အစားအစာနှင့် လောင်စာဆီပြတ်လပ်မှုကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့ သီရိလင်္ကာ

ပြီးခဲ့တဲ့ သောကြာနေ့က မြို့တော်ကိုလံဘိုတွင် အတိုက်အခံ ဆန္ဒပြသူများသည် ငြိမ်းချမ်းစွာ လူစုခွဲခြင်းမပြုမီ နာရီအနည်းငယ်ကြာ လုံခြုံရေးတပ်ဖွဲ့များနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

သမ္မတအိမ်တော်အနီး ဆန္ဒပြမှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း စတင်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့၊ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ပြီး ဆန္ဒပြသူတွေကို ရိုက်နှက်ခဲ့လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဆိုပါတယ်။

အဲဒီနောက်မှာ ဆန္ဒပြသူတွေက ရဲတွေကို ကျောက်ခဲနဲ့ ပြန်ပစ်ခဲ့ပါတယ်။ အဓိကရုဏ်း ဖြစ်ပွားမှုမှာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၂ ဒါဇင်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ထိုနေ့မှာပဲ ဆန္ဒပြသူ ၅၃ ယောက် ဖမ်းဆီးခံခဲ့ရပြီး သတင်းဓာတ်ပုံရိုက်ကူးသူ ၅ ယောက်လည်း ရဲစခန်းမှာ ထိန်းသိမ်း၊ နှိပ်စက်ခံခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်ရှိခဲ့ပြီး တခြားမြို့တွေကိုပါ ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။ ကိုလမ်ဘိုမြို့က ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေက သမ္မတ ရာဂျာပါဆာ နုတ်ထွက်ပေးဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ဖော်ပြခဲ့ကြပါတယ်။

သောကြာနေ့က ၎င်း၏နေအိမ်အနီးတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ Gotabaya Rajapaksa မှ ၃၆ နာရီကြာ ညမထွက်ရအမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များထံမှ စာဖြင့်ခွင့်ပြုချက်မရပါက အများပြည်သူသွားလာနိုင်သည့်လမ်း၊ ပန်းခြံ၊ ရထားများပေါ် သို့မဟုတ် ပင်လယ်ကမ်းစပ်တွင် သွားလာခြင်းမပြုရန်

တားမြစ်ထားပြီး ဆိုရှယ်မီဒီယာသို့ ဝင်ရောက်ကြည့်ရှုခွင့်ကိုလည်း ယာယီပိတ်ပင်ထားသည်။

ညမထွက်ရအမိန့်သည် တနင်္လာနေ့ 06:00 (00:30 GMT) အထိ ဆက်လက်အသက်ဝင်မည်ဖြစ်သည်။

ကျွန်းနိုင်ငံသည် ၁၉၄၈ ခုနှစ် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၎င်း၏ အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

လောင်စာဆီ တင်သွင်းမှုအတွက် အသုံးပြုသည့် နိုင်ငံခြားငွေ နည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

နေ့တစ်ဝက် သို့မဟုတ် ထို့ထက်ကြာရှည်စွာ ဓာတ်အားပြတ်တောက်မှု၊ အစားအသောက်၊ ဆေးဝါးနှင့် လောင်စာဆီပြတ်လပ်မှုကြောင့် အများပြည်သူ ဒေါသထွက်မှု အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

ဒီဖြစ်ရပ်သည် တည်ငြိမ်မှုနှင့် ခိုင်မာသော လက်တစ်ခုအဖြစ် တိုင်းပြည်ကို အုပ်ချုပ်မယ်လို့ ကတိပြုကာ ၂၀၁၉ ခုနှစ်တွင် အများစုအနိုင်ရရှိပြီး အာဏာရခဲ့သော မစ္စတာရာဂျာပက်ဆာအတွက် ကြီးမားသော အပြောင်းအလဲတစ်ခုဖြစ်သည်။

တနင်္ဂနွေနေ့တွင် မြို့တော်ရှိ လွတ်လပ်ရေးရင်ပြင်သို့ ချီတက်ဆန္ဒပြရန် ရာနှင့်ချီသော လူအုပ်ကြီးကို ချေမှုန်းရေး ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသည့် စစ်သားများက ပိတ်ဆို့ခဲ့သည်။

“သမ္မတ Rajapaksa က ဒီရေဟာ သူ့ရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်မှုကို တိုက်စားနေပီဆိုတာ ကောင်းကောင်း သဘောပေါက်ပါတယ်” ဟု အတိုက်အခံ ပါလီမန်အမတ် Harsha de Silva က AFP သတင်းအေဂျင်စီသို့ ချီတက်ပွဲ၌ ပြောကြားခဲ့သည်။ နောက်ထပ် အတိုက်အခံ ပါလီမန်အမတ် Eran Wickramaratne က “စစ်တပ်က သိမ်းယူတာကို ခွင့်မပြုနိုင်ဘူး။ ငါတို့က ဒီမိုကရေစီ ဖြစ်နေတာကို သူတို့ သိသင့်တယ်” ဟု ပြောသည်။

အလယ်ပိုင်းပြည်နယ်က လူပေါင်း ၁၂၅,၀၀၀ ရှိတဲ့ ကန်ဒီမှာ ပါရာဒီနီယာ တက္ကသိုလ်အနီးမှာ ဆန္ဒပြကျောင်းသား ရာနဲ့ချီကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

Zawgyi

ၿပီးခဲ့တဲ့ ေသာၾကာေန႔က ၿမိဳ႕ေတာ္ကိုလံဘိုတြင္ အတိုက္အခံ ဆႏၵျပသူမ်ားသည္ ၿငိမ္းခ်မ္းစြာ လူစုခြဲျခင္းမျပဳမီ နာရီအနည္းငယ္ၾကာ လုံၿခဳံေရးတပ္ဖြဲ႕မ်ားႏွင့္ ရင္ဆိုင္ခဲ့ရပါတယ္။

သမၼတအိမ္ေတာ္အနီး ဆႏၵျပမႈေတြဟာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း စတင္ခဲ့ေပမဲ့ ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဓာတ္ေငြ႕၊ မီးသတ္ပိုက္ေတြ အသုံးျပဳခဲ့ၿပီး ဆႏၵျပသူေတြကို ႐ိုက္ႏွက္ခဲ့လို႔ ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့တာလို႔ ဆႏၵျပပြဲမွာ ပါဝင္သူေတြက ဆိုပါတယ္။

အဲဒီေနာက္မွာ ဆႏၵျပသူေတြက ရဲေတြကို ေက်ာက္ခဲနဲ႔ ျပန္ပစ္ခဲ့ပါတယ္။ အဓိက႐ုဏ္း ျဖစ္ပြားမႈမွာ အနည္းဆုံး ရဲတပ္ဖြဲ႕ဝင္ ၂ ဒါဇင္ေလာက္ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။

ထိုေန႔မွာပဲ ဆႏၵျပသူ ၅၃ ေယာက္ ဖမ္းဆီးခံခဲ့ရၿပီး သတင္းဓာတ္ပုံ႐ိုက္ကူးသူ ၅ ေယာက္လည္း ရဲစခန္းမွာ ထိန္းသိမ္း၊ ႏွိပ္စက္ခံခဲ့ရတယ္လို႔ ေဒသခံမီဒီယာေတြက ေဖာ္ျပပါတယ္။

ဆႏၵျပပြဲေတြကို ၿဖိဳခြင္းခဲ့ေပမဲ့ ဆႏၵျပမႈေတြ ဆက္ရွိခဲ့ၿပီး တျခားၿမိဳ႕ေတြကိုပါ ကူးစက္ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ကိုလမ္ဘိုၿမိဳ႕က ဆႏၵျပပြဲေတြမွာ ဆႏၵျပသူေတြက သမၼတ ရာဂ်ာပါဆာ ႏုတ္ထြက္ေပးဆိုတဲ့ စာတမ္းေတြ ကိုင္ေဆာင္ေဖာ္ျပခဲ့ၾကပါတယ္။

ေသာၾကာေန႔က ၎၏ေနအိမ္အနီးတြင္ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ၿပီးေနာက္ သမၼတ Gotabaya Rajapaksa မွ ၃၆ နာရီၾကာ ညမထြက္ရအမိန႔္ကို ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

အာဏာပိုင္မ်ားထံမွ စာျဖင့္ခြင့္ျပဳခ်က္မရပါက အမ်ားျပည္သူသြားလာႏိုင္သည့္လမ္း၊ ပန္းၿခံ၊ ရထားမ်ားေပၚ သို႔မဟုတ္ ပင္လယ္ကမ္းစပ္တြင္ သြားလာျခင္းမျပဳရန္တားျမစ္ထားၿပီး ဆိုရွယ္မီဒီယာသို႔ ဝင္ေရာက္ၾကည့္ရႈခြင့္ကိုလည္း ယာယီပိတ္ပင္ထားသည္။

ညမထြက္ရအမိန႔္သည္ တနလၤာေန႔ 06:00 (00:30 GMT) အထိ ဆက္လက္အသက္ဝင္မည္ျဖစ္သည္။
ကြၽန္းႏိုင္ငံသည္ ၁၉၄၈ ခုႏွစ္ ၿဗိတိန္ထံမွ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ၎၏ အဆိုး႐ြားဆုံး စီးပြားေရး အက်ပ္အတည္းႏွင့္ ရင္ဆိုင္ေနရသည္။

ေလာင္စာဆီ တင္သြင္းမႈအတြက္ အသုံးျပဳသည့္ ႏိုင္ငံျခားေငြ နည္းပါးျခင္းေၾကာင့္ ျဖစ္ေပၚလာျခင္းျဖစ္သည္။

ေန႔တစ္ဝက္ သို႔မဟုတ္ ထို႔ထက္ၾကာရွည္စြာ ဓာတ္အားျပတ္ေတာက္မႈ၊ အစားအေသာက္၊ ေဆးဝါးႏွင့္ ေလာင္စာဆီျပတ္လပ္မႈေၾကာင့္ အမ်ားျပည္သူ ေဒါသထြက္မႈ အျမင့္ဆုံးသို႔ ေရာက္ရွိခဲ့သည္။

ဒီျဖစ္ရပ္သည္ တည္ၿငိမ္မႈႏွင့္ ခိုင္မာေသာ လက္တစ္ခုအျဖစ္ တိုင္းျပည္ကို အုပ္ခ်ဳပ္မယ္လို႔ ကတိျပဳကာ ၂၀၁၉ ခုႏွစ္တြင္ အမ်ားစုအႏိုင္ရရွိၿပီး အာဏာရခဲ့ေသာ မစၥတာရာဂ်ာပက္ဆာအတြက္ ႀကီးမားေသာ အေျပာင္းအလဲတစ္ခုျဖစ္သည္။

တနဂၤေႏြေန႔တြင္ ၿမိဳ႕ေတာ္ရွိ လြတ္လပ္ေရးရင္ျပင္သို႔ ခ်ီတက္ဆႏၵျပရန္ ရာႏွင့္ခ်ီေသာ လူအုပ္ႀကီးကို ေခ်မႈန္းေရး ႐ိုင္ဖယ္ေသနတ္မ်ား ကိုင္ေဆာင္ထားသည့္ စစ္သားမ်ားက ပိတ္ဆို႔ခဲ့သည္။

“သမၼတ Rajapaksa က ဒီေရဟာ သူ႔ရဲ႕ သက္ဦးဆံပိုင္ အုပ္ခ်ဳပ္မႈကို တိုက္စားေနပီဆိုတာ ေကာင္းေကာင္း သေဘာေပါက္ပါတယ္” ဟု အတိုက္အခံ ပါလီမန္အမတ္ Harsha de Silva က AFP သတင္းေအဂ်င္စီသို႔ ခ်ီတက္ပြဲ၌ ေျပာၾကားခဲ့သည္။ ေနာက္ထပ္ အတိုက္အခံ ပါလီမန္အမတ္ Eran Wickramaratne က “စစ္တပ္က သိမ္းယူတာကို ခြင့္မျပဳႏိုင္ဘူး။ ငါတို႔က ဒီမိုကေရစီ ျဖစ္ေနတာကို သူတို႔ သိသင့္တယ္” ဟု ေျပာသည္။

အလယ္ပိုင္းျပည္နယ္က လူေပါင္း ၁၂၅,၀၀၀ ရွိတဲ့ ကန္ဒီမွာ ပါရာဒီနီယာ တကၠသိုလ္အနီးမွာ ဆႏၵျပေက်ာင္းသား ရာနဲ႔ခ်ီကို ရဲေတြက မ်က္ရည္ယိုဗုံးေတြနဲ႔ ပစ္ခတ္ခဲ့ပါတယ္။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*