အစားအစာနှင့် လောင်စာဆီပြတ်လပ်မှုကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့ သီရိလင်္ကာ
ပြီးခဲ့တဲ့ သောကြာနေ့က မြို့တော်ကိုလံဘိုတွင် အတိုက်အခံ ဆန္ဒပြသူများသည် ငြိမ်းချမ်းစွာ လူစုခွဲခြင်းမပြုမီ နာရီအနည်းငယ်ကြာ လုံခြုံရေးတပ်ဖွဲ့များနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ သမ္မတအိမ်တော်အနီး ဆန္ဒပြမှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း စတင်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့၊ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ပြီး ဆန္ဒပြသူတွေကို ရိုက်နှက်ခဲ့လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဆိုပါတယ်။ […]