
ရှောင်ရခက်တဲ့အတွေ့
အင်းလျားကန်ရေပြင်ကို ကျောခိုင်းကာ ဆောက်လုပ်ထားသည့် သီရိမြိုင်ဂေဟာနှင့် တော်ဝင်နန်းဂေဟာ တိုက်နှစ်လုံးမှာ အထက်တန်းလွှာဟု ခေါ်ဆိုအပ်သည့် ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသူများ နေထိုင်ရာ စံအိမ်ဂေဟာများပေမို့ ခေတ်မီလှပကာ နေချင့်စဖွယ် သာယာလှပပါပေသည်။ သီရိမြိုင်ဂေဟာတွင် အတွင်းဝန် လူပျိုကြီး ဦးမင်းသူနှင့် တူဖြစ်သူ ကျောင်းသား မောင်တိုးတို့ နှစ်ဦးသာ နေထိုင်လျှက်ရှိပြီး အိမ်တွင် အိမ်ဖော်အဖြစ် အသက်သုံးဆယ်ကျော်ကျော်ရှိ ကရင်အမျိုးသမီး နော်အဲမူနှင့် မာလီအလုပ်နှင့် ခြံစောင့်အဖြစ်ကိုမူ မန်ဒရာဇီလူမျိုး ရာမူးကို ခိုင်းစေထား၏။ တော်ဝင်နန်းဂေဟာတွင် အငြိမ်းစားအရာရှိ ဦးသန်းတင့်နှင့် ဇနီး ဒေါ်မေခင်ဝင်း၊ သမီးဖြစ်သူ မြီးကောင်ပေါက်အရွယ် အိမ့်ချောနှင့် ဦးသန်းတင့်၏နှမ အပျိုကြီး ခင်တင့်တို့ နေထိုင်လျှက်ရှိသည်။ အထက်တန်းလွှာ […]