ယူကရိန္းကို ပုခုံးထမ္းပစ္ႏိုင္တဲ့ တင့္ကားပစ္ မစ္ဇိုင္းလက္နက္ အေရအတြက္ ၄၀၀၀ ေက်ာ္ ေပးထားၿပီး ေနာက္ထပ္ က်ည္ကာဝတ္စုံေတြ၊ ေခါင္းေဆာင္းေတြ၊  စစ္ဖိနပ္ေတြကိုလည္း ယူကရိန္းကို ထပ္မံေပးပို႔ထားပါတယ္။

အေမရိကန္က ကနဦးမွာ ေဒၚလာ သန္း ၂၀၀ ဖိုး လက္နက္ေတြ ကူညီခဲ့ၿပီး ေနာက္ပိုင္းမွာ ေဒၚလာ သန္း ၃၅၀ဖိုး လက္နက္ေတြ ပို႔ေပးခဲ့ပါတယ္လို႔ သိရပါတယ္။

အဲဒီထဲမွာ Javelin တင့္ကားဖ်က္ မစ္ဇိုင္းေတြ၊ Stinger ေလယာဥ္ပစ္ မစ္ဇိုင္းေတြ ပါဝင္ၿပီး ေနာက္ထပ္အေနနဲ႔ အေမရိကန္က ေဒၚလာ ၁ ဘီလ်ံဖိုး လက္နက္ေတြ ကူညီမယ္လို႔လည္း ေၾကညာထားပါတယ္။

အဲဒါေတြကေတာ့ Swithchblade တင့္ကားဖ်က္ ဒ႐ုမ္းေတြလိုမ်ိဳး အဆင့္ျမင့္ တာေဝးသုံး လက္နက္ေတြလည္း ပါဝင္ပါလိမ့္မယ္လို႔ သိရပါတယ္။

ခ်က္ဇ္ ျပည္သူ႔သမၼတႏိုင္ငံက ယူကရိန္းကို အေမရိကန္ ေဒၚလာ ၄၅ သန္း ဖိုး လက္နက္ေတြ ေထာက္ပံ့ခဲ့ၿပီး တင့္ကားေတြ၊ ေျခလ်င္တပ္သုံး ယာဥ္ေတြ ပါဝင္တယ္လို႔ ဆိုပါတယ္။

ဥေရာပ သမဂၢက ယူကရိန္းကာကြယ္ေရးအတြက္ ယူ႐ိုေငြ သန္း ၄၅၀ သုံးစြဲ ကူညီမယ္လို႔ ေျပာထားပါတယ္။ ဥေရာပ သမဂၢ အဖို႔ စစ္ပြဲဇုန္အတြက္ လက္နက္ေတြေထာက္ပံ့တာဟာ သမိုင္းမွာ ဒါဟာ ပထမဆုံးပါလို႔ သိရပါတယ္။

ဂ်ာမနီႏိုင္ငံလည္း ယူကရိန္းကို ေျခလ်င္တပ္သုံး ယာဥ္ေတြ အေရအတြက္ ဒါဇင္ေပါင္းမ်ားစြာ ပို႔ေပးျခင္းအားျဖင့္ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္ကိုင္စြဲလာခဲ့တဲ့ စစ္ပြဲေနရာေတြကို လက္နက္ေတြ မေထာက္ပံ့ဘူးလို႔ ဆိုတဲ့မူကို ေျပာင္းလဲလိုက္ပါၿပီ။

ထို႔ျပင္ နယ္သာလန္၊ ဘယ္လ္ဂ်ီယံ၊ ပိုလန္၊ အက္စတိုးနီးယား၊ လက္ဗီးယား၊ စလိုဗက္ကီးယား စတဲ့ႏိုင္ငံေတြကလည္း ယူကရိန္းကို ခဲယမ္းမီးေက်ာက္ေတြ၊ ေလာင္စာဆီေတြ၊ ရိကၡာေတြ အပါအဝင္ စစ္ဘက္ဆိုင္ရာ ပတ္သက္တဲ့ ပစၥည္းေတြကို ေထာက္ပံ့ေပးေနပါတယ္။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*