ပူပြင်းသောရာသီဥတုကို အံတုပြီး ဘေးကင်းစွာနေထိုင်ဖို့အကြံပြုချက်များ
(Unicode)
လူတစ်ယောက်ဟာ ကျန်းမားပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ဆိုရင် ရာသီဥတုနဲ့ ကိုက်ညီစွာ အစားအသောက်များကို နေထိုင်စားသောက်တတ်ဖို့ လိုအပ်ပါတယ်။ အခုလို ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီမှာ ဘေးကင်းစွာ ဘယ်လို နေထိုင်စားသောက်မလည်းဆိုတာ အောင်မှာ ဖော်ပြပေးလိုက်ပါတယ်။
1. ရေဓာတ်ပြည့်ဝနေဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် အရည်များများသောက်ပါ။ မနက်စောစောကို ရေ ၁၆အောင်စ သောက်ပြီး ၁၅ မိနစ် မိနစ်နှစ်ဆယ်လောက်ခြားခြားပြီး ၅-၇ အောင်စလောက်သောက်သုံးပေးပါ။
Hot Weather Refreshment Sun Summer Sunshine
2. ရေဓာတ်ခမ်းခြောက်စေနိုင်တဲ့ အရည်တွေကို တတ်နိုင်သမျှရှောင်ပါ။ အရက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကဖင်းဓာတ်ပါတဲ့ အချိုရည်တွေကအကူအညီမဖြစ်စေနိုင်ပဲ ရေဓာတ်ခမ်းခြောက်စေနိုင်ပါတယ်။
3. အပူဒဏ်ကာကွယ်နိုင်တဲ့အဝတ်အစားများ ဝတ်ဆင်ပါ။ ပေါ့ပေါ့ပါးပါး၊ အရောင်ဖျော့ပြီး ချောင်ချိတဲ့အဝတ်အစားတွေက အပူဒဏ်ကို ကာကွယ်ပေးပါတယ်။
4. အလုပ်လုပ်နိုင်မယ့် နှုန်းကိုချိန်ပါ။ အရမ်းပင်ပန်းပြီး ချွေးထွက်များမယ့်အလုပ်တွေကို ကိုယ်လုပ်ဆောင်နိုင်မယ့်အတိုင်းအတာနဲ့ချင့်ချိန်လုပ်ပါ။
5. အလုပ်မှာ ခေတ္တခနနားနေချိန်လေးများဖန်တီးပါ။ အရိပ်ထဲ သို့ လေအေးပေးစက်ရှိတဲ့အခန်းထဲရေသောက်ဖို့အချိန်လေးတွေဖန်တီးယူပါ။
Sunflower field
6. စိုစွတ်သော အဝတ်စ (သို့ )wet tissue ကို သုံးပြီး သင့်မျက်နှာကို သုတ်ပါ (သို့) သင့်လည်ပင်းတစ်ဝိုက်မှာထားပေးပါ။
 7. နေလောင်ခြင်းကို ရှောင်ကြဉ်နိုင်ဖို့ နေရောင်ကာခရင်မ်ကို သုံးပါ။ အပြင်ထွက်ရင် ထီး သို့ ဦးထုပ်ဆောင်းပါ။
 8. အပူနှင့်ဆက်စပ်သောရောဂါလက္ခဏာများကိုသတိထားပါ။ ဖြစ်နိုင်ချေများတဲ့ အပူဒဏ်အောက်အချိန်များများပေးရတဲ့ အလုပ်သမားတွေကို သတိပြုပေးပါ။
 9. နေရောင် တိုက်ရိုက်ထိတွေ့မှုရှောင်ပါ။  
 10. အစားနည်းနည်းစားပါ။ အမျှင်ဓာတ်များသော အသီးအနှံများကို စားသုံးပါ။ ပရိုတင်းဓာတ်များသော အစားအစာများကို ရှောင်ပါ။
(Zawgyi)
Facebook Comments Box
Be the first to comment
Leave a Reply
Your email address will not be published.
*